မြောက်ဦးမြို့နယ် ဒုံးဘွယ်ကျေးရွာမှ ရခိုင်မိသားစု တစ်စုအကြမ်းဖက် တိုက်ခိုက်ခံခဲ့ရ

မြောက်ဦးမြို့နယ် ဒုံးဘွယ်ကျေးရွာမှ ရခိုင်မိသားစု တစ်စုကို ၄င်းအနီးအနားရှိ ဘင်္ဂလီကျေးရွာ ရှင်းတောင်ရွာမှ ဘင်္ဂလီများတစ်စုက ဖေဖော်ဝါရီလ(၇)ရက်နေ့က အကြမ်းဖက် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ဒုံးဘွယ်ကျေးရွာမှ အကြမ်းဖက်တိုက်ခိုက်ခံရသူများမှာ သားဖြစ်သူ ဦးမောင်ရွှေသန်း အသက်(၂၅)နှစ်ခန့်နှင့် အဖဖြစ်သူ ဦးသာထွန်း(၅၂)နှစ်ခန့်တို့ဖြစ်ပြီး ကြာသပတေးနေ့ ည(၁၂)နာရီအချိန်တွင် စိုက်ပျိုးခြံ၌ ညအိပ်စောင့်နေစဉ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

“ ဦးသာထွန်းတို့ မိသားစုက ရွာနဲ့မနီးမဝေးမှာ ပြောင်းခင်းနဲ့ ကွမ်းခင်းတွေ စိုက်ပျိုးကြပါတယ်။ အဲဒီစိုက်ပျိုးခင်းမှာနေပြီးတော့ အစောင့်အနေနဲ့ သူတို့အိပ်နေကြတာပါ။ ဆိုတော့ ကြသပတေးနေ့ကပေါ့ ည ၁၂ နာရီလောက်ရှိမယ်ထင်ပါတယ်။ အနီးအနားက ဘင်္ဂလီကျေးရွာဖြစ်တဲ့ ရှင်းတောင်ကျေးရွာက ကုလားတွေ အများကြီးဘဲ ၁၅ ယောက်လောက်ရှိမယ်ထင်ပါတယ်။ သတ်ဖို့လာကြတယ်။ ယောက်ျားဖြစ်တဲ့သူတွေက ကုလားဝင်လာတဲ့အသံကိုကြားလို့ သူတို့မိန်းမတွေကို ဒုံးဘွယ်ရွာကို ထွက်ပြေးခိုင်းလိုက်ပါတယ်။ မိန်းမတွေက ရွာသားတွေကို လိုက်ခေါ်နေတုန်း ကုလားတွေက မျက်နှစ်ဖုန်းစွပ်ပြီး ကြိုးတွေနဲ့ချဉ်ပြီးတော့ ၀ိုင်းရိုက်ကြပါတယ်။ ရွားသားတွေလိုက်လာတော့မှ ကုလားတွေက ထွက်ပြေးသွားကြပါတယ်။ ” ဟု ဆွေမျိုးတစ်ဦးမှ ပြောပြသည်။

အကြမ်းဖက်ကုလားများ ရိုက်ချက်ကြောင့် သားဖြစ်သူ မောင်ရွှေသန်းမှာ နှခေါင်းရိုးကျိုးသွားပြီး အဖေဖြစ်သူ ဦးသာထွန်းမှာလည်း ကုလားများဝိုင်းရိုက်ချက်ဒဏ်ရာနှင့် ကြိုးချဉ်နှောင်ဒဏ်ရာများကြောင့် သတိမေ့ကျန်ခဲ့ရာ ရွာသားများက မြောင်းဘွယ်ဆေးရုံးသို့ ပို့ပေးထားကြောင်း သိရသည်။ “ ဒဏ်ရာတွေက အင်မတန် ပြင်းပါတယ်။ လူတကိုယ်လုံးနာကျင်နေပါတယ်။ အခုတော့ မြောင်းဘွယ်ဆေးရုံမှာ အတွင်းလူနာအဖြစ် ကုသခံနေရပါတယ်။ ” ဟု သားဖြစ်သူ မောင်ရွှေသန်း၏ မိန်းမကပြောသည်။

ဤကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြောင်းဘွယ်ရဲစခန်းကို တိုင်ကြားထားပြီဖြစ်ကြောင်း။

SHARE THIS
Previous Post
Next Post