ဒုတိယံပိ မိုးအဆက်​မပြတ်​ရွာသန်းမှု​ကြောင့်​ မင်းပြား၌ ​တ​ကျော့ပြန်​ရေလွှမ်းမိုး

ဒုတိယံပိ မိုးအဆက်​မပြတ်​ရွာသန်းမှု​ကြောင့်​ မင်းပြား၌ ​တ​ကျော့ပြန်​ရေလွှမ်းမိုး


(ဂျူလိုင်​ ၂၇ ၊ မင်းပြား)

ဂျူလိုင်​လ ​နောက်​ဆုံး​နေ့ ရက်​များအတွင်း မိုးအဆက်​မပြတ်​သည်းထန်​စွာ ရွာသန်းမှု​ကြောင့်​ မင်းပြားအပါအဝင်​ ရခိုင်​ပြည်​နယ်​​မြောက်​ပိုင်း မြို့ နယ်​အချို့ ၌ တ​ကျော့ပြန်​​ရေလွှမ်းမိုးလျက်​ရှိ​ကြောင်း သိရသည်​။

မိုးရွာသန်းမှုသည်​ ဂျူလိုင်​လ ၂၀ ရက်​ခန့် ​လောက်​က စတင်​၍ အဆက်​မပြတ်​သည်းထန်​စွာ ရွာသန်းခဲ့မှု​ကြောင့်​ ရခိုင်​ပြည်​နယ်​​မြောက်​ပိုင်းရှိ ​လေးမြို့  မြစ်​​ရေကြီးမှု ဖြစ်​ပွား​နေပြီး မြစ်​ကမ်းပါး ရှိ ​မြေနိမ့်​​ဒေသအချို့  ၌ ​ရေလွှမ်းမိုးရခြင်းဖြစ်​​ကြောင်း သိရသည်​။

ပြီးခဲ့သည့်​ ဇွန်​လ ​နောက်​ဆုံးပတ်​​နေ့ ရက်​များကလည်း မိုးအဆက်​မပြတ်​သည်းထန်​စွာ ရွာသန်းခဲ့မှု​ကြောင့်​  ရခိုင်​ပြည်​နယ်​အနှံ့ အပြား၌  ​ရေကြီးမှုများဖြစ်​​ပေါ်ခဲ့ပြီး လူ​သေဆုံးမှုများနှင့်​ မြန်​မာကျပ်​​ငွေ ဘီလီယံ​ပေါင်းများစွာ ပျက်​စီးဆုံးရှုံးမှုများရှိခဲ့​ကြောင်း သိရသည်​။

မင်းမြတ်​ခိုင်
(​လေးမြို့  သတင်းမီဒီယာ)


ယခင်တိုင်းမှူးဟောင်းကိုကိုနိုင် ကြံ့ခိုင်ရေးပါတီ ရခိုင်စည်းရုံးရေးတွင် ပြန်ပေါ်လာ

ယခင်တိုင်းမှူးဟောင်းကိုကိုနိုင် ကြံ့ခိုင်ရေးပါတီ ရခိုင်စည်းရုံးရေးတွင် ပြန်ပေါ်လာ

From-Arakan State

ယခင် ရခိုင်ပြည်နယ်တွင် အနောက်ပိုင်း တိုင်းမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် တိုင်းမှူးဟောင်း ဦးကိုကိုနိုင်သည် လူမြင်ကွင်းမှ ပျောက်ကွယ်နေပြီးနောက် ယခုတဖန် ကြံ့ခိုင်ရေးပါတီ၏ ရခိုင်ပြည်နယ် စည်းရုံးရေး ခရီးစဉ်တွင် ပြန်လည် ပေါ်လာသည်။

ဦးကိုကိုနိုင်သည် အနောက်ပိုင်းတိုင်း တိုင်းမှူးမှ အရှေ့မြောက်တိုင်း တိုင်းမှူး အဖြစ် ပြောင်းရွှေ့ ခံရပြီးနောက် ကိုးကန့် အရေးအခင်းကြောင့် အရှေ့မြောက်တိုင်း တိုင်းမှူးဘ၀မှ အနားပေးခံရပြီး သံအမတ်အဖြစ် ပြောင်းလဲ တာဝန် ထမ်းဆောင်တော့မည်ဟု သတင်းထွက်ပေါ်ခဲ့သူ ဖြစ်သည်။

ဇူလှိုင်လ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့က ပြုလုပ်သော ကြံ့ခိုင်ရေးပါတီ၏ ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ် ခရီးစဉ်တွင် ပါတီဗဟိုအတွင်းရေးမှူး၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဆွေနှင့် အတူ ဦးကိုကိုနိုင် ပြန်လည် ပေါ်ထွက်လာခြင်း ဖြစ်သည်။

ကြံ့ခိုင်ရေး ထိပ်ပိုင်းဆောင်များသည် မောင်တောမြို့ရှိ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် တွေ့ဆုံပွဲတစ်ခုကို ဇူလိုင်လ ၁၈ ရက်နေ့ နံနက်က ပြုလုပ်ခဲ့ရာ အနောက်ပိုင်း တိုင်းမှူး တာဝန်ထမ်းဆောင်ခဲ့သူ ဦးကိုကိုနိုင်က “ယခင်က မိမိတို့ ပါတီအနေနဲ့ ပြည်သူတွေနဲ့ ထိတွေ့မှုနည်းခဲ့တယ်။ ၂၀၁၀ ခုနှစ်က လွယ်လွယ်ကူကူ နိုင်ခဲ့ပေမယ့် ယခု အခြေအနေမှာ ပြိုင်ဘက်ပါတီတွေ ရှိနေတယ်။ ပြည်သူတွေနဲ့ ထိတွေ့မှုတွေ လုပ်ပေးဖို့ လိုအပ်တယ်”ဟု ပြောဆိုသွားသည်။

ယခင် တိုင်းမှူး ဟောင်း ဦးကိုကိုနိုင် အနေဖြင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ်မြေ တစ်ခုခုမှ ကြံ့ခိုင်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်ပွဲ ၀င် / မ၀င်ကိုမူ သဲကွဲစွာ မသိရှိရသေးကြောင်း ပါတီဝင် တစ်ဦးက ပြောသည်။

 www.laymro.com 


အငြိမ်းစားယူမည့်သတင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ငြင်းဆို

အငြိမ်းစားယူမည့်သတင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ငြင်းဆို

သမ္မတတာဝန် ထမ်းဆောင်ဖို့ တပ်မတော်က အငြိမ်းစားယူမယ်ဆိုတဲ့ သတင်းတွေ မဟုတ်မှန်ကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ဖော်ပြောကြား လိုက်ပါတယ်။

ဘီဘီစီ သတင်းဌာနနဲ့ နေပြည်တော်မှာ သီးသန့်တွေ့ဆုံ မေးမြန်းရာမှာ ပြောကြားခဲ့တာဖြစ်ပြီး သမ္မတတာဝန်ထမ်းဆောင်ဖို့ ပြည်သူက တောင်းဆိုမှုရှိလာတဲ့ အခြေအနေကျရင် ပြောသွားမယ်လို့ လည်း တပ်မတော်အကြီးအကဲက ဖြေကြားသွားပါတယ်။

“ဒီနှစ် အငြိမ်းစားယူမယ်ဆိုတာတော့ မဟုတ်ဘူး။ ၂၀၁၆ ခုနှစ်မှ ကျနော် အသက် ၆၀ ပြည့်မှာဖြစ်ပါတယ်” လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

လက်ရှိ ကာကွယ်ရေးဦးစီးချုပ်ဟာ ၂၀၁၅ ရွေးကောက်ပွဲအလွန်မှာ သမ္မတ ဖြစ်နိုင်တယ်လို့ မြန်မာ့နိုင်ငံရေး စောင့်ကြည့်အကဲခတ်တွေက ခန့်မှန်းထားသူတွေထဲမှာ တဦးအပါအ၀င်ဖြစ်ပြီး ရွေးကောက်ပွဲမတိုင်ခင် အငြိမ်းစားယူကာ ကာကွယ်ရေးဦးစီးချုပ်သစ် ခန့်အပ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ ခုလို ပြောကြားလိုက်တာပါ။

လာမယ့် မတ်လမှာ ပြည်ထောင်စုလွှတ်တော်က သမ္မတအဖြစ် အဆိုပြုမယ်ဆိုရင် ဘယ်လိုဆန္ဒရှိပါသလဲဆိုတဲ့ မေးမြန်းချက်ကိုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “သူတို့အဆိုပြုနိုင်တဲ့ အခြေအနေမျိုးရှိဖို့က နံပါတ်တစ်အချက် အရေးကြီးပါတယ်။ အဲဒီတော့ ခင်ဗျားက ထင်ခဲ့ရင်လို့ မေးတာပေါ့။ ပြည်ထောင်စုလွှတ်တော်က နေပြီးတော့ ဆန္ဒပြုပေးခဲ့ရင် ဆိုပြီးတော့။ ပေးမယ်၊ မပေးဘူး ဆိုတာတော့ အဲဒီအချိန်ကျမှပဲ သိနိုင်မယ်။ အဲဒီကျမှ ကျနော် ပြောလို့ရပါမယ်။ အခုတော့ ဒါတွေက စိတ်ကူးယဉ်ပြီးတော့ လျှောက်ပြောလို့လည်းမဖြစ်ဘူး။” လို့ ဖြေကြားသွားပါတယ်။

ဒါ့အပြင် ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးလည်း ရွေးကောက်ပွဲ ကော်မရှင်ကနေ  ရွေးကောက်ပွဲလဒ်ကို ကြေညာလိုက်ပြီဆိုရင် လက်ခံရမှာဖြစ်တဲ့ အကြောင်းနဲ့ ဘယ်သူ အနိုင်ရရ တရားနည်းလမ်းကျကျနဲ့ ရလာတဲ့ ရလဒ်မှန်သမျှ လက်ခံသွားမယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကတိပေး ပြောကြားသွားပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ပေးမယ်? မပေးဘူး ဆိုတာကိုတော့ တပ်မတော် အကြီးအကဲက ပြောမသွားသလို သမ္မတ အပါအ၀င် လက်ရှိ တိုင်းပြည်မှာ ထိပ်ပိုင်း တာဝန်ယူထားတဲ့ ဘယ်ခေါင်းဆောင်ကမှလည်း  ကတိပေး ပြောကြားထားတာ မရှိသေးပါဘူး။

၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတုန်းကတော့ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော် အသိအမှတ်ပြုခဲ့ခြင်း မရှိဘဲ နှစ်ပေါင်း ၂၀ ကြာ စစ်တပ်က အာဏာသိမ်းထားတဲ့ သမိုင်းအမည်းစက် ရှိခဲ့ဖူးပါတယ်။

From-DVB
www.laymro.com 


ရခိုင်မျိုးချစ်ပါတီ စစ်တွေတွင်ရုံးဖွင့်ပွဲ ပြုလုပ်

ရခိုင်မျိုးချစ်ပါတီ စစ်တွေတွင်ရုံးဖွင့်ပွဲ ပြုလုပ်

ရခိုင်မျိုးချစ်ပါတီ ( Arakan Patriotic Party) ၏ ပါတီရုံးဖွဲ့ပွဲနှင့် ပါတီအောင်လံ လွှင့်ထူပွဲ အခမ်းအနားကို စစ်တွေမြို့တွင် ဇူလှိုင်လ ၁၉ ရက်နေ့က ပြုလုပ်ခဲ့သည်။

ပါတီရုံးစိုက်ရာ အမှတ် ၇၄ ဦးဥတ္တမလမ်း၊ ကျောင်းတက်လမ်းရပ်ကွက် စစ်တွေမြို့တွင် ပြုလုပ်ခဲ့ပြီး ပါတီ ပထမခေါင်းဆောင် ဦးမောင်မောင်စောက ယခုလို မိန်းခွန်း ပြောကြားသည်။

“ကျွန်တော်တို့ပါတီရဲ့ မူဝါဒအတွက် ဂျပန်နဲ့ တရုတ်တို့ရဲ့ model တွေကိုလေ့လာကြည့်တော့ဂျပန်နိုင်ငံဟာ ပြာပုံဘ၀ကနေတည်ဆောက်ခဲ့တော့ ကျွန်တော်တို့လည်း ချွတ်ခြုံကျနေတာက တည်ဆောက်ရမယ် ဆိုတော့ ဆင်တူပါတယ်။ ဂျပန်နိုင်ငံဟာ ပညာရေးကို အခြေခံပြီး တည်ဆောက်ခဲ့ပါတယ်။ မျိုးဆက်သစ်လူငယ်တွေကို နိုင်ငံခြားသို့ ပညာ သင်လွှတ်ရေးက ကျွန်တော်တို့ပါတီရဲ့ အဓိက ဦးစားပေးမူဝါဒဖြစ်ပါတယ်”ဟု ဦးမောင်မောင်စောက ပြောသည်။

လွှတ်တော်၌ လမ်း၊ တံတား၊ ကျောင်း ဆောက်လုပ်ပေးရန် တောင်းဆိုခြင်း များသည် နိုင်ငံရေးမဟုတ်ကြောင်း၊ သူတို့ပါတီက နိုင်ငံရေးကိုသာ လုပ်သွားမည်ဟု ပြောကြားသည်။

နိုင်ငံတစ်ခု၊ ဒေသတစ်ခု တိုးတက်ရန် အတွက် အခြေခံအဆောက်အဦဖြစ်သည့် လမ်း၊ တံတား၊ ရေ၊ မီး ရရှိ ကောင်းမွန်ရေးသည် အဓိကကျသဖြင့် ယင်းအလုပ်ကို နိုင်ငံရေးမဟုတ်ဟု ဆိုလျှင် မည်သည့် အလုပ်ကို နိုင်ငံရေးဟု အဓိပ္ပါယ်ဖွင့်ပါသလဲဟု နိရဉ္စရာသတင်းဌာနက မေးမြန်းရာ ဦးမောင်မောင်စောက ယခုလို ဖြေကြားသည်။

“နိုင်ငံရေးဆိုတာ တိုင်းပြည်တည်ဆောက်ရေးအတွက် မူဝါဒ လမ်းစဉ် စီမံကိန်းတွေ ချမှတ် လုပ်ဆောင် တာတွေကို ဆိုလိုခြင်းဖြစ်ပါတယ်။ မိမိတို့ ဆိုလိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုတဲ့ နိုင်ငံရေးဆိုတာကတော့ တိုင်းပြည်နဲ့ လူမျိုးအတွက် စီမံကိန်းတွေ ချမှတ်ပြီးတော့ လုပ်ဆောင်တဲ့ အလုပ်တွေကို နိုင်ငံရေးလို့ အဓိပ္ပာယ် ဖွင့်ဆိုပါတယ်”ဟု ပြောသည်။

မိမိတို့ပါတီသည် ရခိုင်အမျိုးသားပါတီနှင့်သာမက ရခိုင်ပြည်တွင်ရှိနေသည့် ရခိုင်ပြည်အကျိုးကို လိုလားပြီး ထူထောင်ထားသည့် မည်သည့် ပါတီကိုပင်မဆို မဟာမိတ်အဖြစ် လက်တွဲဖို့ အဆင်သင့်ပါဟု သူကပြောသည်။

ရခိုင်မျိုးချစ်ပါတီအနေဖြင့် အမတ်ဖြစ်လျှင် ၁၀ သိန်းရရေး၊ ကန်ထရိုက်ရရေးတို့ဘက်ကို ဦးတည် လုပ်ဆောင်လာပါက မညှာမတာဘဲ ဝေဖန်ထောက်ပြသွားမည်ဖြစ်ကြောင်း ဦးအေးကျော်က ပြောဆိုသည်။

“ရခိုင်မျိုးချစ်ပါတီလို့ ပေါ်ပေါက်လာပြီးရခိုင်အတွက် လုပ်မယ်ဆိုရင်တော့ ကြိုဆိုပါတယ်။ ပါတီစည်းလုံး ညီညွတ်ရေးကို တည်ဆောက်ဖို့လိုပါတယ်။ ပါတီနိုင်ငံရေးလုပ်တယ်ဆိုတာ ကိုယ်ကျိုးစွန့်လွှတ်ဖို့ လိုအပ်တယ်”ဟု စာရေးဆရာ စစ်တွေ သိန်းနောင်က ထောက်ပြ ပြောဆိုသည်။

ယင်းဖွင့်ပွဲအခမ်းအနားသို့ နယ်ပယ် အသီးသီးမှ လူပေါင်း ၈၀ ကျော်တက်ရောက်ခဲ့သည်။

From-Narinjara
www.laymro.com 


မောင်တောနယ်စပ်၌ ဗုံးခွဲတိုက်ခိုက်မည့်ဆို၍ ရဲတပ်ရင်း ၄ ရင်း ဖြန့်ချထား

မောင်တောနယ်စပ်၌ ဗုံးခွဲတိုက်ခိုက်မည့်ဆို၍ ရဲတပ်ရင်း ၄ ရင်း ဖြန့်ချထား

ရခိုင်ပြည်နယ် မောင်တောမြို့တွင် RSO အဖွဲ့က ဌာနဆိုင်ရာများရုံးများကို ဗုံးခွဲတိုက်ခိုက်မည့် သတင်းများ ထွက်ပေါ်နေသည့်အတွက် မြန်မာ-ဘင်္ဂလားဒေရှ့် နယ်စပ်တလျောက်ရှိ နယ်ခြားမျဉ်းများတွင် နယ်ခြားစောင့် ရဲတပ်ရင်း ၄ ရင်းကို တပ်ဖြန့်ထားပြီး၊ ဌာနဆိုင်ရာ ၀န်ထမ်းများကို လုံခြုံရေး သတိရှိရန် သတိပေးထားကြောင်း  မြို့နယ်အတွင်းရှိ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ဘိုဘိုဦးက ဧရာဝတီကို ပြောသည်။

“သူတို့ကတော့ သတင်းမျိုးစုံ လွှင့်နေတယ်။ ဒို့အထဲကို ဖောက်ခွဲမယ်။ ဘာလုပ်မယ်၊ ညာလုပ်မယ် ဆိုပြီးတော့ သတင်းတွေ လွင့်နေသော်လည်း ယနေ့အချိန်ထိ မအောင်မြင်ဘူး။ ဒို့ဘက်ကပဲ လက်ဦးမှုရယူတယ်။ ခြေကျင်နဲ့ ဒို့ဘက်ကို ၀င်မလား။ လှေနဲ့ ၀င်မလား အကုန်လုံးတော့ မိတာများပါတယ်။ ဒီဖောက်ခွဲမယ်ဆိုတဲ့ သတင်းတွေ က ရှိနေတာပဲ။ ဒါပေမယ့် စိုးရိမ်စရာ မရှိပါဘူး။ လုံခြုံရေးအင်အားတွေ တပ်ဖြန့်ထားတဲ့ ပုံစံနဲ့ဆိုရင်ပေါ့ ” ဟုဆို သည်။ြ မန်မာ-ဘင်္ဂလားဒေရှ့် နယ်စပ်တလျောက်ရှိ နယ်စပ်မျဉ်းတွင် အင်အား ၆၀၀ပါ တပ်ရင်း ၄ ရင်းဖြန့်ချထား ကြောင်းသိရသည်။

From-ဧရာဝတီ
www.laymro.com 


ကျွဲနွား ၁၈ ကောင်နှင့်အတူ နွားခိုးဂိုဏ်း တစ်ခုကို မြန်မာ့ ရေတပ် ဖမ်းဆီး

ကျွဲနွား ၁၈ ကောင်နှင့်အတူ နွားခိုးဂိုဏ်း တစ်ခုကို မြန်မာ့ ရေတပ် ဖမ်းဆီး

မြန်မာ့ရေတပ်မှ ဘင်္ဂလီ လူမျိုး ခြောက်ဦးပါဝင်သော နွားခိုးဂိုဏ်းတစ်ခုကို ခိုးကျွဲနွား ၁၈ ကောင်နှင့် အတူ ဖမ်းဆီးရမိသည်ဟု စစ်တွေမြို့မ ရဲစခန်းမှ ဒုရဲအုပ် အေးခင်မောင်က ပြောသည်။

ကျွဲ ၁၂ ကောင်၊ နွား ၆ ကောင်တင်ဆောင်ပြီး တစ်ဘက်နိုင်ငံသို့ ထွက်ခွာစဉ် ယင်းစက်လှေသည် ရသေ့တောင်မြို့နယ် ဆားပြင်ကြီးရွာ အနီး မယူမြစ်ကမ်းဘေးတွင် သောင်တင်နေကြောင်း၊ ရေချမ်းပြင် အခြေစိုက် ရေတပ်သင်္ဘောက သတင်းအရ လိုက်ပါသွားခဲ့ရာ ဘင်္ဂလီ ၆ ဦးနှင့် အတူ ဖမ်းဆီးနိုင်ခဲ့ကြောင်း သူက ပြောဆိုသည်။

ဖမ်းဆီးရမိသူ နွားခိုးဂိုဏ်းဝင် ဘင်္ဂလီများမှာ ကြိမ်နီပြင်နှင့် အနောက်ရဲ ဒုက္ခသည်စခန်းမှ ဖြစ်ကြောင်း ရဲအုပ် အေးခင်မောင်က အတည်ပြုပြောဆိုသည်။

ဖမ်းဆီးရမိပြီးနောက် ရေတပ်မှ ယင်းဘင်္ဂလီ ၆ ဦးကို မြို့မရဲစခန်းသို့ လွဲပြောင်း ပေးအပ်ခဲ့ပြီး ယခုအခါ မြို့မရဲစခန်း၌ စစ်ဆေး မေးမြန်းစစ်ဆေးနေသည်ဟု သိရသည်။

ဇူလိုင်လ ၇ ရက်နေ့က ပေါက်တောမြို့နယ် ၀က်မင်းကျားကျေးရွာမှ ပျောက်ဆုံးသွားသော နွား ၇ ကောင်၊ ကျွဲတစ်ကောင်ထဲမှ နွား ၆ ကောင်ကို လွန်ခဲ့သော အပတ်က ပေါက်တောမြို့နယ် အနောက်ရဲ ဘင်္ဂလီဒုက္ခသည်စခန်းအနီး တောစပ်နားတစ်နေရာမှ ရရှိခဲ့သည်။

ရခိုင်ပြည်နယ် ပေါက်တော၊ မြောက်ဦး၊ ရသေ့တောင်နှင့် ကျောက်တော်မြို့နယ်တို့မှ ဇွန်လကတည်းက ဆက်တိုက်ဆိုသလိုမျိုး ကျွဲနွား အခိုးခံရမှုများ ဖြစ်ပေါ်ခဲ့သော်လည်း တရားခံနှင့် ကျွဲ နွားများကို ဖမ်းဆီးရမိမှု မရှိခဲ့ပေ။ ယခုဖမ်းဆီးရမိမှုသည် ၂၀၁၅ ခုနှစ်တွင် ပထမဆုံးအကြိမ်ဖြစ်သည်။

From-Narinjara
www.laymro.com 


စစ်တပ်က မြေယာသိမ်းဆည်းမှု ရခိုင်ပြည်နယ်တွင် အများဆုံးဖြစ်

စစ်တပ်က မြေယာသိမ်းဆည်းမှု ရခိုင်ပြည်နယ်တွင် အများဆုံးဖြစ်

ကချင်ပြည်နယ်မှလွဲ၍ ကျန်ပြည်နယ် ခြောက်ခုအနက် ရခိုင်ပြည်နယ်သည် စစ်တပ်က မြေယာသိမ်းဆည်းထားမှု အများ ဆုံးဖြစ်ကြောင်း ၈၈ မျိုးဆက် (လယ်ယာစီးပွားနှင့် တောင်သူ လယ်သမားရေးရာဌာန) က ကောက်ယူထားသည့် စစ်တမ်းအရ သိရသည်။

မြေယာပြဿနာနှင့် ပတ် သက်၍ ပြည်နယ် ခြောက်ခုသို့ လေ့လာစစ်တမ်းကောက်ယူခဲ့ရာ စစ်တပ်က မြေယာသိမ်းဆည်းမှုမှာ ရခိုင်ပြည်နယ်တွင် အများဆုံးဖြစ်ပွားပြီး ရှမ်း၊ မွန်နှင့်ကရင်ပြည် နယ်တို့တွင်လည်း ဖြစ်ပွားလျက် ရှိကာ ချင်းပြည်နယ်သည် မြေယာ သိမ်းဆည်းမှုအနည်းဆုံးဖြစ် ကြောင်း အဆိုပါဌာန ဒုတိယတာဝန်ခံ  ဦးမျိုးသန့်က  ပြောကြားသည်။

‘‘ကချင်ပြည်နယ်ကိုတော့ သွားပြီး စစ်တမ်းမကောက်ရသေး ဘူး။ ရခိုင်ပြည်နယ်မှာဆို စစ်တပ် က တစ်တပ်ပြီး တစ်တပ် လယ် ယာတွေ သိမ်းထားကြတာ။ စစ် တွေမှာဆို အများကြီးပဲ။ ဆယ်မိုင် လောက်ရှိတဲ့တပ်တွေက သူတို့ မြေတွေကို ပြန်ပြီး မစွန့်လွှတ်ဘဲနဲ့ အမ်းမြို့နယ်မှာရှိတဲ့ လယ်ယာ တွေကိုပါ ထပ်ပြီး သိမ်းထားသေး တယ်’’ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် လယ် ယာမြေများကို တပ်ရင်း ၁၄ ခုက သိမ်းဆည်းထားပြီး လက်အောက် ခံ တပ်ခွဲငယ်များ အပါအဝင် စစ် တပ် ၂၂ ခုခန့်ရှိကြောင်း၊ လယ် ယာမြေများကို ဧက ၃၀၀ မှ ၇၀၀ အထိအပြင် အချို့မှာ ၉၀၀ ကျော် ရှိကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေ သကြီးတို့တွင် လယ်ယာမြေသိမ်း ဆည်းမှု မတူညီဘဲ တိုင်းဒေသကြီး၌ မြို့စွန့်မြို့ဖျားရှိ လယ်ယာများကို သိမ်းဆည်းသော်လည်း ပြည်နယ်များတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် လမ်းနံဘေးရှိ လယ်ယာများသာ သိမ်းဆည်းထားကြောင်း ဦးမျိုးသန့်က ဆက်လက် ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် စစ်တပ် က လယ်ယာမြေသိမ်းဆည်းမှုကို တိုင်ကြားရမှန်း မသိသေးသည့် ဒေသခံပြည်သူ ၇၀ ရာခိုင်နှုန်းခန့်ရှိသည်ဟု လယ်ယာစီးပွားနှင့် တောင်သူလယ်သမားရေးရာဌာန တွဲဖက်အတွင်းရေးမှူးကိုဝင်းမြင့်ဟန်က ပြောသည်။

‘‘လမ်းပန်းဆက်သွယ်ရေး  ခက်ခဲတာက တစ်ကြောင်း၊ စစ် တပ်က ဖိနှိပ်မှုကြောင့် မတိုင်ရဲ တာ တစ်ကြောင်း၊ အဲဒီလိုအ ကြောင်းအမျိုးမျိုးကြောင့် မတိုင် ရဲကြဘူး။ နောက်ပြီး သူတို့တွေက ဘယ်လိုတိုင်ရကောင်းမှန်းလည်း မသိကြဘူး။ သူတို့ စိတ်ထဲမှာ တော့ တိုင်ကြားချင်ကြတယ်’’ ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် အမျိုးသားမြေ အသုံးချမှု မူဝါဒ၊ တောင်သူလယ် သမားအခွင့်အရေးကာကွယ်ရေး ဥပဒေနှင့် မြေယာပြဿနာများ ဖြေရှင်းရေး ဥပဒေများ ထွက်ရှိ ထားသော်လည်း လက်တွေ့တွင် တောင်သူလယ်သမားများကို ထိ ထိရောက်ရောက် ကာကွယ်ပေး နိုင်ခြင်း မရှိသေးကြောင်း အမ်း မြို့နယ်ရှိ ဒေသခံ တောင်သူတစ် ဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင် မြေယာ ပြဿနာအမှုပေါင်း ၈၀ ကျော် ရှိ သည့်အနက် စစ်တပ်က သိမ်းဆည်းမှု ၃၄ မှု၊ ကျေးရွာအုပ်ချုပ် ရေးပိုင်းက သိမ်းဆည်းမှု ၂၁ မှု၊ ကုမ္ပဏီက သိမ်းဆည်းမှု ကိုးမှု၊ ဝန်ကြီးဌာနက သိမ်းဆည်းမှု ငါးမှု၊ စီးပွားရေးလုပ်ငန်းရှင်က သိမ်းဆည်းမှု တစ်မှု၊ လယ်မြေအငြင်း ပွားမှု နှစ်မှု၊ အရာရှိဇနီးများက သိမ်းဆည်းမှု နှစ်မှု၊ ရဲစခန်းကသိမ်းဆည်းမှု နှစ်မှု၊ စီမံကိန်းအဖြစ် သိမ်းဆည်းမှု နှစ်မှု၊ ရဲဘော်ဟောင်းများက သိမ်းဆည်းမှု တစ်မှုနှင့် ကျေးရွာမြေ စိစစ်ရေး ဌာနက ဆုံးဖြတ်ချက်ကို မနာခံမှု တစ်မှုတို့ဖြစ်ပွားနေကြောင်း စာတမ်းများတွင် ဖော်ပြသည်။

‘‘စစ်တပ်က ဥပဒေအပြင် ဘက်မှာရှိနေတော့ လယ်မြေတွေ ကို သိမ်းချင်သလို သိမ်းတယ်။ ချဲ့ချင်သလိုချဲ့တယ်။ လွှတ်တော် မှာ ထုတ်ပြန်ပြီးတဲ့ မြေယာမူဝါဒ ကိုလည်း ပြည်သူတွေဆီ ပွင့်လင်း မြင်သာစွာ မချပြသေးဘူး။ အဲဒီ မူဝါဒမှာ တပ်ဧရိယာနဲ့ ပတ်သက် ပြီး တိတိကျကျဖော်ပြပေးစေလို တယ်။ လယ်ယာမြေသိမ်းဆည်း ခံရတဲ့ တောင်သူတွေကို ကုမ္ပဏီတွေက နစ်နာကြေးပေးပေမယ့် လွန်စွာ နည်းပါးတယ်’’ ဟု ဦးမျိုး သန့်က ပြောသည်။


From-7 Days
www.laymro.com 


ဂွမြို့နယ်တွင် ၀မ်းရောဂါ ဖြစ်ပွား၍ မြို့နယ်ဆရာဝန်ကိုယ်တိုင် သွားရောက်ကုသရ

ဂွမြို့နယ်တွင် ၀မ်းရောဂါ ဖြစ်ပွား၍ မြို့နယ်ဆရာဝန်ကိုယ်တိုင် သွားရောက်ကုသရ

ရခိုင်ပြည်နယ် ဂွမြို့နယ်ရှိ ကျေးရွာ အချို့တွင် ကလေးသူငယ်များ မသန့်ရှင်းသော သောက်ရေများကို သောက်သုံးရာမှ ၀မ်းရောဂါ ဖြစ်ပွားခဲ့သဖြင့် ဂွမြို့နယ် ဆရာဝန်ကြီးကိုယ်တိုင် ၎င်းကျေးရွာများသို့ သွားရောက်ကုသခဲ့ကြရသည်ဟု သိရသည်။

“ ဟုတ်ပါတယ်။ အခုတော့ ပျောက်ကင်းသွားပါပြီ ခင်ဗျား။ အသေအပျောက်တော့ မရှိပါဘူး” ဟု မြို့နယ် ဆရာဝန်မှ ပြောကြားသည်။

ဂွမြို့နယ် ပေါက်တောကျေးရွာ၊ ၀ါးရုံတောကျေးရွာ အပါအ၀င် ကျေးရွာ အချို့တွင် မသန့်ရှင်းသော ရေကို သောက်သုံးရာမှ ကလေးငယ် ၂၀ ခန့် ၀မ်းပျက် ၀မ်းလျော့ဖြစ်ကာ ယင်းအထဲမှ ၅ ဦးမှာ ပြင်းထန်သဖြင့် ဂွမြို့နယ် ဆေးရုံသို့ တင်ပို့ခဲ့ရသည်။

“ အဓိကတော့ မသန့်ရှင်းတဲ့ စမ်းရေတွေကို သောက်ရာကနေ ၀မ်းရောဂါ ရတာ ဖြစ်ပါတယ်။ စုစုပေါင်း ၂၀ လောက် ဖြစ်ပွားခဲ့ပါတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ် အနှံ့အပြားတွင် သန့်ရှင်းသော သောက်သုံးရေများ ရရှိရေးအတွက် ကန်ရေနှင့် စမ်းရေကို အားကိုးနေရခြင်းထက် ပိုမိုကောင်းမွန်သော သောက်သုံးရေ ရရှိရေး ဆောင်ရွက်ရန် လိုအပ်နေပြီ ဖြစ်ကြောင်းသိရှိရသည်။

From-Narinjara


ရခိုင်တွင် သွေးလွန်တုပ်ကွေးကြောင့် လူနာခြောက်ရာကျော်ဆေး ကုသမှု ခံနေရပြီးသေဆုံး သူလေးဦးရှိ

ရခိုင်တွင် သွေးလွန်တုပ်ကွေးကြောင့် လူနာခြောက်ရာကျော်ဆေး ကုသမှု ခံနေရပြီးသေဆုံး သူလေးဦးရှိ

ရခိုင်ပြည်နယ် တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်းမြင့်တက်လျှက်ရှိပြီး တစ်ပြည်နယ်လုံး အတိုင်း အတာဖြင့် လူနာခြောက်ရာကျော်အထိ ဆေးကုသမှုခံယူနေရသည် ဟု ရခိုင်ပြည်နယ် ကျန်းမာရေး ဦးစီးဌာန လက်ထောက် ဦးစီးမှူး ဒေါက်တာစံကျော်သာပြောသည်။

ရခိုင်ပြည်နယ် သံတွဲခရိုင်နှင့် ကျောက်ဖြူ ခရိုင်တို့တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အများ ဆုံးဖြစ် ပြီး  တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် လူဦးရေ ခြောက်ရာ့ငါးဦး ထိ  ဆေးကုသမှု ခံနေရသည် ဟုဆိုသည်။

ဒေါက်တာ စံကျော်သာ က  "သေဆုံးသူလေးယောက်ရှိပြီ ၊လူကြီးတွေလည်း ဖြစ်တာတွေ့ရတယ်"ဟု ပြောသည်။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသည့် လူနာများကို အချိန်မှီ ဆေးကုသမှု မရရှိ သည်များလည်း ဖြစ်ပေါ်လျှက်ရှိသည် ဟုဒေသံများကပြောသည်။

သံတွဲဒေသခံ ကိုစိုးမြတ် က "ကျွန်တော်တို့နယ်က မိသားစုတစ်စုဗျ ပထမကလေး တစ်ယောက်တုန်းက ဆေးမကုလိုက်ရဘူး။ ဒုတိယ အလေး ကို ကျတော့ သံတွဲဆေးရုံက ရန်ကုန်ကို လွှတ်တယ် ။ ဟိုရောက်တော့ ကလေးက အသက်မမှီတော့ဘူး၊ ၁၅ ရက်အတွင်း သားနှစ်ယောက်လုံး အသက်ဆုံးရှုံးသွားတယ်"ဟု ပြောသည်။

ရခိုင်ပြည်နယ်ရေဘေးကြောင့် မြို့နယ်အများစု ရေနစ်မြုပ်သွားခဲ့ပြီး  ယင်းအခြေအနေများကြောင့်   ခြင်၊ ယင်ပေါက်ပွားမှု အန္တာရယ် များလည်း ဖြစ်ပွားနိုင်ပြီး လုံလောက်သော ခြင်ထောင်နှင့်စောင်များ ရေဘေးသင့်သူများ ထံရောက်ရှိရန် လိုအပ် လျှက်ရှိသည်။

ထို့ပြင်ရခိုင်ပြည်နယ် ရေကြီးရေလျှံမှုများကြောင့်ရေတွင်းရေကန်များ ပျက်စီးခြင်းသောက်သုံးရေများ ရှားပါးခြင်းများ လည်းဖြစ်ပေါ် လျှက်ရှိပြီး နောက်ဆက်တွဲရောဂါများအတွက် စိုးရိမ်စရာများဖြစ်ပေါ်နေသည် ဟုတောင်ကုတ်ရေးဘေး ကူညီရေးအဖွဲ့မှ ကိုမျိုးဆွေ ကပြောသည်။

၎င်းက "ချောင်းတွေ နဲ့နီးတဲ့ ကျေးရွာတွေက သောက်ရေကန်တွေ နုန်းတွေ တင်နေတဲ့အတွက် ရွာက လူအင်အားနဲ့လည်း မတတ်နိုင်တော့ ဒီအတိုင်းထားရတုန်းဗျ၊ လောလောဆယ် မိုးရေသောက်နေလ ရတာမျိုးတွေရှိတယ်"ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၄ ခုနှစ်က သွေးလွန်တုပ်ကွေးဖြစ်ပွားသူ တစ်ထောင့်ငါးရာကျော်ခဲ့ပြီး သေဆုံးသူ ဆယ်ဦးအထိ ရှိခဲ့သည် ဟု ပြည်နယ် ကျန်းမာရေး ဦးစီးဌာန မှ သိရသည်။

From-Mizzima


အစိုးရတပ်နဲ့ ရက္ခိုင့်တပ်မတော် တိုက်ပွဲ တစ်ဦးကျဆုံး

အစိုးရတပ်နဲ့ ရက္ခိုင့်တပ်မတော် တိုက်ပွဲ တစ်ဦးကျဆုံး

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ပလက်ဝမြို့နယ်အတွင်းက မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှတ်တိုင်အမှတ် ၆၇၊ ၆၈ ကြား တွီပင်ချောင်းအနီးမှာ မနေ့က မနက်ပိုင်းက အစိုးရတပ်မတော် ခမရ-၃၈၀ တပ်ရင်းက နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဉ်မှာ နှစ်ဘက် တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ခြေလျင်တပ်ရင်းနဲ့ နယ်ခြားစောင့်တပ်တွေက ဇူလိုင်လဆန်းပိုင်းကနေ ဒီနေ့အထိ နယ်စပ်တစ်လျှောက် နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်နေတာကြောင့် ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ဝင်တွေဟာ အစိုးရတပ်မတော် လုံခြုံရေးဆောင်ရွက်နေတဲ့ နေရာအနီးကို ရောက်ရှိလာပြီး တိုက်ပွဲဖြစ်တာလို့ အမည်မဖော်လိုတဲ့ တပ်မတော်အရာရှိတစ်ဦးက ပြောပါတယ်။

အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ဟာ ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း ပလက်ဝမြို့နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။