Showing posts with label ဗဟုသုတများ. Show all posts
Showing posts with label ဗဟုသုတများ. Show all posts
အနောက်ဖက်မှ သွေးချင်းတို့ရဲ့  ရိုးရာအစားစာ ရခိုင်မုန့်တီချက်နည်း

အနောက်ဖက်မှ သွေးချင်းတို့ရဲ့  ရိုးရာအစားစာ ရခိုင်မုန့်တီချက်နည်း


(Ethical Food)
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးခန့်နေထိုင်ကြပြီး တိုင်းရင်းသားတို့၏ ဒေသခံအလိုက် ရိုးရာအစားစာများလည်း သီးခြားကိုယ်စီရှိကြသည်။ ဒီနေ့မှာတော့ မြန်မာပြည်မှာ လူကြိုက်များသည့် ရခိုင်တိုင်းရင်းသားသွေးချင်းတို့၏ ရိုးရာအစားအစာတစ်ခုဖြစ်သော ရခိုင်မုန့်တီ ချက်နည်းအကြောင်းကို ဖော်ပြပေးသွားမည်။ အိမ်မှာ မိသားစုအလိုက် ၊ မိတ်ဆွေအပေ၊င်းအသင်းများအလိုက် ချက်စားနိုင်မည့် စွဲမက်ဖွယ်ရာ ရိုးရာရခိုင်မုန့်တီ ချက်နည်းပါ....
ရခိုင်မုန့်တီ ချက်ရန် လိုအပ်သော ပစ္စည်းများ
(၁)မုန့်တီ ၁ ပိသာ
(၂)ငါးရွှေ ၁၅ ကျပ်သား
(၃)ပုစွန်ငါးပိ ၅ ကျပ်သားခန့်
(၄)ကြက်သွန်ဖြူ(ဥအသေး) ၅ ကျပ်သား
(၅)ငရုတ်ကောင်း ၁ ကျပ်သား
(၆)နံနံပင် (လိုအပ်သလောက်)
(၇)မကျည်းသီး အမှည့် (နည်းနည်း)
(၈)ဆား၊ အချိုမှုန့်
(၉) ငရုပ်သီးအစိမ်း (၂၀) ဆယ်သား
(၁၀) ပဒေကော (၂၀) ဆယ်သားလောက်
ပြုလုပ်နည်း
ပထမဆုံး ရေကို ခန့်မှန်းထည့်ပြီး ရေနွေးဆူအောင်တည်ထားပါ၊ တပြိုင်တည်း ငါးကို (အပိုင်းဆိုရင် ထက်ခြမ်းခြမ်းလိုက်ပါ)ပြီးလျှင် ငါးကင်ပါ (မီးသွေးနဲ့ကင်တာပိုကောင်းပါသည်)၊ ရေနွေးပွက်ပြီဆိုတာနဲ့ င/ပိ ထည့်ပါ၊ ငါးပိကိုကျက်အောင်ထားပြီး အိုးကိုချလိုက်ပါ ခဏအနေထိုင်အောင်စောင့်လိုက်ပါ ပြီးလျှင် င/ပိကို စစ်လိုက်ပါ အောက်ကအဖတ်တွေကို ဖယ်လိုက်ပါ (အိုးတစ်လုံးနဲ့ထည့်ထားလိုက်ပါ လိုအပ်လျှင်ထည့်ရအောင်အတွက်) ပြီးလျှင် အိုးကိုထပ်တည်ထားပါ၊ ငါးမျက်နှာပြင်တင်းပြီဆိုတာနဲ့ ငါးကို ထုတ်လိုက်ပြီး ငါးကို နွင်ပါ။
အတုန်းလေးတွေအထိပဲနော်။ ပြီးလျှင် ငါးကို အိုးထဲထည့်လိုက်ပါ။ အဲဒီအချိန်မှာဘဲ အချိုမှုန့်၊ ဆားကို လိုသလိုထည့်ပါ။ အပေါ့အငံအတော်ဖြစ်ပြီဆိုတာနဲ့ င/ရုပ်ကောင်း၊ ကြက်သွန်ကို ထောင်းပါ။ (င/ရုပ်ကောင်းကို လှော်လိုက်ပါ၊ ကြက်သွန်ဖြူကိုလည်း အမာခွန်ကိုချန်ထားပါ)ပြီးလျှင် ပွက်နေတဲ့အိုးထဲကို ထည့်လိုက်ပါ။
(၂)မိနစ်လောက်ထားပြီး ရင် အရမ်းကောင်းတဲ့ ရခိုင်မုန့်တီကို အားပါတရစားလို့ရပါပြီ။ အဲဒီထဲမှာ နံနံပင်၊ ကြက်သွန်ဖြူဆီသတ်တာရယ်၊ ကြက်သွန်နီကြိုက်ရင် ပါးပါးလှီးပြီး ထည့်လို့လည်းရတယ်နော်။
ပြီးရင် ငါးဖယ်၊ ပဲကြော်၊ ပဲသီးကြိုက်ရင်လည်းထည့်စားလို့ရသေးတယ်၊ (င/ရုပ်သီးကြိုက်သူများအတွက်ဆိုရင်) င/ရုပ်သီးက အစိမ်းဒီအတိုင်းချိုးပြီးထည့်ရင်လည်းရတယ်၊ (ဒါမဟုတ်)င/ရုပ်သီးကိုပြုတ်ပြီး လက်လှည့်စက်နဲ့ လှည့်လိုက်ပါ။ ပြီးရင် င/ပိထည့် (င/ပိများများ)၊ ဆား၊ အချိုမှုန့်၊ ပုဇွန်ခြောက်မှုန့်ထည့်ပြီး ရေထပ်ထပ်ကလေးနဲ့ ချက်လိုက်ပါ။ မကျည်းသီးကိုတော့ ရေနွေးနဲ့ အရည်ဖျော်ထားလိုက်ပါ။
အသုတ်လည်းစားမယ်ဆိုရင်တော့ အာလူးလေးနည်းနည်းပြုတ်လိုက်ပါအုံးနော်၊ ခုဏကပြောတဲ့ င/ရုပ်သီး ချက်ရယ်၊ ပြီးတော့ အာလူးပြုတ်ရယ် နည်းနည်းထည့်၊ အချဉ်လိုသလောက်ထည့်ပြီး သုတ်လို့ရပြီနော်။
ကဲ... အဆင်ပြေနိုင်ကြပါစေ....
သက်ထားရွှေစင် (လေးမြို့ )
ကိုးကား- ARRC
ထူးထူးခြားခြား ဗဟုသုတများ

ထူးထူးခြားခြား ဗဟုသုတများ


Wednesday, June 5, 2013

(၁) အင်္ဂလန် နိုင်ငံ ရဲ့ ပထမမြောက် ဂျော့ရှ် ဘုရင်မင်းမြတ်ဟာ အင်္ဂလိပ်စကား တစ်လုံးမှ မပြောတတ်ပါဘူး တဲ့ ။

(၂) ပါရှားပြည်ကို BC 558 – 529 ထိ စိုးစံခဲ့တဲ့ မဟာဆိုင်းရပ်စ် ဘုရင်ကြီးဟာ
တစ်နေ.မှာ နေ. (၁၂) နာရီ ည (၁၂) နာရီ ရှိတယ်လို. ပထမဦးဆုံး ပိုင်းခြားသတ်မှတ်ပေးခဲ့သူပါ ။
ပစ္စည်းရေတွက်တဲ့ခါမှာလည်း (၁၂) ခု ဒါဇင် ဆိုတာကို စတင်အသုံးပြုစေခဲ့သူပါ ။

(၃) ပြင်သစ်ခေါင်းဆောင် တစ်ယောက်ရဲ့ဖြစ်တဲ့ ကာဒီနယ် ရစ်ချယ်လီယူ( ၁၅၈၅ – ၁၆၄၂ ) ဟာ
စားပွဲတင်သားလှီးဓါးအ၀ိုင်းကို စတင်အသုံးပြုစေခဲ့တာပါ ။
ဘာလို.လဲဆိုတော့ ညစာစားသူတွေဟာ သားလှီးဓါး ဦးချွန်တွေနဲ့ သွားကြားထိုး ကြလို.ပါတဲ့ ခင်ဗျာ…။

(၄) တတိယမြောက် ကွန်ရက် ဘုရင်ကြီး ဟာ ၀ိုင်းစဘတ်မြို.ကို ၁၁၄၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၁ ရက်နေ.မှာ
သိမ်းပိုက်နိုင်ခဲ့ပါတယ် ။ အဲလို သိမ်းပိုက်ပြီးနောက်မှာ ဘုရင်ကြီး က မြို.တွင်းရှိ အမျိုးသမီးများ ဘေးကင်းစွာဖြင့်
မြို.တွင်းမှထွက်ခွာနိုင်တယ် ။ ထိုသို.ထွက်ခွာရာတွင် မိမိသယ်ဆောင်နိုင်သော မည်သည့်အရာကိုမဆို
သယ်ဆောင်သွားနိုင်သည် … လို.တရားဝင် အမိန်.ကြေငြာခဲ့တယ် ။
အဲဒီ အမျိုးသမီးတွေ ဘာကို သယ်ဆောင်သွားခဲ့တယ်လို. မိတ်ဆွေတို. ထင်ပါသလဲ …
သူတို.ရဲ့ လင်ယောက်ျားတွေ ကို ချီပိုးပြီး ခေါ်ထုတ်သွားခဲ့တာပါတဲ့ ခင်ဗျာ ……

(၅) ဖဲချပ်မှာပါတဲ့ King တွေဟာ သမိုင်းမှာ တကယ်ရှိခဲ့တဲ့ ဘုရင်တွေကို ကိုယ်စားပြုပါတယ် …။

(၆) ပါရှားပြည် (အီရန်) ကို ၁၂၉၁ မှ ၁၂၉၅ ထိ စိုးစံခဲ့တဲ့ ကန်ဂျာတူး ဘုရင်ကို သူ.ရဲ့ တိုင်းသူပြည်သားတွေကနန်းချပြီး လည် မျို ညစ် သတ်တာခံခဲ့ရပါတယ် ။
ဘာကြောင့်လည်းဆိုတော့ သူက ငွေစက္ကူကို စတင်အသုံးပြုဖို. စီစဉ်ခဲ့တဲ့ အတွက်ပဲ ဖြစ်ပါတယ် ။

(၇) ပရပ်ရှား ပြည်က မြို.စားကြီးအဲလ်ဘတ်နဲ့ မြို.စားကတော် အန်နာမာရီယာ တို.ကိုတစ်နှစ်ထဲ တစ်လထဲ တစ်ချိန် ထဲ ၁၅၀၁ ခုနှစ် မေလ (၂၀) ရက်နေ.မှာ မွေးဖွားခဲ့ပါတယ် ။
မွေးဖွားတဲ့ အချိန်နာရီကလည်း အတူတူပါပဲတဲ့ ။ သေဆုံးတဲ့အခါမှာလည်း
တစ်နှစ်ထဲ တစ်လထဲ တစ်နေ.ထဲပါပဲ … ၁၅၆၈ ခုနှစ် မတ်လ (၂၀) ရက်နေ.မှာ သေဆုံးခဲ့ပါတယ် ။
သေဆုံးချိန်ကလည်း အတူတူ ပါတဲ့ ခင်ဗျ ။ ( တော်တော် စိတ်ကူးယဉ်ဆန်တယ်နော် … )

(၈) ပြင်သစ်ပြည်ရဲ့ အဌမမြောက် ချားလ်စ် ဘုရင်(၁၄၇၀ – ၁၄၉၈) ဟာ အဆိပ်ခတ်ခံရမှာအလွန်ကြောက်တဲ့အတွက် အစားသောက် ကို နည်းနည်းလေးပဲ စားခဲ့တဲ့အတွက် အာဟာရချို.တဲ့ပြီးသေဆုံးခဲ့ရ ပါတယ်တဲ့ …
( ကြောက်ရင် နှစ်ခါသေရတယ်နော် …ဘုရင်ငတ်ပြတ်လို.သေတာ ကြားလို.တောင်မကောင်းဘူး …)

(၉) ရုရှားပြည်ရဲ့ ဧကရီဘုရင်မ ပထမမြောက် အယ်လစ်ဇဘတ် (၁၇၀၉ – ၁၇၆၁) ဟာ အမှောင်ကိုအလွန်ကြောက်တဲ့အတွက် နေ.ခင်းဘက်မှာ သာ အိပ်စက်ခြင်းပြုပါတယ်တဲ့ …

(၁၀) ကမ္ဘာ့. အဆိုးယုတ်ဆုံးအမျိုးသမီးအကြောင်း မိတ်ဆွေတို.ကြားဖူးလား မသိဘူး …

အာရှမိုင်းနား ရှိ ကတ်စပါဒိုစီးယား ရဲ့ မိဘုရား လာအိုဒိုက်စ် ဟာ သူမရဲ့ ခင်ပွန်းကိုစတုတ္ထမြောက် အရိယရသီ ဘုရင် အဖြစ် နန်းတင်ဖို.အတွက် သူမရဲ့ သားအရင်းခေါက်ခေါက်ငါးယောက်ကို သုတ်သင် သတ်ဖြတ်ခဲ့ပါတယ် ။ သူမ ရဲ့ ဆဌမမြောက် သားကတော့ထွက်ပြေး လွတ်မြောက်ခဲ့ပြီး အဲဒီသားတော် ဘုရင်ဖြစ်လာတဲ့ အခါမှာ နန်းတက်ဘိသိတ်ခံပွဲ လုပ်တဲ့နေ.မှာပဲ ….သူ.မယ်တော်ကို သေဒဏ်ပေးခဲ့ပါတယ် ။
ဒါဟာ သမိုင်းမှာ အဆိုးယုတ်ဆုံးအမျိုးသမီးတစ်ယောက်ရဲ့ မှတ်တမ်းပါ …

မြန်မာ့သားကောင်း