Showing posts with label နိုင်ငံတကာသတင်း. Show all posts
Showing posts with label နိုင်ငံတကာသတင်း. Show all posts
မက္ကဆီကိုတွင် မြို့တော်ဝန်အဖြစ် ကျမ်းကျိန်ပြီး နောက်တနေ့ ပစ်သတ်ခံရ

မက္ကဆီကိုတွင် မြို့တော်ဝန်အဖြစ် ကျမ်းကျိန်ပြီး နောက်တနေ့ ပစ်သတ်ခံရ

မက္ကဆီကိုနိုင်ငံရဲ့ တမ်မစ်ခ်ကိုမြို့တော်မှာ အသစ်ခန့်အပ်လိုက်တဲ့ မြို့တော်ဝန်ဟာ မြို့တော်ဝန်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး နောက်တနေ့မှာပဲ ပစ်သတ်ခံလိုက်ရတယ်လို့ မိုရေလို့စ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရာကို ရာမီရဇ်က တွစ်တာမှာ ရေးတင်ထားပါတယ်။

မြို့တော်ဝန် ဂီဆဲလာ မိုတာဟာ နှစ်သစ်ကူးရက် ဇန်န၀ါရီ ၁ ရက်နေ့မှာ မြို့တော်ဝန်ရာထူးတာဝန် စတင်ထမ်းဆောင်ပြီး ၂ ရက်န့မှာတော့ သူ့နေအိမ်မှာပဲ သေနတ်သမားတွေ တိုက်ခိုက်တာ ကြုံရတာလို့ မက္ကဆီကို မြို့တော်သတင်းစာ အလ် ယူနီဗာဆယ်မှာ ရေးသားပါတယ်။

ဒေသရဲတပ်ဖွဲ့က နောက်ပိုင်းမှာ တိုက်ခိုက်သူလို့ ယူဆရသူ ၂ ယောက်ကို ဖမ်းမိထားပြီး နောက်ထပ် ၂ ယောက်ကတော့ သေဆုံးသွားတယ်လို့ မိုရေလိုစ် ရှေ့နေချုပ်ရုံးက ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒီကိစ္စမှာ သေနတ်သမား ၉ ယောက် ပါဝင်ပတ်သက်နေတယ်လို့ တမ်မစ်ခ်ကို အတွင်းရေးမှူးချုပ် ကားလို့စ် ကလ်တန်ကို က ပြောပါတယ်။

ကွန်ဂရက်စ် ဖက်ဒရယ်အဖွဲ့ဝင်ဟောင်း မိုတာက  အကျင့်ပျက်ခြစားမှုတွေကို တိုက်ဖျက်မယ်ဆိုတဲ့ ကတိကြောင့် ခုလို ပစ်မှတ်ထားခံရတာ ဖြစ်မယ်လို့ တာဝန်ရှိသူအချို့က ယူဆထားကြောင်း ကာလ်တန်ကို က ပြောပါတယ်။

မက္ကဆီကိုမှာ မူးယစ်ဆေးဝါး ကုန်ကူးမှုကနေ ငွေကြေးထောက်ပံ့ထားတဲ့ လက်နက်ကိုင်ဂိုဏ်းတွေဟာ ဒေသအာဏာပိုင်တွေ အတော်များများကို ထိန်းချုပ်ထားကြပြီးတော့ မနှစ်တုန်းက မြို့တော်ဝန်အတော်များများ အသတ်ခံခဲ့ရပါတယ်။

From-DVB


မလေးရှားတွင် မြန်မာနိုင်ငံသား ဈေးဆိုင်ပိုင်ရှင်တစ်ဦးနှင့် နောက်တစ်ဦး ဓားခုတ်ခံရကာ သေဆုံးလျက်တွေ့ရှိ

မလေးရှားတွင် မြန်မာနိုင်ငံသား ဈေးဆိုင်ပိုင်ရှင်တစ်ဦးနှင့် နောက်တစ်ဦး ဓားခုတ်ခံရကာ သေဆုံးလျက်တွေ့ရှိ

မလေးရှားနိုင်ငံ ဘန်ဒါမန်ဂျာလာရာအရပ်တွင် အစားအသောက်အရောင်းဆိုင်တစ်ဆိုင်၌ မြန်မာနိုင်ငံသားနှစ်ဦး ဓားဖြင့် ခုတ်သတ်ခံရသည့် ဒဏ်ရာများဖြင့် သေဆုံးလျက်ရှိသည်ကို ဒီဇင်ဘာ ၂၉ ရက်တွင် တွေ့ရှိသည်။

အနီးနားဖြတ်သွားသူတစ်ဦးက သေဆုံးနေသူနှစ်ဦးအား သွေးအိုင်ထဲ လဲကျနေသည်ကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သေဆုံးသူများ မည်သူမည်ဝါဖြစ်ကြောင်း စတင်တွေ့ရှိသူကပင် ပြောကြားခဲ့သည်ဟု လက်ထောက်ရဲမင်းကြီး မန်နုဆာမိက ပြောသည်။

"သေဆုံးသူတစ်ဦးက အစားအစာအရောင်းဆိုင်ပိုင်ရှင် အသက် ၃၄ နှစ်အရွယ်ရှိတဲ့ ကူမားဆိုသူဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ လာစားသောက်တဲ့သူပါ။ အသက် ၄၂ နှစ်ရှိတဲ့ စောဆိုသူဖြစ် တယ်လို့ အလောင်းတွေကို စတွေ့တဲ့သူက ပြောပါတယ်။"ဟု ၎င်းက ဆိုသည်။

"မူခင်းဆရာဝန်တွေရဲ့ စုံစမ်းချက်အရ ကူမားက ဓားဒဏ်ရာ ၁၂ ချက်ရထားပြီး စောမှာ ၁၈ ချက်အထိ ရထားတာ သိရတယ်။"ဟု ဆာမိက ပြောပြီး အခင်းဖြစ်ပွားရာနေရာ၌ လူသတ်လက်နက်တစ်စုံတစ်ရာ မတွေ့ရှိရကြောင်းလည်း ဖြည့်စွက်ပြောသည်။

အလောင်းများကို ရင်ခွဲစစ်ဆေးရန် ကွာလာလမ်ပူဆေးရုံသို့ ပို့ဆောင်ထားသည်။ ယင်းမူခင်းဖြစ်ရပ်ကို လူသတ်မှု ဥပဒေဖြင့် အမှုဖွင့်ထားသည်။

From-Mizzima


ထိုင်းတွင် ဗီဇာသက်တမ်းကုန် ရွှေ့ပြောင်း အလုပ်သမားများအား ဖမ်းဆီးမှုစတင်

ထိုင်းတွင် ဗီဇာသက်တမ်းကုန် ရွှေ့ပြောင်း အလုပ်သမားများအား ဖမ်းဆီးမှုစတင်

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအနက် နေထိုင်လုပ်ကိုင်ခွင့် ဗီဇာသက်တမ်း ကုန်ဆုံးသွားသူများအား ထိုင်းအာဏာပိုင်များက စတင်ဖမ်းဆီးနေကြောင်း သိရသည်။

လက်ရှိအချိန်၌ ဖမ်းဆီးခံနေရသည့် မြန်မာအလုပ်သမား အများစုသည် ၆ နှစ် ဗီဇာသက်တမ်း ကုန်ဆုံးသူများ ဖြစ်ကြောင်းနှင့် ၎င်းတို့အား ပြီးခဲ့သည့် သီတင်းပတ်မှ စတင်ဖမ်းဆီးနေခြင်း ဖြစ်သည်။

အထူးသဖြင့် ထိုင်းနိုင်ငံ မဲဆောက်၊ ဘန်ကောက်၊ မဟာချိုင်၊ ရနောင်း၊ ချင်းမိုင် စသည့် မြို့ကြီးများ၌ ဖမ်းဆီးမှုများ ရှိနေကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ဧရာဝတီကို ပြောသည်။

ယခုရက်ပိုင်းအတွင်း ဖမ်းဆီးမှု အများဆုံးရှိသည့် နေရာသည် ရနောင်းမြို့ဖြစ်ပြီး၊ ဖမ်းဆီမှုများ ဆောင်ရွက်ရာ၌ အလုပ်ရုံများထဲအထိ ၀င်ရောက်ဖမ်းဆီးမှုများ ရှိနေကြောင်း၊ ဖမ်းဆီးခံရသူများကို လ.၀.က အချုပ်ခန်းထဲတွင် ထိန်းသိမ်းထားသည်ဟု ရနောင်းဒေသခံများက ပြောသည်။

ရနောင်းမြို့ ပုစွန်စက်ရုံတခုတွင် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား  ၄၀ ကျော်အား ယနေ့ နံနက်ပိုင်းတွင် ဖမ်းသွားသော်လည်း၊ အလုပ်ရှင်က ကယ်ထုတ်ပေးသည့်အတွက် အများစု ပြန်လည်လွတ်မြောက် လာသော်လည်း လူ ၃ ဦး အချုပ်ခန်း၌ ကျန်ရှိနေသေးသည်ဟု ရနောင်းမြို့ခံ ကိုအောင်သက်ဦးက ဧရာဝတီကို ပြောသည်။

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများအနက် ၆ နှစ် ဗီဇာသက်တမ်း ကုန်ဆုံးသူဦးရေသည် သိန်းဂဏန်းဝန်းကျင် ရှိနိုင်ကြောင်းနှင့် ထိုဗီဇာများကို ၂၀၀၉ ခုနှစ်က စတင်ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး၊ ၂၀၁၅ ခုနှစ် ဇူလိုင်လမှ စတင်သက်တမ်းကုန်ဆုံးနေသူ အများအပြား ရှိနေကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမား တသန်းကျော်အား၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း၊ ၄ နှစ် ဗီဇာ သက်တမ်းရှိ ယာယီနိုင်ငံကူး လက်မှတ်များကို ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။ ၄ နှစ် ဗီဇာသက်တမ်း ကုန်ဆုံးသွားသူများအား ဆက်လက်နေထိုင် လုပ်ကိုင်ခွင့်ရရန် ထပ်မံနှစ်နှစ် တိုးပေးခဲ့၍ စုစုပေါင်း ၆ နှစ် အထိ နေထိုင်ခွင့် ရရှိထားကြကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း၌ တရားဝင် လက်မှတ်ကိုင်ဆောင်ထားသူ မြန်မာနိုင်ငံသား ၁ ဒသမ ၇ သန်းရှိကြောင်း မြန်မာသံရုံးက ဧရာဝတီကို ပြောသည်။

အလုပ်သမားများအနက် မည်သည့်နေ့ရက်တွင် အရေအတွက် မည်မျှထိ သက်တမ်းကုန်ဆုံးမည် ဆိုသည်ကို မြန်မာအစိုးရ အနေဖြင့် သိရှိပြီးဖြစ်ကြောင်း၊ သို့သော် ကုန်ဆုံးသွားသူများအား ဖမ်းဆီးခြင်း မခံရရေးအတွက် မည်သို့ဆောင်ရွက် ပေးသွားမည်ဆိုသည်ကို ကြိုတင်စီစဉ် ဆောင်ရွက်မှု၊ ထိုင်းအစိုးရနှင့် ညှိနှိုင်းထားမှု မရှိသဖြင့် အလုပ်သမားများ အခက်အခဲများနှင့် ရင်ဆိုင်ရခြင်းဖြစ်သည်ဟု မဟာချိုင် အခြေစိုက်၊ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) အဖွဲ့ ဒုဥက္ကဋ္ဌ ဦးအောင်ကျော်က ဧရာဝတီကို ပြောသည်။

“ထိုင်းတနိုင်ငံလုံး အတိုင်းအတာနဲ့ မဖမ်းသေးပေမယ့် ကြိုကြားကြိုးကြား ဖမ်းဆီးမှုတွေ စလုပ်နေပါပြီ။ အလုပ်သမားတွေဟာ ဘယ်မြို့မှာပဲနေနေ ဘယ်နေ့မှာ အဖမ်းခံရမလဲကို ကြောက်လန့်နေရတဲ့ အနေအထား ဖြစ်နေတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့လည်း စိုးရိမ်မှု ဖြစ်ရပါတယ်” ဟု ၎င်းက ဆိုသည်။

ဗီဇာကိစ္စ အပါအ၀င် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရမှုများ၊ အလုပ်သမားများလုပ်ငန်းခွင် လုံခြုံရေး စသည်တို့အား စနစ်တကျ ဆောင်ရွက်ပေးရန် ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရထံသို့ MWRN အဖွဲ့က၊ ဒီဇင်ဘာ လဆန်းပိုင်းတွင် တောင်းဆိုခဲ့သည့်တိုင် သိသာသည့် ဆောင်ရွက်မှု မရှိသေးကြောင်း ရွေ့ပြောင်းအလုပ်သမားများက ပြောသည်။

အရေအတွက် သန်းချီရှိသည့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများထံမှ ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရအပါအ၀င် လုပ်ငန်းရှင်များ၊ အလုပ်သမား ပွဲစားများသည် အကျိုးအမြတ် အများအပြားကို အကျိုးခံစားခွင့် ရနေကြောင်း၊ မြန်မာအစိုးရအနေဖြင့် ရွေ့ပြောင်းအလုပ်သမားများ အေးချမ်းလုံခြုံစွာ အလုပ်လုပ်ကိုင်နိုင်ရန် စနစ်တကျ စီစဉ်ပေးသင့်သော်လည်း အလေးထား လုပ်ဆောင်မှု မရှိကြောာင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (MAT) ဒါရိုက်တာ ဦးကျော်သောင်းက ဧရာဝတီကို ပြောသည်။

“သန်းချီတဲ့ မြန်မာအလုပ်သမားတွေဆီက နှစ်နိုင်ငံအစိုးရက အကျိုးအမြတ် ခံစားခွင့် ရနေပေမယ့် ထိုင်းရဲတပ်ဖွဲ့နဲ့ လ.၀.က အဖွဲ့တို့က အဲဒီလိုဝင်ငွေ မရဘူး။ ဒီတော့ ရဲတွေက လမ်းမှာတွေ့တဲ့ မြန်မာအလုပ်သမားတွေကို မတရားဖမ်းဆီး ငွေတောင်းတာတွေ လုပ်ကြတယ်။ အစိုးရကသာ စနစ်တကျ လုပ်ဆောင်ပေးရင် အဲဒီပြဿနာတွေ ဖြစ်လာစရာ မရှိဘူး” ဟု ဦးကျော်သောင်းက ဆိုသည်။

၆ နှစ်ဗီဇာသက်တမ်း ကိစ္စများအပြင် အလုပ်သမားများနှင့် သက်ဆိုင်သည့် နှစ်နိုင်ငံ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူများသည် လာမည့် ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလတွင် ရန်ကုန်မြို့၌ ဆွေးနွေးညှိနှိုင်းသွားမည် ဖြစ်သည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က ဧရာဝတီကို ပြောဆိုသည်။

၆ နှစ် ဗီဇာသက်တမ်း ကုန်ဆုံးသူများအား စတင်ဖမ်းဆီးနေပြီဖြစ်၍ ၂၀၁၃ ခုနှစ် အတွင်းက ထုတ်ပေးထားသည့် ၄ နှစ် ဗီဇာသက်တမ်း ကုန်ဆုံးကြတော့မည့် အလုပ်သမား အများစုသည်လည်း စိုးရိမ်မှုများ ဖြစ်နေကြကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။

ထိုင်းနိုင်ငံတ၀န်း၌ မြန်မာရွှေ့ပြောင်း အလုပ်သမား ၄ သန်း ၀န်းကျင်ရှိပြီး၊ ယာယီနှစ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ ၁ ဒသမ ၇ သန်း၊ MOU ဖြင့် လာရောက်သူ ၂ သိန်းနှင့် ထိုင်းနိုင်ငံ အစိုးရမှ ထုတ်ပေးထားသော ပန်းရောက်ကတ် ကိုင် ဆောင်ထားသူ ၅ သိန်းဝန်းကျင်ရှိ ကြောင်း အလုပ်သမား အရေးဆောင်ရွက်နေသည့် အဖွဲ့များထံမှ သိရသည်။

From-ဧရာဝတီ


ထိုင်းဘုရင်၏ အနှစ်သက်ဆုံးခွေး သေဆုံး

ထိုင်းဘုရင်၏ အနှစ်သက်ဆုံးခွေး သေဆုံး

နာမကျန်းဖြစ်နေသော ထိုင်းဘုရင်၏ အနှစ်သက်ဆုံးခွေးသည် သေဆုံးခဲ့ပြီဖြစ်ကြောင်း Kasetsart တက္ကသိုလ် တိရစ္ဆာန်ဆေးကုဌာနက ဒီဇင်ဘာ ၂၈ ရက်နှောင်းပိုင်းတွင် ကြေညာ ချက်ထုတ်ပြန်ခဲ့သည်။ ယင်းခွေးမကို အွန်လိုင်းတွင် လှောင်ပြောင်သည့် မှတ်ချက်တစ်ခု ပေးသည်ဟု သံသယရှိမှုဖြင့် အမျိုးသားတစ်ဦးသည် တင်းကျပ်သော တော်ဝင်မိသားစု အသရေဖျက်မှုဥပဒေဖြင့် ဖမ်းဆီးခံခဲ့ရပြီးနောက် ရက်ပိုင်းအတွင်း အဆိုပါခွေး သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဘုရင်ဘူမိဘော အဒူလျာဒက်က ယင်းလေလွင့်ခွေးကို မွေးစားခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် ယင်းခွေးအကြောင်းကို စိတ်လှုပ်ရှားဖွယ် စာအုပ်တစ်အုပ်အဖြစ် ရေးသားခဲ့ပြီးနောက် Tong-daeng (Copper)ဟု အမည်ရသော ယင်းခွေးသည် ထိုင်းနိုင်ငံတွင် အလွန်ထင်ရှားလာခဲ့ပြီး ပုံနှိပ် ဖော်ပြစရာတစ်ခု ဖြစ်လာခဲ့သည်။ သစ္စာရှိမှုနှင့် နာခံမှုအတွက် ချီးကျူးခံခဲ့ရသော ယင်းခွေး၏အကြောင်း ရေးထားသည့်စာအုပ်သည် ယင်းအချိန်က ကျပ်တည်းသော ထိုင်းလူမှုဝန်းကျင်တွင် ပြည်သူများ မည်သို့ နေထိုင်သင့်ကြောင်း ညွှန်းဆို သင်ပြခံခဲ့ရသည့် အရာတစ်ခုဖြစ်လာခဲ့သည်။

Khun Tongdaeng သည် Klai Kang-won Palace လက်ထက်တွင် အိပ်စက်အနားယူနေစဉ် ဒီဇင် ဘာ ၂၆ ရက် နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် ငြိမ်းချမ်းစွာ သေဆုံးခဲ့ကြောင်း ယင်းကြေညာချက်က ဆိုသည်။ ၎င်းသည် ပြီးခဲ့သောနှစ် အနည်းငယ်အတွင်း နာမကျန်းဖြစ်နေပြီး သေဆုံးချိန်တွင် အသက် ၁၇ နှစ် စွန်းရုံသာရှိကြောင်း သိရသည်။ Khun သည် ထိုင်းနိုင်ငံတွင် ဂုဏ်ပြု ခေါ်ဆိုမှု တစ်ခုဖြစ်ပြီး တာဝန်ရှိသူများနှင့် ထိုင်းမီဒီယာများက Tongdaeng ကို ရည်ညွှန်းရာတွင် မကြာခဏ သုံးနှုန်းလေ့ရှိသည်။ ယင်းခွေးသည် နန်းတော်ဓာတ်ပုံများတွင် ပုံမှန်ပါဝင်လေ့ရှိပြီး ၎င်းအကြောင်း ရေးထားသောစာအုပ်သည် ထိုင်းတွင် ဟာရီပေါ်တာ စာအုပ်ကဲ့သို့ ရောင်းအားကောင်းကြောင်း သိရသည်။ Tongdaengအကြောင်းကို ပုဂ္ဂလိကရန်ပုံငွေဖြင့် အခြေပြုရိုက်ကူးထားသော အန်နီမေးရှင်း ဇာတ်ကားတစ်ကားကို ယခုအခါ ထိုင်းရုပ်ရှင်ရုံများ၌ ပြသနေသည်။  အသက် ၂၇ နှစ်ရှိ သာနာကွန်း သီရီပိုင်ဘူးသည် ထိုင်းဘုရင်နှင့် သူ၏ခွေးကို လှောင်ပြောင်ထားသည့် ပို့စ်တစ်ခုကို Facebook တွင် တင်ခဲ့သည်ဟု သံသယရှိမှုဖြင့် ယခုလအစောပိုင်းတွင် ဖမ်းဆီးခံခဲ့ရသည်။ ထိုင်းနိုင်ငံတွင် တော်ဝင်မိသားစုကို အသရေဖျက်မှုများဖြင့် စွဲချက်တင်ခံရသူများသည် စွဲချက်တစ်ခုစီအတွက် ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်သည့် ပြင်းထန်သော ဥပဒေများ ပြဋ္ဌာန်းထားကြောင်း သိရသည်။     

From-Eleven                          


လိပ်ကျွန်းဆန္ဒပြမှု သွေးထိုးသူများကို ရှာဖွေဖော်ထုတ်ရန် ရဲချုပ် အမိန့်ထုတ်

လိပ်ကျွန်းဆန္ဒပြမှု သွေးထိုးသူများကို ရှာဖွေဖော်ထုတ်ရန် ရဲချုပ် အမိန့်ထုတ်

ထိုင်းအမျိုးသားရဲဌာနအကြီးအကဲ ချက်သစ်ချာအီဂျင်ဒါက လိပ်ကျွန်းလူသတ်မှု စီရင်ချက်နှင့် ပတ်သက်ပြီး ဆန္ဒပြမှုများဖြစ်ပွားအောင် နောက်ကွယ်က သွေးထိုးလှုံ့ဆော်သူများကို ရှာဖွေဖော်ထုတ်သွားရန် တစ်နိုင်ငံလုံးက ရဲဌာနများသို့ ဒီဇင်ဘာ ၂၈ ရက်က အမိန့်ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဆန္ဒပြမှုများ နောက်ကွယ်၌ မည်သည့်အုပ်စုမျှ မရှိကြောင်း၊ စွပ်စွဲသကဲ့သို့ ဆန္ဒပြမှုများတွင် နောက်ကွယ်က သွေးထိုးလှုံ့ဆော်မှုများရှိသည်ဆိုခြင်းက မည်သည့် အထောက်အထားမှ မရှိကြောင်း ပြောခဲ့သည်။ သို့သော်လည်း ထိုင်းရဲဌာနက ဆန္ဒပြမှုများသည် နိုင်ငံရေးအမြတ်ထုတ်လို၍ နောက်ကွယ်က သွေးထိုးလှုံ့ဆော်မှုများကြောင့် ပေါ်ပေါက်ခြင်းဖြစ်ကြောင်း အခိုင်အမာ ပြောဆိုဆဲဖြစ်သည်။

ရန်ကုန်ရှိ ထိုင်းသံရုံးရှေ့၊ ထိုင်းနိုင်ငံ ချင်းရိုင်နှင့် ကန်ချန်နာဘူရီတို့နှင့် မျက်နှာချင်းဆိုင် မြန်မာနယ်စပ်တို့တွင် ဒီဇင်ဘာ ၂၄ ရက်က စတင်ကာ ဆန္ဒပြမှုများ စတင်ဖြစ်ပွားနေခြင်းဖြစ်သည်။ ဒီဇင်ဘာ ၂၈ ရက်က သီရိလင်္ကာအထိပါ ဆန္ဒပြမှုများ ပျံ့နှံ့သွားပြီး ကိုလံဘိုမြို့ရှိ ထိုင်းသံရုံးရှေ့တွင် မြန်မာဗုဒ္ဓဘာသာဘုန်းတော်ကြီးများ ဆန္ဒပြသခဲ့ကြသည်။ ထိုပြင် ဂျပန်တွင်လည်း ဆန္ဒပြသမှုအချို့ ပေါ်ပေါက်သည်။

“ထိုင်းတရားရုံးစီရင်ချက်ကို ဆန့်ကျင်တာက လူအုပ်စုတစ်ချို့ပါ။ ဒါကို ထိုင်းရဲတပ်ဖွဲ့အနေနဲ့ ကာကွယ်သွားမှာဖြစ်ပါတယ်။”ဟု ရဲချုပ်က ပြောသည်။

ယခင်ကလည်း ထိုင်းနိုင်ငံအတွင်း ပြစ်မှုကျုးလွန်သည့် မြန်မာနိုင်ငံသားအမှုပေါင်း ၁၂၆ မှုကို စီရင်ချက်ချခဲ့သော်လည်း ယခုကဲ့သို့ ဆန္ဒပြမှုများ မဖြစ်ပွားခဲ့ကြောင်း ဒီဇင်ဘာ ၂၇ ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ လက်ထောက်ရဲဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြားချက်အား ရဲချုပ်က ထပ်လောင်း ပြောခဲ့သည်။

“ရဲဌာနက သွေးထိုးလှုံ့ဆော်နေသူတွေကို ရှာဖွေနေပါပြီ။ လုံခြုံရေးအတွက် ဌာနတိုင်းကို ကျွန်တော် အမိန့်ထုတ်ထားပြီဖြစ်ပါတယ်။ အထူးသဖြင့် အထူးရဲတပ်ဖွဲ့ကိုပါ။ ဒီလို သွေးထိုးလှုပ်ဆော် သူတွေကို ဖော်ထုတ်ရမှာဖြစ်ပါတယ်။”ဟု ၎င်းက ပြောခဲ့သည်။

ထိုင်းတရားရုံးစီရင်ချက်အပေါ် ဆန္ဒပြသမှုများကို စိတ်ဆိုးသည့် ဟန်ရှိသည့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဝေဖန်ပြောဆိုခဲ့ပြီး ရဲချုပ် ချက်သစ်ကလည်း မြန်မာတရားရုံးဆုံးဖြတ်ချက်ကို ထိုင်းနိုင်ငံကသာ ဆန္ဒပြမည်ဆိုလျှင်ဟူ၍ မေးခွန်းထုတ်ခဲ့သည်။

From-Mizzima


လိပ်ကျွန်းအမှုအတွက်ဆန္ဒပြသူများကို ထိုင်းဝန်ကြီးချုပ် ဒေါသတကြီး ဝေဖန်

လိပ်ကျွန်းအမှုအတွက်ဆန္ဒပြသူများကို ထိုင်းဝန်ကြီးချုပ် ဒေါသတကြီး ဝေဖန်

ခိုတောင်ကျွန်းလူသတ်မှုနှင့် ပတ်သတ်၍ မြန်မာနိုင်ငံအတွင်း ဆန္ဒပြနေသူများကို ထိုင်းဝန်ကြီးချုပ် ပယာယွတ် ချန်အိုချာက ဝေဖန်တိုက်ခိုက် ပြောကြားလိုက်သည်။ ဝန်ကြီးချုပ်က ဆန္ဒပြသူများအနေဖြင့် တရားရုံးဆုံးဖြတ်ချက်နှင့် ထိုင်းတရားရေးစနစ်ကို လေးစားသင့်သည်ဟု ပြောကြားသည်။

ဒေါသထွက်နေပုံပေါ်သည့် ဝန်ကြီးချုပ်က ဆူရက်ဌာနီအသွား လေယာဉ်ပေါ်မတက်မီတွင် "သူတို့ အယူခံဝင်ခွင့်ရှိတယ်၊ ဟုတ်လား။ တစ်ကမ္ဘာလုံးက ဥပဒေတွေမှာ ဒီလိုပဲရှိတယ်။ ထိုင်းဥပဒေမှာ မရှိရဘူးလား။ ဖိအားပေးခံရတာနဲ့ အကုန်လွှတ်ပေးရမှာလား " ဟု မီဒီယာများကို ပြောကြားခဲ့သည်။

တရားရေးစနစ်ကို လေးစားသင့်ကြောင်းနှင့် လူထုက ဖိအားပေးသည်ကို လက်ခံမည် မဟုတ်ကြောင်း ထိုင်းစစ်တပ် အာဏာသိမ်းခေါင်းဆောင် ၀န်ကြီးချုပ် ပရာယုချန်အိုချာက ပြောသည်။

ကျန်တော်တို့က ဆန္ဒပြဖိအားပေးတာလည်း ပေးကြပေါ့ဗျာ ဒါပေမဲ့လည်း စည်းလွတ်ဝါးလွတ်ပြောဆိုလုပ်ကိုင်နေတာတွေက မကောင်းဘူး။အမှုက ကမ္ဘာကသိတယ် အယူခံအဆင့်လည်း ရှိသေးတာပဲ။ အခုဆိုရင်ပဲ ထိုင်းဝန်ကြိးချုပ်က ပြောလာပြီလေ။ ဟု ထိုင်းနိုင်ငံတွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့ပြီး ထိုင်းရေးရာကျွမ်းကျင်သူတဦးဖြစ်သည့် ကိုကျော်လင်းဥိးက မှတ်ချက်ပြုပြောဆိုသည်။

( The Ladies News )


ဆန္ဒပြမှုသည် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေနိုင်ကြောင်း ထိုင်းရဲတပ်ဖွဲ့  မှ ပြော

ဆန္ဒပြမှုသည် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေနိုင်ကြောင်း ထိုင်းရဲတပ်ဖွဲ့  မှ ပြော

နိုင်ငံတကာ ၊ လေးမြို့ 
ဒီဇင်ဘာလ ၂၇ ရက် ၊ ၂၀၁၅

လတ်တလော ဖြစ်ပွားနေသော ထိုင်းတရားစီရင်ရေး ကန့်ကွက်ဆန္ဒပြမှုများသည် ထိုင်း-မြန်မာ နှစ်နိုင်ငံကြား ဆက်ဆံရေးကို ထိခိုက်စေနိုင်သည်ဟု ထိုင်းရဲမှူးချုပ် ပီယာဖန်က ပြောကြားလိုက်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအနေဖြင့် လိပ်ကျွန်းလူသတ်မှုတွင် စုံစမ်းစစ်ဆေးမှုများကို တိကျကောင်း မွန်စွာ လုပ်ဆောင်ခဲ့ပြီး မြန်မာများ၊ ဗြိတိန်နိုင်ငံသားများနှင့် သက်ဆိုင်နေသောကြောင့် ရှေ့နေများ၊ အစိုးရဥပဒေအရာရှိများ၊ သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများကို အစအဆုံး သေချာစွာ လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း ပီယာဖန်က ပြောကြားသည်ဟု Mizzima သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ လူသတ်မှုအား ကိုင်တွယ်ကြီးကြပ်ခဲ့သည့် ရဲမှူး ပရာချန်ရူအန်သောင်ကလည်း ယင်းအမှုအား ရဲတပ်ဖွဲ့က စနစ်တကျစုံစမ်းစစ်ဆေးခဲ့ကာ အပြစ်ရှိသူများကို သေဒဏ်ပေးရမည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

သေဒဏ်ချမှတ်ခဲ့သည့် ဆူရတ်ဌာနိခရိုင် ကော့စမွီတရားရုံးကလည်း မြန်မာနှစ်ဦး၏ ကနဦးဝန်ခံချက်ကို အဓိက မထားဘဲ သဲလွန်စအထောက်အထားများအပေါ်တွင်သာ အဓိကထားကာ စီရင်ချက်ချခဲ့ခြင်းဖြစ်ကြောင်း ရဲမှူးချုပ်ပီယာဖန်က ပြောသည်ဟု သိရသည်။

သက်ထားရွှေစင် (လေးမြို့)


ထိုင်းတရားရုံးက ချမှတ်သည့် အမိန့် သည် ကောင်းမွန်လက်ခံနိုင်စရာရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆို

ထိုင်းတရားရုံးက ချမှတ်သည့် အမိန့် သည် ကောင်းမွန်လက်ခံနိုင်စရာရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆို


နိုင်ငံတကာ ၊ လေးမြို့ 
ဒီဇင်ဘာ ၂၇ ရက် ၊ ၂၀၁၅

လိပ်ကျွန်းအမှုတွင် မြန်မာနိုင်ငံသားနှစ်ဦးအား သေဒဏ်ချမှတ်လိုက်ခြင်းနှင့် ပတ်သက်၍ ထိုင်းတရားစီရင်ရေးစနစ်အား မြန်မာနိုင်ငံတစ်ဝှမ်းနှင့် နိုင်ငံတစ်ချို့ တွင် ကန့်ကွက်ဆန္ဒပြနေကြသော်လည်း ထိုင်းတရားရုံးက ချမှတ်လိုက်သော အမိန့်သည် ကောင်းမွန်လက်ခံနိုင်စရာရှိသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမတ်ဒဝီနိုင်က ပြောကြားလိုက်ကြောင်း သိရသည်။

ထို့ပြင် မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးအား ထိုင်းတရားရုံး၏ စီရင်ချက်အပေါ် မြန်မာနိုင်ငံအတွင်း ဆန္ဒပြမှုများက ထိုင်းနှင့် မြန်မာနှစ်နိုင်ငံကြား ဆက်ဆံရေးဆိုးဝါးလာမည်မဟုတ်ဟု ယုံကြည်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆိုကြောင်း Mizzima သတင်း၏ ဖော်ပြချက်အရ သိရသည်။

သို့ သော်လည်း ၄င်းတို့ ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ တောင်းဆိုဆန္ဒပြမှု များကို အလေးဂရုထားကြောင်းနှင့် ဤစီရင်ချက်သည် နိုင်ငံတကာ ကျင့်ဝတ် စံတစ်ရပ်ဖြစ်သည်ဟု ၄င်းက ပြောကြားခဲ့ကြောင်း သိရသည်။

မင်းမြတ်ခိုင် (လေးမြို့)


St Barts ကမ်းခြေ ခရီးစဉ်အတွင်း ရိုက်ကူးခဲ့တဲ့ Nude ဓါတ်ပုံတွေကို Khloe Kardashian ဖော်ပြ

St Barts ကမ်းခြေ ခရီးစဉ်အတွင်း ရိုက်ကူးခဲ့တဲ့ Nude ဓါတ်ပုံတွေကို Khloe Kardashian ဖော်ပြ

ဖြစ်ရပ်မှန် အစီအစဉ် ရဲ့  ကြယ်ပွင့် Khloe Kardashian ဟာ St Barths ကမ်းခြေမှာ ရိုက်ကူးခဲ့တဲ့ ၀တ်လစ်စလစ်(Nude) ဓါတ်ပုံ အချို့ ကို ထပ်မံ ဖော်ပြခဲ့ရာမှာတော့ သူမ ရိုက်ကူးခဲ့ဖူးတဲ့ ဓါတ်ပုံတိုင်းထက် ပို မိုက်နေတာကိုတွေ့ရပါတယ်။

ပိုမိုက်လာတယ်လို့ ဆိုလိုရခြင်းကတော့ သူမဟာ သူမရဲ့ အောက်ပိုင်းအလှ တစ်ခုလုံးကို ထုတ်ဖော်ပြသလိုက်ခြင်းကြောင့်ပါ။ Gym ကစားခြင်းကို စွဲလန်းနေတဲ့ Khloe ဟာ ထိန်းသိမ်းဖို့ ခက်ခဲတဲ့ သူမ ရဲ့ ကောက်ကြောင်းတွေ ကို ကင်မရာ ရှေ့ မှာဖော်ပြခဲ့တာပါ။


သူမ အခုလို ဓါတ်ပုံတွေ ရိုက်ကူးခဲ့ရခြင်းအကြောင်းအရင်းကို မေးမြန်းခဲ့ရာမှာတော့ သူမက သူမနဲ့ Kendall Jenner တို့ ညီအစ်မ ၂ ယောက်ဟာ ခရီးစဉ်အတွင်း ပျင်းရိ လာတာကြောင့် ဒီလို ဓါတ်ပုံရိုက်ဖို့ အိုင်ဒီယာ ရခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

သူတို့ ညီအစ်မ ၂ ယောက်ဟာ မိတ်ကပ် ပညာရှင် Joyce Bonelli ၊ ဆံပင်စတိုင်လ်ပညာရှင် Jen Atkin ၊ ဓါတ်ပုံဆရာ Mike Rosenthal တို့ ရဲ့ အကူအညီ ကို ရယူပြီး ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာပေါ်တွင် ပထမဆုံးအကြိမ် အဖြစ် မိခင်ဖြစ်သူ၏ အဆုတ် အစိတ်အပိုင်း တစ်ခုကို သားဖြစ်သူထံသို့ အောင်မြင်စွာ အစားထိုး ကုသနိုင်ခဲ့

ကမ္ဘာပေါ်တွင် ပထမဆုံးအကြိမ် အဖြစ် မိခင်ဖြစ်သူ၏ အဆုတ် အစိတ်အပိုင်း တစ်ခုကို သားဖြစ်သူထံသို့ အောင်မြင်စွာ အစားထိုး ကုသနိုင်ခဲ့


ဂျပန်နိုင်ငံတွင် မိခင်ဖြစ်သူ၏ အဆုတ် အစိတ်အပိုင်း တစ်ခုကို အသက် သုံးနှစ်အရွယ်ရှိ သားဖြစ်သူထံသို့ အစားထိုး ကုသမှု ပြုလုပ်ခဲ့ရာ အောင်မြင်မှု ရရှိခဲ့ကြောင်း၊ ယင်းအစားထိုး ကုသမှုသည်
အသက် ရှင်လျက်ရှိသော သူထံမှ အဆုတ် အစိတ်အပိုင်း တစ်ခုကို အခြားသူထံ အောင်မြင်စွာ အစားထိုး ကုသမှု ပြုလုပ်နိုင်ခဲ့သည့် ကမ္ဘာ့ ပထမဆုံး  အစားထိုး ကုသမှု တစ်ရပ်ဖြစ်ကြောင်း အိုကာယာမာ တက္ကသိုလ် ဆေးရုံမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား သည်။ အစားထိုး ကုသမှု ပြုလုပ်ခဲ့သော အဆုတ် အလယ်ပိုင်းသည် အသက်ရှူအား ပိုမိုကောင်းသော အဆုတ်အောက် ပိုင်းထက် သေးငယ်သောကြောင့် ကလေးငယ်အတွက် အသင့်လျော်ဆုံး အစိတ်အပိုင်း ဖြစ်ကြောင်း၊ အဆိုပါ ဆေးရုံမှ တာဝန်ရှိသူများက ပြောကြား ခဲ့သော်လည်း ခွဲစိတ် ကုသမှု ခံယူခဲ့သည့် မိခင်နှင့်ကလေး၏ အမည်ကို ထုတ်ဖော် ပြောကြားခြင်း မရှိကြောင်း သိရသည်။ အဆိုပါ ခွဲစိတ်မှုကို ဇူလိုင် ၁ ရက် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်က စတင်ခဲ့ကြောင်း၊ ခွဲစိတ်မှု ပြုလုပ်ပြီး ငါးနာရီခန့် အကြာတွင် ကလေးငယ်သည် အစားထိုး ကုသထားသော အဆုတ်ဖြင့် အသက်ရှူ နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။ယင်းကလေးငယ်သည် ဂျပန်နိုင်ငံတွင် အဆုတ် အစားထိုး ကုသမှုကို ခံယူခဲ့သော အသက် အငယ်ဆုံး ကလေးငယ် ဖြစ်ကြောင်း ဆေးရုံမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။  
မြ၀တီ
ကန့်ကွက်မှုများ ရှိသော်လည်း ခွေးသားစားပွဲတော် တရုတ်မြို့ကြီး တစ်မြို့တွင် ပြုလုပ်မည်

ကန့်ကွက်မှုများ ရှိသော်လည်း ခွေးသားစားပွဲတော် တရုတ်မြို့ကြီး တစ်မြို့တွင် ပြုလုပ်မည်



ယူလင်း၊ ဇွန် ၂၂

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တောင်ပိုင်း မြို့တော်ယူလင်းမှာ နှစ်စဉ် ပြုလုပ်ကျင်းပမြဲ ဖြစ်တဲ့ ခွေးသားစားပွဲကို ထုံးစံအတိုင်း ပြုလုပ်မှာ ဖြစ်တဲ့အတွက် တိရစ္ဆာန် အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ကန့်ကွက်မှုများ ပြုလုပ်နေတယ်လို့ Sky News သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ထောင်ပေါင်းများစွာသော ညစာ ဟင်းပွဲတွေအတွက် အရေဆုတ်ပြီး ဟင်းချက်ဖို့ ခွေးတွေကို လှောင်အိမ်များမှာ လှောင်ထားပုံတွေကိုလည်း ယူလင်းမြို့က လာတဲ့ သတင်းဓာတ်ပုံတွေမှာ တွေ့ရပါ တယ်။

ယမန်နှစ်ကတည်းက ထွက်လာတဲ့ ဒီဓာတ်ပုံတွေဟာ တရုတ်လူမှုကွန်ရက် မီဒီယာတွေမှာလည်း ပျံ့နှံ့နေပြီး ဝေဖန်မှုတွေ ဆူညံသွားပေမယ့် ဒီနှစ်မှာလည်း ဒီပွဲတော်ကို ထပ်ပြီး ပြုလုပ်ဖို့ခွေးတွေစပြီး ဝယ်လှောင်နေကြပါပြီ။
"ချက်မစားခင် ခွေးတွေကို ရိုက်နှက်နေတာ ကျွန်တော်တို့ မြင်ခဲ့ရပါတယ်။ ကျွန်မတို့ စုံစမ်းလေလေ ရက်ရက်စက်စက် လုပ်တာကို တွေ့ရလေလေပါပဲ" ဟု တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး ဌာနမှ တည်ထောင်သူ ဒူယီဖန်းက ပြောဆိုပါတယ်။

ဇွန်လအစောပိုင်း ကတည်းက တက်ကြွသူတွေက ဆန္ဒပြပွဲတွေ လုပ်ကြပြီး ခွေးသားစားပွဲကို ဒေသအာဏာပိုင် တွေက ကြိုပြီးတားပေးဖို့ လုပ်ခဲ့ကြပေမယ့် မအောင်မြင် ခဲ့တဲ့အတွက် ခွေးသားစားပွဲကတော့ ပြုလုပ်နေပါပြီ။

"ဒီနှစ်မှာတော့ အစိုးရကလည်း အင်တာနက်က သတင်းတွေ တွေ့ပြီး ပွဲတော်ကို စုံစမ်းစောင့်ကြည့်ဖို့ ပြင်ဆင်ကြတယ်လို့ ပြောပါတယ်။ ဒီစုံစမ်းတဲ့ အဖွဲ့ကြောင့် ရက်ရက်စက်စက် လုပ်တာတွေတော့ လျော့သွားမယ် ထင်ပါတယ်" လို့ ဒူယီဖန်းက ဆက်ပြောပါတယ်။

ခွေးသားကို တရုတ်နိုင်ငံရဲ့ နေရာအချို့က စားသောက်ဆိုင် မီနူးတွေမှာ တွေ့နိုင်ပြီး ခွေးသားစားတဲ့ ဓလေ့ကတော့ တရုတ်နိုင်ငံလုံးချီပြီး မကျယ်ပြန့်ပါဘူး။

The Voice Weekly


ကန့်ကွက်မှုများ ရှိသော်လည်း ခွေးသားစားပွဲတော် တရုတ်မြို့ကြီး တစ်မြို့တွင် ပြုလုပ်မည်

ယူလင်း၊ ဇွန် ၂၂

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တောင်ပိုင်း မြို့တော်ယူလင်းမှာ နှစ်စဉ် ပြုလုပ်ကျင်းပမြဲ ဖြစ်တဲ့ ခွေးသားစားပွဲကို ထုံးစံအတိုင်း ပြုလုပ်မှာ ဖြစ်တဲ့အတွက် တိရစ္ဆာန် အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ကန့်ကွက်မှုများ ပြုလုပ်နေတယ်လို့ Sky News သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ထောင်ပေါင်းများစွာသော ညစာ ဟင်းပွဲတွေအတွက် အရေဆုတ်ပြီး ဟင်းချက်ဖို့ ခွေးတွေကို လှောင်အိမ်များမှာ လှောင်ထားပုံတွေကိုလည်း ယူလင်းမြို့က လာတဲ့ သတင်းဓာတ်ပုံတွေမှာ တွေ့ရပါ တယ်။

ယမန်နှစ်ကတည်းက ထွက်လာတဲ့ ဒီဓာတ်ပုံတွေဟာ တရုတ်လူမှုကွန်ရက် မီဒီယာတွေမှာလည်း ပျံ့နှံ့နေပြီး ဝေဖန်မှုတွေ ဆူညံသွားပေမယ့် ဒီနှစ်မှာလည်း ဒီပွဲတော်ကို ထပ်ပြီး ပြုလုပ်ဖို့ခွေးတွေစပြီး ဝယ်လှောင်နေကြပါပြီ။
"ချက်မစားခင် ခွေးတွေကို ရိုက်နှက်နေတာ ကျွန်တော်တို့ မြင်ခဲ့ရပါတယ်။ ကျွန်မတို့ စုံစမ်းလေလေ ရက်ရက်စက်စက် လုပ်တာကို တွေ့ရလေလေပါပဲ" ဟု တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး ဌာနမှ တည်ထောင်သူ ဒူယီဖန်းက ပြောဆိုပါတယ်။

ဇွန်လအစောပိုင်း ကတည်းက တက်ကြွသူတွေက ဆန္ဒပြပွဲတွေ လုပ်ကြပြီး ခွေးသားစားပွဲကို ဒေသအာဏာပိုင် တွေက ကြိုပြီးတားပေးဖို့ လုပ်ခဲ့ကြပေမယ့် မအောင်မြင် ခဲ့တဲ့အတွက် ခွေးသားစားပွဲကတော့ ပြုလုပ်နေပါပြီ။

"ဒီနှစ်မှာတော့ အစိုးရကလည်း အင်တာနက်က သတင်းတွေ တွေ့ပြီး ပွဲတော်ကို စုံစမ်းစောင့်ကြည့်ဖို့ ပြင်ဆင်ကြတယ်လို့ ပြောပါတယ်။ ဒီစုံစမ်းတဲ့ အဖွဲ့ကြောင့် ရက်ရက်စက်စက် လုပ်တာတွေတော့ လျော့သွားမယ် ထင်ပါတယ်" လို့ ဒူယီဖန်းက ဆက်ပြောပါတယ်။

ခွေးသားကို တရုတ်နိုင်ငံရဲ့ နေရာအချို့က စားသောက်ဆိုင် မီနူးတွေမှာ တွေ့နိုင်ပြီး ခွေးသားစားတဲ့ ဓလေ့ကတော့ တရုတ်နိုင်ငံလုံးချီပြီး မကျယ်ပြန့်ပါဘူး။

အေးချမ်းမွန် Copy & Credit To >The Voice Weekly< Thank