နှစ် ၂ဝ ကျော် ပျောက်ကွယ်ခဲ့သည့် တက္ကသိုလ်အရန်တပ်ရင်း မော်လမြိုင်တက္ကသိုလ်တွင် ပြန်လည်ဖွဲ့စည်း

Monday, February 11, 2013

နှစ်ပေါင်း ၂ဝ ကျော် ပျောက်ကွယ်ခဲ့သည့် တက္ကသိုလ်အရန်တပ်ရင်းအား
ပြန်လည်ဖွဲ့စည်းခဲ့ရာ မော်လမြိုင်တက္ကသိုလ်မှ ကျောင်းသား ၁၁ဝ ဦး
တက်ရောက်ပြီး အခြေခံစစ်ပညာသင်ကြားခဲ့ကြောင်း ၄င်းတက္ကသိုလ်မှ သိရသည်။

ပညာရေးဝန်ကြီးဌာန၊ အဆင့် မြင့်ပညာ ဦးစီးဌာန၊ အောက် မြန်မာပြည်၊ ၂ဝ၁၂-၂ဝ၁၃ ပညာ သင်နှစ်၊ တက္ကသိုလ် တပ်ဖွဲ့ဝင် ကျောင်းသားများအား
အခြေခံစစ် ပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၅ ရက် နေ့က
မော်လ မြိုင်တက္ကသိုလ်ပင်မဆောင် အခန်း ၁၅ ၌ ပြုလုပ်ကြောင်း သိရသည်။
တက္ကသိုလ် အရန်တပ်ရင်း အမှတ်(၁)ကို ရန်ကုန်၊ အမှတ်(၂) ကို မန္တလေး၊
အမှတ်(၃)ကိုမော်လမြိုင်တို့တွင်လည်းကောင်း စတင်ဖွဲ့ စည်းခဲ့ကြောင်း၊
၁၉၈၇ -၁၉၈၈ ခု နှစ်အထိ ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ၁၉၈၈ ခုနှစ် အရေးအခင်း
ကာလက စတင်ပြီး အဆက်ပြတ်သွားကြောင်း၊မော်လမြိုင်အနေဖြင့်
တပ်ဖွဲ့ဝင် ၅၁၈၄ ဦးကို အခြေခံစစ်ပညာ သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း
သိရသည်။

ပထမအကြိမ် တက်ရောက် သော သင်တန်းသားများမှာ မော်]လမြိုင် တက္ကသိုလ် ဘာသာရပ် ပေါင်းစုံမှ တတိယနှစ်ကျောင်းသား ၁၁ဝ ဦးဖြစ်ပြီး
သင်တန်းကိုဖေဖော် ဝါရီ ၅ ရက်နေ့မှစတင်ပြီးတစ်ပတ်လျှင် ငါးရက် ၁၆ပတ်
တက်ရောက် ရမည်ဖြစ်ကြောင်း သိရသည်။

Popular Myanmar News Journal


SHARE THIS
Previous Post
Next Post