နာမကျန်းဖြစ်နေသော ထိုင်းဘုရင်၏ အနှစ်သက်ဆုံးခွေးသည် သေဆုံးခဲ့ပြီဖြစ်ကြောင်း Kasetsart တက္ကသိုလ် တိရစ္ဆာန်ဆေးကုဌာနက ဒီဇင်ဘာ ၂၈ ရက်နှောင်းပိုင်းတွင် ကြေညာ ချက်ထုတ်ပြန်ခဲ့သည်။ ယင်းခွေးမကို အွန်လိုင်းတွင် လှောင်ပြောင်သည့် မှတ်ချက်တစ်ခု ပေးသည်ဟု သံသယရှိမှုဖြင့် အမျိုးသားတစ်ဦးသည် တင်းကျပ်သော တော်ဝင်မိသားစု အသရေဖျက်မှုဥပဒေဖြင့် ဖမ်းဆီးခံခဲ့ရပြီးနောက် ရက်ပိုင်းအတွင်း အဆိုပါခွေး သေဆုံးခဲ့ခြင်း ဖြစ်သည်။
ဘုရင်ဘူမိဘော အဒူလျာဒက်က ယင်းလေလွင့်ခွေးကို မွေးစားခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် ယင်းခွေးအကြောင်းကို စိတ်လှုပ်ရှားဖွယ် စာအုပ်တစ်အုပ်အဖြစ် ရေးသားခဲ့ပြီးနောက် Tong-daeng (Copper)ဟု အမည်ရသော ယင်းခွေးသည် ထိုင်းနိုင်ငံတွင် အလွန်ထင်ရှားလာခဲ့ပြီး ပုံနှိပ် ဖော်ပြစရာတစ်ခု ဖြစ်လာခဲ့သည်။ သစ္စာရှိမှုနှင့် နာခံမှုအတွက် ချီးကျူးခံခဲ့ရသော ယင်းခွေး၏အကြောင်း ရေးထားသည့်စာအုပ်သည် ယင်းအချိန်က ကျပ်တည်းသော ထိုင်းလူမှုဝန်းကျင်တွင် ပြည်သူများ မည်သို့ နေထိုင်သင့်ကြောင်း ညွှန်းဆို သင်ပြခံခဲ့ရသည့် အရာတစ်ခုဖြစ်လာခဲ့သည်။
Khun Tongdaeng သည် Klai Kang-won Palace လက်ထက်တွင် အိပ်စက်အနားယူနေစဉ် ဒီဇင် ဘာ ၂၆ ရက် နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် ငြိမ်းချမ်းစွာ သေဆုံးခဲ့ကြောင်း ယင်းကြေညာချက်က ဆိုသည်။ ၎င်းသည် ပြီးခဲ့သောနှစ် အနည်းငယ်အတွင်း နာမကျန်းဖြစ်နေပြီး သေဆုံးချိန်တွင် အသက် ၁၇ နှစ် စွန်းရုံသာရှိကြောင်း သိရသည်။ Khun သည် ထိုင်းနိုင်ငံတွင် ဂုဏ်ပြု ခေါ်ဆိုမှု တစ်ခုဖြစ်ပြီး တာဝန်ရှိသူများနှင့် ထိုင်းမီဒီယာများက Tongdaeng ကို ရည်ညွှန်းရာတွင် မကြာခဏ သုံးနှုန်းလေ့ရှိသည်။ ယင်းခွေးသည် နန်းတော်ဓာတ်ပုံများတွင် ပုံမှန်ပါဝင်လေ့ရှိပြီး ၎င်းအကြောင်း ရေးထားသောစာအုပ်သည် ထိုင်းတွင် ဟာရီပေါ်တာ စာအုပ်ကဲ့သို့ ရောင်းအားကောင်းကြောင်း သိရသည်။ Tongdaengအကြောင်းကို ပုဂ္ဂလိကရန်ပုံငွေဖြင့် အခြေပြုရိုက်ကူးထားသော အန်နီမေးရှင်း ဇာတ်ကားတစ်ကားကို ယခုအခါ ထိုင်းရုပ်ရှင်ရုံများ၌ ပြသနေသည်။ အသက် ၂၇ နှစ်ရှိ သာနာကွန်း သီရီပိုင်ဘူးသည် ထိုင်းဘုရင်နှင့် သူ၏ခွေးကို လှောင်ပြောင်ထားသည့် ပို့စ်တစ်ခုကို Facebook တွင် တင်ခဲ့သည်ဟု သံသယရှိမှုဖြင့် ယခုလအစောပိုင်းတွင် ဖမ်းဆီးခံခဲ့ရသည်။ ထိုင်းနိုင်ငံတွင် တော်ဝင်မိသားစုကို အသရေဖျက်မှုများဖြင့် စွဲချက်တင်ခံရသူများသည် စွဲချက်တစ်ခုစီအတွက် ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်သည့် ပြင်းထန်သော ဥပဒေများ ပြဋ္ဌာန်းထားကြောင်း သိရသည်။
From-Eleven
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
ကန့်ကွက်မှုများ ရှိသော်လည်း ခွေးသားစားပွဲတော် တရုတ်မြို့ကြီး တစ်မြို့တွင် ပြုလုပ်မည် ယူလင်း၊ ဇွန် ၂၂ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တောင်ပိုင်း မြို့တော်ယူလင်းမှာ နှစ်စဉ် ပြုလုပ်ကျ
St Barts ကမ်းခြေ ခရီးစဉ်အတွင်း ရိုက်ကူးခဲ့တဲ့ Nude ဓါတ်ပုံတွေကို Khloe Kardashian ဖော်ပြ ဖြစ်ရပ်မှန် အစီအစဉ် ရဲ့  ကြယ်ပွင့် Khloe Kardashian ဟာ St Barths ကမ်းခြေမှာ ရိုက်ကူးခဲ့တဲ့ ၀တ်လစ်
ဆန္ဒပြမှုသည် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေနိုင်ကြောင်း ထိုင်းရဲတပ်ဖွဲ့  မှ ပြောနိုင်ငံတကာ ၊ လေး
အကူအညီပေးတဲ့ ပစ္စည်းတွေ အကုန်လုံး ဒုက္ခသည်တွေဆီကို ရောက်ရဲ့လားဆိုတာ စဉ်းစားရမယ့် ကိစ္စရပ်တစ်ခုပါ ဇွန်လ ၅ ရက် ၂၀၁၃ ကချင်ဒေသမှ ဒုက္ခသည်များအရေး ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှ
ရုရှား နိုင်ငံတွင် ''missile defense killer'' (ICBM) အမည်ရှိ တိုက်ချင်းပစ် ဒုံးကျည်စမ်းသပ် ပစ်ခတ် ဇွန်လ ၉ ရက် ၂၀၁၃ အမေရိကန်၏ ဒုံးကျည် ကာကွယ်ရေး စနစ်သည် ယခု သီတင်းပတ် အတွင်း ရုရှားနိုင်ငံက
ထောင်ဒဏ် ၃၁ နှစ် ကျခံနေရာမှ ထွက်ပြေးကာ ဖောက်ထွင်းမှု ၂၇ မှု ထပ်မံကျူးလွန်သူကို တရားရုံးများတွင် စတင်စစ်ဆေး Sunday, May 12, 2013 ထောင်ဒဏ် ၃၁ နှစ် ကျခံနေရာမှ ထွက်ပြေးလွတ်မြောက်ပြီး ဖောက်ထွင်းမှု ၂၇ မှု
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)