အားလပ်ရက်ခရီးထွက်သူများ ကျန်းမာရေးပိုကောင်းနိုင်

Sunday, February 10, 2013

အားလပ်ရက်ခရီးထွက်ခြင်းသည် ပျော်ရွှင်မှုပိုမိုရရှိစေပြီး ပြန်ရောက်
သည့်နှစ်ပတ် အထိ စွမ်းအင် ပြည့်ဝစွာ နေထိုင်နိုင်ကြောင်း သုတေသီများ
ကဆိုသည်။

လေ့လာမှုများအရ မော်လ်ဒိုက်ဗ်နိုင်ငံကဲ့သို့ တိုင်းတစ်ပါးနိုင်ငံငယ်များ
ထံ အပန်းဖြေခရီးထွက်ခြင်း သည်သွေးဖိအား (သွေးပေါင်)
လျော့ကျစေခြင်း၊ နှစ်ခြိုက်စွာအိပ်ပျော်စေခြင်း၊ စိတ်ဖိစီးမှုဒဏ်ကို ကြံ့ကြံ့ ခံနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ဖြစ်ပေါ်စေကြောင်း သိရသည်။

အလုပ်သမားတိုင်း အားလပ်ခွင့်များစုပေါင်း၍ နှစ်စဉ်အပန်းဖြေ ခရီးထွက်သင့်ကြောင်း ကျွမ်းကျင်သူ များက အကြံပြုပြောကြားသည်။

လေ့လာမှုတွင် ထိုင်းနိုင်ငံ၊ မော်လ်ဒိုက်ဗ်နိုင်ငံနှင့် ပီရူးနိုင်ငံတို့သို့ အားလပ် ရက်အပန်းဖြေခရီးထွက်သူများနှင့် နေအိမ်တွင် အလုပ်တစ်ကုပ်ကုပ် လုပ်မြဲပုဂ္ဂိုလ်များအား နှိုင်းယှဉ်လေ့ လာခဲ့ကြသည်။

အားလပ်ရက်ခရီးထွက်သူများ၏ သွေးဖိအားသည် (၆)ရာနှုန်းအထိ
လျော့ကျလာခဲ့ပြီး အားလပ်ရက်တွင် အလုပ်ဆက်လုပ်သူများကမူ သွေးဖိ အား (၂) ရာနှုန်းခန့် တက်လာသည် ကိုတွေ့ရသည်။

ခရီးထွက်သူများသည် (၁၇) ရာနှုန်းပို၍ နှစ်ခြိုက်စွာအိပ်ပျော်ကြပြီး အားလပ်ရက်ခရီးမထွက် ဘဲ အလုပ်လုပ်သူများမှာ (၁၄) ရာ နှုန်းခန့် အိပ်ရေးပျက်ကြသည်ကို တွေ့ရ သည်။

အားလပ်ရက်ခရီးထွက်သူများမှာ သွေးတွင်း သကြားဓါတ်ပမာဏ
လျော့နည်းလာ၍ ဆီးချိုသွေးချိုရော ဂါဖြစ်ပွားနိုင်ချေကျဆင်းခြင်း၊ ခါး အရွယ်အစား သေးလာခြင်း၊ စိတ်ကြည်လင်လာခြင်း၊ စွမ်းအင်ပြည့်ဝခြင်း စသည့်အကျိုးကျေးဇူးများကို ပြန်လာပြီးနှစ်ပတ်ကြာသည်အထိ တွေ့ရဆဲ
ဖြစ်ကြောင်း သုတေသီများ ကဆိုသည်။

သီဟ
Source:ANI
Vol-2,No-6
Health Updates Journal

SHARE THIS
Previous Post
Next Post