Showing posts with label အားကစားသတင်း. Show all posts

မြောင်း​ဘွေ - ​ဘောလုံးပြိုင်​ပွဲ ဗိုလ်​လုပွဲ၌ ကျိန်းရိပ်​​​မြေ FC အသင်းနှင့်​ ​မြောက်​ဦးလက်​​ရွှေးစင်​ အသင်းတို့ ​တွေ့ ဆုံ

(Local Sport News)
Feb 25 , 2016

ရခိုင်​ပြည်​နယ်​ ၊ ​မြောက်​ဦးမြို့ နယ်​ ၊ ​မြောင်း​ဘွေစံပြ​ကျေးရွာတွင်​ ယခုကျင်းပပြုလုပ်​​နေ​သော ​မြောင်း​ဘွေ-ဘုန်းကြီးပျံဈာပနဒိုင်း​ဘောလုံးပြိုင်​ပွဲ ​နောက်​ဆုံးဗိုလ်​လုပွဲ၌ မင်းပြားအ​ခြေစိုက်​ ကျိန်းရိပ်​​မြေ FC အသင်းနှင့်​ ​မြောက်​ဦးလက်​​ရွှေးစင်​ အသင်းတို့ ​တွေ့ ဆုံကာ ယှဉ်​ပြိုင်​ရမည်​ဖြစ်​​ကြောင်း သိရသည်​။

အဆိုပါ ဗိုလ်​လုပွဲကို ​မြောင်း​ဘွေ​ကျေးရွာ ​ဘောလုံးကွင်း၌ မနက်​ဖြန်​ ​ဖေ​ဖေါ်ဝါရီလ ၂၆ ရက်​​နေ့ ၊ ည​နေ (၄)နာရီအချိန်​တွင်​ ယှဉ်​ပြိုင်​ကစားကြမည်​ဖြစ်​​ကြောင်း သိရပြီး အဆိုပါ ဗိုလ်​လုပွဲသို့ ပရိသတ်​များ လာ​ရောက်​အား​ပေးကြရန်​ ကျိန်းရိပ်​​မြေ FC အသင်းမှ အသင်း​ခေါင်း​ဆောင်​ ကို​အောင်​လင်းထွန်းက ​ဖိတ်​​ခေါ်ထား​ကြောင်း မင်းပြား-သတင်းတွင်​ ​ဖော်​ပြထားသည်​ကို ​တွေ့ရသည်​။

 "ကျွန်တော်တို့ ဘောလုံးအသင်းဟာ မြောက်ဦးမြို့နယ် မြောင်းဘွေရွာ ဘောလုံးကွင်းမှာ ပြိုင်ဘက် မြောက်ဦး ဘောလုံးအသင်းနဲ့ နောက်ဆုံး ဗိုလ်လုရမှာ ဖြစ်တဲ့အတွက် ကိုယ့်မြို့/နယ်က ပရိတ်သတ်တွေ လာရောက်ကြည့်ရှု အားပေးမှု အရမ်းလိုအပ်နေပါတယ်။ " ဟု အသင်းခေါင်းဆောင် ကိုအောင်လင်းထွန်း၏ ​ပြောကြားချက်​ကို မင်းပြား-သတင်းတွင်​ ​ဖော်​ပြထားသည်​။

အဆိုပါ ​ဘောလုံးပြိုင်​ပွဲကို ​မြောင်း​ဘွေ​ကျေးရွာ ဈာပနပွဲဖြစ်​​မြောက်​​ရေး​ကော်​မတီမှ စီစဉ်​ကျင်းပခြင်းဖြစ်​ကာ ဗိုလ်စွဲသည့်​ အသင်းသည်​ ဆု​ငွေ ကျပ်​ ၁၀ သိန်းတိတိကို ရရှိမည်​ဖြစ်​​ကြောင်း သိရပြီး အဆိုပါပြိုင်​ပွဲသို့ မင်းပြားမြို့နယ်​နှင့်​ ​မြောက်​ဦးမြို့နယ်​ရှိ ​ကျေးရွာများမှ ​ဘောလုံးအသင်းများ ဝင်​​ရောက်​ယှဉ်​ပြိုင်​ခဲ့ကြ​ကြောင်း သိရသည်​။

မောင်​ကာကြီး (​လေးမြို့ )
ဓာတ်​ပုံ -​အောင်​​ဇော်​ဟိန်း(ကျိန်းရိပ်​​​မြေ FC)
"ရွန်နီအနေဖြင့် လန်ဒန်တွင်ခြေစွမ်းပြနိုင်ရုန်းကန်ရလိမ့်မည်ဖြစ်ကြောင်း တိုနီအဒမ် သတိပေး"

အာဆင်နယ်အသင်း ဂန္ထ၀င်တိုက်စစ်မှူး တိုနီအဒမ်က မန်ယူတိုက်စစ်မှူးရွန်နီမှာ လန်ဒန်တွင်ခြေစွမ်းပြနိုင်ရန်ရုန်းကန်ရလိမ့်မည်ဖြစ်ကြောင်း သတိပေးသွားခဲ့သည်။ ရွန်နီကို လန်ဒန် အခြေစိုက်ကလပ်အသင်းများဖြစ်သည့် အာဆင်နယ်အသင်းနှင့် ချဲလ်ဆီးတို့က ခေါ်ယူရန်စိတ်စားနေသည့် အချိန်တွင် အဒမ်ကယခုကဲ့သို့ပြောကြားသွားခဲ့ခြင်းဖြစ်သည်။

အဒမ်က ရွန်နီအနေဖြင့် မန်ချက်စတာမြို့တွင်အနေကြာလာပြီဖြစ်၍ လန်ဒန်မြို့၏ လူနေမှုပုံစံနှင့် အသားမကျမည်ကိုစိုးရိမ်ကာ သူ၏အတွေ့အကြုံများနှင့်ယှဉ်၍ပြောကြားသွား ခဲ့ခြင်း လည်းဖြစ်သည်။ အဒမ်သည် အာဆင်နယ်အသင်းတွင်ကစားခဲ့သည့် 19နှစ်တာကာလအတွင်း ယမကာလုလင်မဖြစ်လာစေရေးအတွက်တိုက်ပွဲဝင်ခဲ့ရသူလည်းဖြစ်သည်။

အသက်(46)နှစ်အရွယ်ရှိ အဒမ်က " အရိုးသားဆုံးပြောရမယ်ဆိုရင် ရွန်နီလန်ဒန်မှာအသားကျဖို့ဆိုတာ မသေချာပါဘူး။ သူရဲ့ပင်ကိုယ်စရိုက်နဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကြောင့် အ ဆင်ပြေမှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ လန်ဒန်မြို့မှာ မတူညီတဲ့ခြားနားတဲ့ စရိုက်အမျိုးမျိုးနဲ့ လူတွေရောကစားသမားတွေရော ရှိနေတာပါ " ဟုပြောကြားသွားခဲ့ သည်။

ရွန်နီမှာ မေးခွန်းထုတ်စရာမလိုသည့် စူပါကစားသမားတစ်ဦးဖြစ်ခြင်းကြောင့် အာဆင်နယ်အသင်းသို့ရောက်လာမည်ဆိုပါက ကြိုဆိုပါကြောင်း ၊ နည်းစနစ်ပိုင်းအရလည်းကောင်းမွန် သည့် ကစားသမားတစ်ဦးဖြစ်ကြောင်းပြောကြားခဲ့သည်။ သို့သော် သူ၏စိတ်ဓာတ်ပိုင်းကြောင့် အာဆင်နယ်အသင်းသို့ ရောက်လာရန် မသေချာကြောင်းပြောကြားခဲ့သည်။

အဒမ်က " လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဖာဂူဆန်ဟာရွန်နီကို ထူးချွန်ပြောင်မြောက်တဲ့ထိပ်တန်းကစားသမားတစ်ဦးဖြစ်အောင် သွန်သင်နိုင်ခဲ့တယ်ဆိုတာ ကျွန်တော် သိပါတယ်။ အာစင်ဝင်းဂါးဟာ လည်းရွန်နီကို ကောင်းကောင်းထိန်းချုပ်ကိုင်တွယ်နိုင်ပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းကိုသူရောက်လာဖို့ကမသေချာပါဘူး။ သူ့အတွက် သုံး ရမယ့် ပြောင်းရွှေ့ကြေးဟာ များပြားလွန်းနေပါတယ် " ဟုပြောကြားသွားခဲ့သည်။

ထို့အပြင်အဒမ်က ရီးရဲလ်အနေဖြင့် ရွန်နီကို ခေါ်ယူရန်ကြိုးစားလာမည်ကိုလည်းစိုးရိမ်မိကြောင်းပြောကြားခဲ့သည်။ အဒမ်က " ရီးရဲလ်အနေနဲ့ ရွန်နီကိုခေါ်ဖို့ စိတ်ဝင်စားလာမှာကို ကျွန်တော်စိုးရိမ်မိပါတယ်။ ရီးရဲလ်လိုအသင်းနဲ့ ကစားသမားတစ်ဦးကို အပြိုင်ခေါ်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ လိဂ်တစ်ခုမှာဗိုလ်စွဲဖို့ဆိုရင် လိဂ်မှာရှိတဲ့ အကောင်းဆုံးကစားသ မားတွေ ကို လိုအပ်ပါတယ် " ဟုပြောကြားခဲ့သည်။

source:thesun.co.uk

~chan mon~

မြန်မာလူငယ် အသင်းနှင့် မလေးရှား (ခ) အသင်းတို့ သရေကျ

Sunday, June 23, 2013

အာဆီယံလူငယ် ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ ပွဲစဉ်(၅) အဖြစ် မြန်မာ လူငယ် အသင်းနှင့် မလေးရှား (ခ)အသင်းတို့ ယနေ့ ညနေ ၄ နာရီက အောင်ဆန်းကွင်းတွင် ယှဉ်ပြိုင် ကစားကြရာ တစ်ဖက်တစ်ဂိုး စီဖြင့် သရေကျခဲ့သည်။

အိမ်ရှင် မြန်မာအသင်းမှာ ပွဲချိန်မိနစ် ၉ဝ အထိ ရှုံးနိမ့်နေသော်လည်း နာကျင် အချိန်ပိုတွင် သွင်းယူခဲ့သော နောက်ကျ ချေပဂိုးဖြင့် သရေတစ်မှတ် ရရှိခဲ့ခြင်း ဖြစ်သည်။ ပွဲအစ နှစ်မိနစ်မှာပင် ဇူစလီက မလေးရှား အတွက် ဂိုးစတင်သွင်း ယူခဲ့ပြီး မြန်မာအသင်း အတွက် ချေပဂိုးကို ကျော်ဇင်ဦးက သွင်းယူခဲ့သည်။ မြန်မာအသင်းမှာ ခြေအသာဖြင့် ကစား နိုင်သော်လည်း အဆုံးသတ်ဂိုးသွင်း မသေချာ၍ သရေ တစ်မှတ်သာ ရရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာအသင်းသည် ယင်းပြိုင်ပွဲတွင် အုပ်စု(ခ)၌ ပါဝင်နေပြီး ငါးပွဲကစား အပြီးတွင် တစ်ပွဲနိုင်၊ သုံးပွဲသရေ၊ တစ်ပွဲရှုံး ခြောက်မှတ် ရရှိထားသည်။ အဖွင့်ပွဲစဉ်တွင် အင်ဒိုနီးရှားကို ၃ ဂိုး- ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ဖိလစ်ပိုင်ကို ၄ ဂိုး- ၁ ဂိုးဖြင့် ပြန်လည် အနိုင်ရရှိ ခဲ့သည်။ ဘရူ နိုင်းနှင့် ၂ ဂိုးစီ သရေ၊ လာအိုနှင့် ၁ ဂိုး စီသရေ၊ ယခု မလေးရှားကို ၁ ဂိုးစီ သရေကျ ထားခြင်း ဖြစ်သည်။ မြန်မာအသင်းသည် ဇွန် ၂၉ ရက်တွင် မလေးရှား (ခ)အသင်းနှင့် အဝေးကွင်း ပွဲစဉ် ယှဉ်ပြိုင် ရမည် ဖြစ်သည်။

မြ၀တီ

၂ဝ၁၄ ဖီဖာ ကမ္ဘာ့ဖလား ပွဲအတွက် နေရာ တစ်နေရာရရှိခဲ့ ပြီဖြစ်သော အီရန် အသင်း

အီရန် အသင်းသည် ဇွန် ၁၈ ရက်က ကစားခဲ့သော ကမ္ဘာ့ဖလား အုပ်စုပတ်လည် ပွဲစဉ်တွင်   တောင်ကိုရီးယား အသင်းအား ၁ဂိုး-ဂိုးမရှိဖြင့် အနိုင် ရရှိခဲ့ပြီးနောက် ဘရာဇီးတွင် ကျင်းပမည့် ၂ဝ၁၄ ဖီဖာ ကမ္ဘာ့ဖလားပွဲ
အတွက် နေရာတစ်နေရာ ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
Ulsan World Cup ကွင်း၌ ကျင်းပသော ၎င်းပွဲစဉ်တွင် အိမ်ရှင် တောင်ကိုရီးယား အသင်းသည် ပွဲချိန် ပထမ ပိုင်းတွင် တစ်လျှောက်လုံး လွှမ်းမိုး ကစားနိုင်ခဲ့သည်။
သို့သော် ကိုရီးယားအသင်းသည် အီရန်အသင်း၏ နောက်တန်းကို ကောင်းစွာ မထိုးဖောက်နိုင် ခဲ့ပေ။ အီရန်အသင်းသည် ပွဲချိန် ဒုတိယပိုင်းရောက်မှ ပိုမိုဖိ ကစားလာခဲ့ပြီး ပွဲအရှိန်မှာလည်း ပိုမို ကောင်းလာခဲ့ခြင်း ဖြစ်သည်။ အီရန်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် မိနစ် ၆ဝ တွင် တိုက်စစ်မှူး ရီဇာကော့ ချန်နီဂျက်က သွင်းယူခဲ့ခြင်း ဖြစ်သည်။ ယခုပွဲစဉ် အပြီးတွင် အီရန်အသင်းသည် ၂ဝ၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စုအေ၏ ထိပ်ဆုံးတွင် အခိုင်အမာ နေရာယူနိုင်ခဲ့ကြောင်း သိရသည်။      
မြ၀တီ
      
ကစားသမားသစ် ခေါ်ယူမှုတွင် မော်ရင်ဟို အာရုံစိုက်မည်

ချဲလ်ဆီးနည်းပြ မော်ရင်ဟိုက အပြောင်းအရွှေ့ ဈေးကွက်တွင် စနစ်တကျ လုပ်ဆောင်ရမည်ဟု ဆိုသည်။ လာမည့်ရာသီတွင်ယူအီးအက်ဖ်အေ၏ ဘဏ္ဍာရေး သင့်တင့်မျှတမှုစည်းမျဉ်း အကျုံးဝင် လာမည်ဖြစ်သောကြောင့် ယခုကဲ့သို့ ဆိုရခြင်းဖြစ်ကြောင်း မော်ရင်ဟိုက ရှင်းလင်းခဲ့သည်။

ချဲလ်ဆီးမှာ ကာဗာနီ၊ ဟော့ခ်၊ မွန်တိုလီဗို စသည့် နာမည်ကျော် ကစားသမားများကို ခေါ်ရန်ကြိုးပမ်းနေကြောင်း သတင်းထွက်ပေါ်နေသော်လည်း အပြောင်းအရွှေ့ ဆောင်ရွက်မှု မမှားယွင်းရန် အရေးကြီးသည်ဟု မော်ရင်ဟိုက ဆိုခဲ့ပြီး အသင်းဘုတ်အဖွဲ့ဝင်များနှင့် ညှိနှိုင်းတိုင်ပင်ရမည်ဟု ပြောကြားခဲ့သည်။

မော်ရင်ဟိုမှာ ပထမအကြိမ် ချဲလ်ဆီးနည်းပြအဖြစ် ဆောင်ရွက်ခဲ့စဉ်က ပထမရာသီတွင် ပေါင်သန်း ၇၀ အသုံးပြုခဲ့သော်လည်း ယခုအခါတွင် ထိုကဲ့သို့ အသုံးပြုဖွယ်မရှိပေ။ သို့သော် တစ်ကျော့ပြန် ချဲလ်ဆီးနည်းပြအဖြစ် ပထမဆုံး ခေါ်ယူခဲ့သည့် ကစားသမား ရှူရာလီအတွက် ပေါင် ၁၈သန်း ပေးချေခဲ့ရသည်။
YoYarLay

http://yoyarlay.com/sport/football/36169-2013-06-17-18-25-58

အေးချမ်းမွန် Copy & Credit To >YoYarLay < Thank
အာဆင်နယ်သို့ အပြောင်းအရွှေ့ ပျက်ပြယ်မည်ဟု ဖယ်လိုင်နီ စိုးရိမ်

အာဆင်နယ် အသင်း၏ ငွေကြေးသုံးစွဲမှု ပေါ်လစီကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက်မှု ရှိမလာမည်ကို မော်ရို ဖယ်လိုင်နီ အနေဖြင့် စိုးရိမ်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အာဆင်နယ် အသင်းသည် အဲဗာတန်၏ ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ် ကစားသမားကို စိတ်ဝင်တစား ချိတ်ဆက်နေသော်လည်း အပြောင်းအရွှေ့ အောင်မြင် ထမြောက်မှု မရှိသေးချေ။ အာဆင်နယ်က ဈေးကွက်ထဲတွင် ရင်းနှီးမြှုပ်နှံရန် ပြောင်းရွှေ့ကြေး အသုံးစရိတ် အလုံအလောက် ရှိနေကြောင်း ပြောဆိုထားသော်လည်း ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း အာဆင်နယ်သည် ကစားသမား ဝယ်ယူမှုတွင် ငွေကြေး အမြောက်အမြား သုံးစွဲမှုမျိုးကို ရှောင်ကြဉ်ခဲ့သည့် သာဓကများ ရှိနေသည်။

အဲဗာတန်သည် အသက်(၂၅)နှစ်ရှိ ဖယ်လိုင်နီအတွက် အနည်းဆုံး ပေါင်စတာလင် (၂၃)သန်းမျှ တောင်းဆိုဖွယ် ရှိနေရာ ထိုအနေအထားတွင် အာဆင်နယ်၏ ချဉ်းကပ်မှု လက်တွေ့ ဖြစ်နိုင် မဖြစ်နိုင်ကို ဖယ်လိုင်နီက စိုးရိမ်နေခြင်းဟု သိရသည်။ အဲဗာတန် မန်နေဂျာသစ် ရောဘတ်တို မာတီနက်ဇ်က ဖယ်လိုင်နီကို ဆက်ထိန်းထားရန် ဆန္ဒရှိနေပြီး အကယ်၍ မဖြစ်မနေ ရောင်းထုတ်ရပါကလည်း စာချုပ်ပါ သတ်မှတ် ဈေးနှုန်းအတိုင်း ပေါင်စတာလင် (၂၃)သန်းထက် လျော့နည်းသည့် မည်သည့် ကမ်းလှမ်းမှုကိုမဆို ငြင်းပယ်ရန် စဉ်းစားထားကြောင်း သတင်းများက ဖော်ပြထားသည်။
မန်ယူ၏ ဘောလုံးသံတမန်အဖြစ် ဘက်ဟမ်းကို ကမ်းလှမ်းဖွယ်ရှိ

မန်ချက်စတာ ယူနိုက်တက် အသင်းတွင် ဒေးဗစ်ဘက်ဟမ်း အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ သံတမန် ရာထူးအတွက် ထမ်းဆောင်ခွင့် ရှိလာနိုင်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ ယူနိုက်တက် အသင်းပိုင်ရှင် အမေရိကန် သူဌေးများဖြစ်သော ဂလေဇာ မိသားစုက ဘက်ဟမ်း အနေဖြင့် အသင်း၏ ကြီးမားပြီးသား ကမ္ဘာသိ ပုံရိပ်ကို ပိုမို မြှင့်တင်နိုင်မည်ဟု ယုံကြည်လျှက် ရှိသည်။ အဆိုပါ အခြေအနေအတွက် ဘက်ဟမ်းကို သံတမန်ရာထူး ကမ်းလှမ်းနိုင်ရေးသည် အသင်းမန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန်ထံမှ အကူအညီ ရယူရဖွယ် ရှိနေသည်။

ဖာဂူဆန်နှင့် ပြဿနာ အချို့ကြောင့် ယူနိုက်တက်မှ ဘက်ဟမ်း (၂၀၀၃)ခုနှစ်တွင် ထွက်ခွာသွားခဲ့သော်လည်း ဆရာတပည့် နှစ်ဦး၏ ဆက်ဆံရေးမှာ နောက်ပိုင်းတွင် ပြန်လည် ကောင်းမွန်လာခဲ့သည်။ ယူနိုက်တက်တွင် ဒါရိုက်တာ ရာထူးတစ်နေရာ ရယူမည့် ဖာဂူဆန်သည် ဘက်ဟမ်းကိစ္စတွင် အသင်းကို ကူညီသွားဖွယ် ရှိနေသည်။ အိုးလ်ထရက်ဖို့ဒ်နှင့် နီးစပ်သူများက "ဂလေဇာတွေက ဘက်ဟမ်းရဲ့ ပုံရိပ်ဟာ အသင်းအတွက် ကြီးကြီးမားမား အကျိုးအမြတ် ဖြစ်စေမယ်လို့ ယုံကြည်နေကြတယ်။ ဆာအဲလက်စ်ကတော့ ဒီကဏ္ဍမှာ ပါဝင်လာဖို့ ရှိနေတယ်။ ဘာတွေ ဖြစ်လာမယ် ဆိုတာကတော့ စိတ်ဝင်စားစရာပဲ"ဟု ပြောကြားခဲ့ကြသည်။ ဘက်ဟမ်းသည် ပြီးခဲ့သည့်လက PSGတွင် ကစားနေရာမှ ဘောလုံးလောကကို စွန့်ခွာ အနားယူရန် ဆုံးဖြတ်ခဲ့သည်။

အသက်(၃၈)နှစ်ရှိ ဘက်ဟမ်းသည် ၎င်းဘဝတွင် ယူနိုက်တက်ကို ထာဝရ တွယ်တာနေဆဲဖြစ်ကြောင်း အစဉ်သဖြင့် ပြောဆိုလေ့ ရှိသည်။ ၎င်းသည် ပေါင်စတာလင် သန်း(၂၀)မျှ တန်ကြေးရှိသည့် (၅)နှစ် သက်တမ်း စာချုပ်တစ်ရပ်ကိုလည်း Sky TV၏ တင်ဆက်သူအဖြစ် ပါဝင်ရန် သဘောတူ လက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။
Planet Myanmar Network
အာဆင်နယ်သို့ ပြောင်းရွှေ့နိုင်ခြေသတင်းအား ဟီဂူအင်း ငြင်းဆိုခြင်းမပြု

“အာဆင်နယ်သို့ ပြောင်းရွှေ့နိုင်ခြေသတင်းအား ဟီဂူအင်း ငြင်းဆိုခြင်းမပြု”

အာဆင်နယ် အသင်းသို့ ပြောင်းရွှေ့နိုင်ခြေရှိကြောင်း သတင်းများကို ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူး ဂွန်ဇာလို ဟီဂူအင်းက ပယ်ချခဲ့ခြင်း မရှိချေ။ အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူးကို ပေါင်စတာလင် သန်း(၂၀)မျှဖြင့် ရီးယဲလ်က ရောင်းထုတ်ရန် စီစဉ်ထားသလို ကစားသမား ကိုယ်တိုင်ကလည်း ဘာနေဗျူးမှ ထွက်ခွာရန် စိတ်ပိုင်းဖြတ်ထားသည်။ 

အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးသည် ထိပ်တန်းအဆင့် တိုက်စစ်မှူးသစ် တစ်ဦးကို နွေရာသီ ဈေးကွက်အတွင်း ဝယ်ယူရန် စီစဉ်ထားရာ ဟီဂူအင်းသည်လည်း ပစ်မှတ် တစ်ခုအနေဖြင့် ပါဝင်နေသည်။ ဟီဂူအင်းက ၎င်းအတွက် လန်ဒန်အခြေစိုက် ကလပ်မှာ စဉ်းစားသင့်သည့် အခြေအနေဖြစ်ကြောင်း ဝန်ခံခဲ့သည်။

Read more http://www.planet.com.mm/news/read.cfm/id/21693
အာဆင်နယ် အသင်းသို့ ပြောင်းရွှေ့နိုင်ခြေရှိကြောင်း သတင်းများကို ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူး ဂွန်ဇာလို ဟီဂူအင်းက ပယ်ချခဲ့ခြင်း မရှိချေ။ အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူးကို ပေါင်စတာလင် သန်း(၂၀)မျှဖြင့် ရီးယဲလ်က ရောင်းထုတ်ရန် စီစဉ်ထားသလို ကစားသမား ကိုယ်တိုင်ကလည်း ဘာနေဗျူးမှ ထွက်ခွာရန် စိတ်ပိုင်းဖြတ်ထားသည်။ အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးသည် ထိပ်တန်းအဆင့် တိုက်စစ်မှူးသစ် တစ်ဦးကို နွေရာသီ ဈေးကွက်အတွင်း ဝယ်ယူရန် စီစဉ်ထားရာ ဟီဂူအင်းသည်လည်း ပစ်မှတ် တစ်ခုအနေဖြင့် ပါဝင်နေသည်။ ဟီဂူအင်းက ၎င်းအတွက် လန်ဒန်အခြေစိုက် ကလပ်မှာ စဉ်းစားသင့်သည့် အခြေအနေဖြစ်ကြောင်း ဝန်ခံခဲ့သည်။

"အာဆင်နယ်လား။ ကျွန်တော်နဲ့ သင့်တော်မယ် ထင်ပါတယ်။ ပြီးတော့ ကျွန်တော်က အသက်ငယ်သေးတယ်။ ဂိုးတွေလည်း သွင်းနိုင်ပါသေးတယ်။ ဖြစ်နိုင်ခြေကတော့ အများကြီးရှိတယ်။ ကျွန်တော့် အနေနဲ့လည်း မကစားဖူးတဲ့ ပြိုင်ပွဲတစ်ရပ်မှာ ကိုယ့်အရည်အသွေးကိုယ် စမ်းသပ်ကြည့်ချင်သေးတယ်"ဟု ဟီဂူအင်းက မှတ်ချက်ပြုခဲ့သည်။ ၎င်းက ရီးယဲလ်မှ ထွက်ခွာပြီး မည်သည့်အသင်းသို့ ဦးတည်မည် မသေချာသေးဟုလည်း ဝန်ခံခဲ့သည်။ Metroနှင့် အင်တာဗျူးတွင် ၎င်းက "ကမ်းလှမ်းမှုတွေတော့ ရှိပါတယ်။ ရီးယဲလ် အနေနဲ့ အသင်းအတွက်ရော၊ ကျွန်တော့်အတွက်ကိုပါ အကောင်းဆုံး စဉ်းစားပေးနိုင်ပါစေလို့ ကျွန်တော် မျှော်လင့်တယ်"ဟု ဖွင့်ဟသွားသည်။

Source: DailyMail
ရွန်နီအတွက် ပေါင်သန်း ၃၀ နဲ့ ကမ်းလှမ်းဖို့ ရှိနေတဲ့ ပီအက်စ်ဂျီ

Daily Express ရဲ့ အဆိုအရ ပြင်သစ် အမှတ်ပေး ချန်ပီယံအသင်းဖြစ်တဲ့ ပဲရစ် စိန့်ဂျာမိန်းက မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဖြစ်သူ ၀ိန်းရွန်နီအတွက် ယခုနွေရာသီ အပြောင်း အရွှေ့မှာ ပေါင်သန်း ၃၀နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး တစ်ပတ်လုပ်ခ ပေါင် ၃၀၀၀၀၀ ပေးဖို့လည်း ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
အသက် ၂၇ နှစ်အရွယ် ၀ိန်းရွန်နီဟာ အိုးထရက်ဖို့ဒ်မှ ပြောင်းရွေ့ဖို့ ထွက်ခွာခွင့် တောင်းဆိုထားပေမယ့် အသင်းရဲ့ မန်နေဂျာဟောင်းဖြစ်သူ ဆာအဲလက်စ် ဖာဂူဆန်ကတော့ ယခုနွေမှာ ရွန်နီအသင်းမှ ထွက်ခွါတော့မယ်ဆိုတဲ့ ကောလဟာလတွေကို ငြင်းဆန်ခဲ့ ပါသေးတယ်။ PSG အသင်းဖက်ကလည်း ဒီအင်္ဂလန်တိုက်စစ်မှူးအတွက် ပေါင်သန်း ၃၀ မျှ အသုံးပြုရင် လုံလောက်မယ်လို့ ယုံကြည်နေပြီး ရွန်နီရဲ့ လုပ်ခလစာအတွက် တစ်နှစ်ကို ပေါင် ၁၅ သန်းတန်ဖိုးရှိတဲ့ ၄ နှစ်စာချူပ်တစ်ရပ် ချုပ်ဆိုဖို့ ပြင်ဆင်နေ တယ်လို့ သိရပါတယ်။ ပြင်သစ်ကလပ် အသင်းဖက်က အကယ်၍ ရွန်နီအနေနဲ့ ဒီစာချုပ်ကို မကြိုက်သေးဘူး ဆိုရင်လည်း သူ့စိတ်ကြိုက် အချက်အလက်တွေကို တောင်းဆိုခွင့် ရှိတယ်လို့ ဆိုထားပါတယ်။
ရွန်နီနှင့် မန်နေဂျာအသစ် မိုရက်စ်တို့ အနေနဲ့ နှစ်ဦးနှစ်ဖက်ကြား တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်ထား ခဲ့ပေမယ့် ရွန်နီရဲ့ ဒုတိယကလေး ဖွားမြင် ခဲ့တာကြောင့် တွေ့ဆုံဆွေးနွေးခြင်း မပြုလုပ်ရသေးဘူးလို့ သိရပါတယ်။ အသင်းမှာ မတည်မငြိမ် ဖြစ်နေတဲ့ ရွန်နီဟာ အိုးထရက်ဖို့ကနေ ထွက်ခွါမယ်ဆိုတဲ့ သတင်းကို ကြားသိရတာ လအနည်းငယ် ရှိပြီဖြစ်သလို အာဆင်နယ်၊ ချယ်လ်ဆီး အပါအ၀င် အသင်းများစွာက သူ့ကို အလိုရှိနေ ပါတယ်။ တကယ်လို့သာ ရွန်နီအနေနဲ့ PSG ကို ပြောင်းရွှေ့ခဲ့မယ် ဆိုရင်တော့ ဇာလတန် အီဗရာမိုဗစ်ခ်ျနဲ့ ထွက်ဖက်ကစားရဖွယ် ရှိပြီး ဥရောပမှာ ကြောက်မက်ဖွယ် အကောင်းဆုံး တိုက်စစ် ဖြစ်လာနိုင် ပါတယ်။
ကောလဟာလ သတင်းများအရ မန်ချက်စတာ ယူနိုက်တက်အသင်းအနေနဲ့ အဲဗာတန်မှ လေတန် ဘိန်းစ် နှင့် ဖယ်လိုင်နီကို အလိုရှိနေတာကြောင့် ရွန်နီကို ရောင်းပြီး ရလာမယ့် ပြောင်းရွှေ့ကြေးဟာ အသင်းရဲ့အင်အားထဲကို တစ်ပြိုင်နက်တည်း ပြန်လည် ရောက်ရှိသွားမယ်လို့ ဆိုကြပါတယ်။ ယူနိုက်တက်အနေနဲ့ ဘိုင်ယန်၊ ချယ်လ်ဆီးနှင့် အခြား ဥရောပအသင်းများက စိတ်ဝင်စားလျက်ရှိနေတဲ့ လီဝန်ဒေါစကီးကိုလည်း စောင့်ကြည့်နေ တယ်လို့ သိရပါတယ်။

Myanmar Manchester United
ရော်နယ်ဒိုအား ပေါင်သန်း ၈ဝ ဖြင့်ခေါ်ယူမည်

=========================

လန်ဒန်   မေ   ၂၃
ရီးယဲလ်အသင်း၏ နည်းပြ ဟိုဆေးမော်ရင်ဟိုသည်   ချယ်လ်ဆီးသို့ ပြောင်းရွှေ့ လာပြီး နောက်ပိုင်းတွင် ၎င်းအသင်းမှ ပေါ်တူဂီ ကွင်းလယ် ဖန်တီးရှင် ရော်နယ်ဒို အား ပေါင်
သန်း ၈ဝ ဖြင့် ခေါ်ယူရန် စီစဉ် လျက်ရှိကြောင်း သိရသည်။

အသက် ၂၇ နှစ်ရှိ ရော်နယ်ဒို အတွက်   ရီးယဲလ်အသင်းက တောင်းဆိုထားသော ပြောင်းရွှေ့ ကြေးကို ပေးနိုင်သည့်  အသင်းမှာ များများ စားစား ရှိမည် မဟုတ်ပေ။

မန်စီးတီး၊ ပဲရစ်စိန့် ဂျာမိန်းနှင့် ချယ်လ်ဆီးတို့သာ ၎င်းနှုန်းထားကို ပေး နိုင်ဖွယ် ရှိလေသည်။ ရီးယဲလ် အသင်းသည် ယခုအခါ တွင် ၎င်း ကစား သမား၏ စာချုပ် ကိစ္စကို ဆွေးနွေး တော့မည် ဖြစ်သလို...read more: http://www.myawady.com.mm/sport/globalsportnews/item/14847-2013-05-24-14-10-46
ရီးယဲလ်အသင်း၏ နည်းပြ ဟိုဆေးမော်ရင်ဟိုသည်   ချယ်လ်ဆီးသို့ ပြောင်းရွှေ့ လာပြီး နောက်ပိုင်းတွင် ၎င်းအသင်းမှ ပေါ်တူဂီ ကွင်းလယ် ဖန်တီးရှင် ရော်နယ်ဒို အား ပေါင်
သန်း ၈ဝ ဖြင့် ခေါ်ယူရန် စီစဉ် လျက်ရှိကြောင်း သိရသည်။
အသက် ၂၇ နှစ်ရှိ ရော်နယ်ဒို အတွက်   ရီးယဲလ်အသင်းက တောင်းဆိုထားသော ပြောင်းရွှေ့ ကြေးကို ပေးနိုင်သည့်  အသင်းမှာ များများ စားစား ရှိမည် မဟုတ်ပေ။
မန်စီးတီး၊ ပဲရစ်စိန့် ဂျာမိန်းနှင့် ချယ်လ်ဆီးတို့သာ ၎င်းနှုန်းထားကို ပေး နိုင်ဖွယ် ရှိလေသည်။ ရီးယဲလ် အသင်းသည် ယခုအခါ တွင် ၎င်း ကစား သမား၏ စာချုပ် ကိစ္စကို ဆွေးနွေး တော့မည် ဖြစ်သလို ဆုံးဖြတ်ချက် တစ်ခုကို လာမည့် သီတင်းပတ် အနည်းငယ် အတွင်း  ချမှတ်သွားမည် ဖြစ်ကြောင်း သိရသည်။
မော်ရင်ဟိုသည် ရီးယဲလ်မှ ထွက်ခွာ ၍ ချယ်လ်ဆီး အသင်းတွင် နည်းပြ အဖြစ် ပြန်လည် တာဝန်ယူရန် ကျိန်းသေ ပါက အဆိုပါ ကိစ္စ ရပ်အား အလျင် အမြန် ဆောင်ရွက် သွားဖွယ် ရှိကြောင်း သိရသည်။
(အင်တာနက်)
ဖာဂူဆန် ကိုင်တွယ်မည့် မန်ယူနောက်ဆုံးပွဲကို ရွန်နီလွဲချော်

မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ဆာအဲလက်စ် ဖာဂူဆန် မန်နေဂျာအဖြစ် နောက်ဆုံး ကိုင်တွယ်မည့် ပွဲစဉ်ကို ဝိန်းရွန်နီ လွဲချော်မည် ဖြစ်ကြောင်း သိရှိရသည်။

အသင်းမှ ထွက်ခွာခွင့် တောင်းခံထားသော အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးသည် ဖာဂူဆန့် နေရာတွင် ဆက်ခံမည့် ၎င်း၏ ဆရာဟောင်း ဒေးဗစ်မိုယက်စ်နှင့် ဆွေးနွေးမှုများ ပြုလုပ်ရန်အတွက် ရည်ရွယ်ထားပြီး အသင်းက ၎င်းကို ကြိုတင် ပြင်ဆင်ခွင့်များအတွက် နားရက်ပေးခဲ့သည်။ ထို့ကြောင့်လည်း ရွန်နီသည် ယနေ့ညတွင် အသင်းနှင့်အတူ ဝက်စ်ဘရွန်းဝစ်ခ်ျ၏ အိမ်ကွင်းသို့ လိုက်ပါသွားမည် မဟုတ်ချေ။ ရွန်နီ၏ ဇနီးဖြစ်သူ ကောလင်းမှာလည်း ဒုတိယ ကိုယ်ဝန်ကို မီးဖွားရန် နီးကပ်နေပြီ ဖြစ်ခြင်းကြောင့် အသင်းက ရွန်နီအား အနားယူရန် ခွင့်ပြုပေးထားခဲ့သည်။ ရွန်နီသည် ချန်ပီယံဆုဖလားကို အိုးလ်ထရက်ဖို့ဒ်တွင် လက်ခံရယူသည့် ဆွမ်ဆီးနှင့် ပွဲစဉ်ကိုလည်း ပွဲကြည့်စင်မှသာ ကြည့်ရှုခဲ့သည်။

ဖာဂူဆန် မန်ယူအသင်းမှ အနားယူမည်ဟု ကြေညာခဲ့စဉ်က အသက်(၂၇)နှစ်ရှိ ကစားသမားကလည်း မန်ယူမှ ထွက်ခွာရန် ခွင့်တောင်းခဲ့ပြီး မတည်မငြိမ် အနေအထားတစ်ခု ဖြစ်နေသည်။ ၎င်းသည် မိမိကို အဲဗာတန် အသင်း၌ ပရော်ဖက်ရှင်နယ် အခွင့်အရေး စပေးလာသည့် မိုယက်စ်နှင့် အလုပ်တွဲလုပ်ရန် စဉ်းစားထားသော်လည်း ၎င်း၏ အနာဂတ်နှင့် ပတ်သက်ပြီး တိတိကျကျ သိရှိရန် ဆွေးနွေးသွားမည်ဟု သိရှိရသည်။ ရွန်နီ၏ ကိုယ်ရေး အထုပ္ပတ္တိ စာအုပ်တွင် မိုယက်စ်က သတင်းအချက်အလက် အချို့ကို မီဒီယာများထံ ပေါက်ကြားစေခဲ့ကြောင်း ထည့်သွင်း ရေးသားဖူးခြင်းကြောင့် ၎င်းတို့နှစ်ဦး သဘောထား ကွဲလွဲမှုများ ရှိခဲ့ဖူးသည်။

သို့သော်လည်း မိုယက်စ်ကမူ ရွန်နီနှင့် ပတ်သက်ပြီး လိုလားနှစ်သက်သည့် ပြောစကားမျိုးသာ ပြုလုပ်ခဲ့သလို ရွန်နီကလည်း မိမိကို ဖုန်းဆက်ကာ ပုဂ္ဂိုလ်ရေး တောင်းပန်မှု ပြုလုပ်ခဲ့ကြောင်း ထုတ်ဖော် ပြောဆိုထားသည်။ မိုယက်စ်သည် ယခုလ မကုန်မီ ရွန်နီနှင့် အနာဂတ် ကိစ္စအတွက် အလေးအနက် ဆွေးနွေးသွားမည် ဖြစ်သည်။ 
Ref: Daily Mail

ZinYawNews

ZinYawNew
မျက်ရည်တွေ မထိန်းနိုင်အောင် ဒေးဗစ်ဘက်ခမ်း ဝမ်းနည်းပြီ

Sunday, May 19, 2013

ပြင်သစ်က Paris St. Germain အသင်းမှာ ကပ္ပတိန် အဖြစ် ကစားနေတဲ့ ဒေးဗစ်ဘက်ခမ်းဟာ အဲဒီ အသင်းနဲ့ Brest ဘောလုံး အသင်းတို့ မနေ့ညက ကန်တဲ့ အခါ ပွဲစပြီး မိနစ် ၈ဝ အကြာမှာ ခေတ္တ အစားထိုး အဖြစ် ဘတ်ခမ်း ဝင်ရောက် ကစားခဲ့ပြီး ၅ မိနစ်လောက် ကြာတဲ့အခါ သူဟာ မျက်ရည်တွေ မထိန်းနိုင်အောင် ဝမ်းနည်းပြီး ငိုပါတော့တယ်။

ဒေးဗစ် ဘက်ခမ်း ဟာ ဘောလုံး လောကထဲက အပြီး ထွက်ခွာ သွားတော့မယ် ဆိုတာကို သူ့အသင်းသားတွေက သိကြတော့ သူ့ကို ဝိုင်းချီမပြီး လေထဲမြောက်ကာ ကောင်းချီး သြဘာ ပေးခဲ့ကြပါတယ်။

အဲဒီ အချိန်မှာ ပွဲကြည့် ပရိသတ် တွေကလည်း မတ်တပ် ထရပ်ပြီး သြဘာပေးကြပါတယ်။

ပွဲလာကြည့်သူတွေထဲက တယောက်က နောက်တနှစ် ထပ်ကန်ပေးပါဦး ဆိုတဲ့ ပိုစတာလေး ကိုင်ပြီး မေတ္တာ ရပ်ခံတာကိုလည်း တွေ့ရပါတယ်။

ပရိသတ်တွေထဲမှာ ဘတ်ခမ်းရဲ့ မိသားစု အပြင် ပြင်သစ် သမ္မတဟောင်း နီကိုလပ် ဆာကိုဇီလည်း ပါဝင်ပါတယ်။

သူတို့ အသင်းဟာ ဘတ်ခမ်း ဝင်ကစားတဲ့ အချိန်မှာ တဖက် အသင်းကို ၃ ဂိုး တဂိုး နဲ့ အနိုင်ရနေပြီး ဖြစ်ပါတယ်။

BBC Burmese

ကစားသမား ၂ ဦး အချင်းများမှုကြောင့် ဘာစီလိုနာ အရှက်ရ

Saturday, May 18, 2013

ဘာစီလိုနာ အသင်းမှ ကစားသမားများ ဖြစ်သည့် ပီကေးနှင့် အဲလက်စ်ဆောင်းတို့သည် အသင်း လာလီဂါ ချန်ပီယံဆုနှင့် အတူ ပရိသတ်များ ရှေ့မှောက် မြို့တွင်း လှည့်လည် အောင်ပွဲခံနေစဉ် အောင်ပွဲခံ အမိုးဖွင့် ဘတ်စ်ကားပေါ်တွင် အချင်းများခဲ့ကြကြောင်း သိရသည်။
ယင်းမြင်ကွင်းကြောင့် ဘာစီလိုနာ အသင်းမှာ ပရိသတ်များ ရှေ့မှောက်တွင် အရှက်ရစေခဲ့သည်။ အဆိုပါ မြင်ကွင်းကို ဓါတ်ပုံမှတ်တမ်းများက ဖော်ပြရာတွင် ပီကေးနှင့် အဲလက်စ်ဆောင်းတို့မှာ တစ်ဦးနှင့် တစ်ဦး ကျီစားရာမှ စတင်ကာ အချင်းများခဲ့ကြပြီး အသင်းခေါင်းဆောင် ပူယိုးလ်နှင့် ဂိုးသမား ဗဲလ်ဒက်စ်တို့ကပင် မနည်း ဖျန်ဖြေခဲ့ရကြောင်း သိရသည်။ နောက်ထပ် ရုပ်သံပြကွက်များ အရ ဘာစီလိုနာ အသင်းမှ ကစားသမားများမှ ချန်ပီယံ အောင်ပွဲခံနေစဉ် ဘတ်စ်ကားပေါ်တွင် အရက်မူးနေကြဟန် ရှိပြီး ရဲများမှာ လမ်းမများမှာ ပုလင်းခွံများကို လိုက်ကောက်နေရခဲ့ကြောင်း ပါရှိလာခဲ့သည်။
ဘာစီလိုနာ အသင်းသည် အသင်းနှစ်ပတ်လည် ညစာစားပွဲကို လွန်ခဲ့သည့် ညက ကျင်းပခဲ့ပြီး ယင်းအခမ်းအနားတွင် အဲလက်စ်ဆောင်းမှ လွဲ၍ အသင်းမှ ကစားသမားများ စုံလင်စွာ တက်ရောက်ခဲ့ကြသည်။ အဲလက်စ်ဆောင်းသည် ယခုရာသီ သြဂုတ်လတွင် ဘာစီလိုနာသို့ အာဆင်နယ်မှ ရောက်လာခဲ့ပြီးနောက် အသင်းအတွက် ၁၉ ပွဲ ပါဝင် ကစားခဲ့သူ ဖြစ်သော်လည်း အသင်းတွင် ဇာဗီ ၊ ဘတ်စ်ကွတ်နှင့် ဖာဘရီဂတ်စ် စသည့် ကွင်းလယ်လူများ ရှိနေ၍ ရုန်းကန်နေခဲ့သည်။

http://www.yatanarpon.com.mm/sports/

နောက်ဆုံးစက္ကန့်အနိုင်ဂိုးဖြင့် ချယ်လ်ဆီးအသင်း ယူရိုပါလိဂ်ဖလား ရရှိ

========================================

ချယ်လ်ဆီးအတွက် အရေးပါလှသည့် ဆုဖလားရစေခဲ့သော အနိုင်ဂိုးကို နာကျင်အချိန်ပိုအတွင်း ၉၂ မိနစ်အကျော်တွင် နောက်ခံကစားသမား အိုင်ဗန်နိုဗစ်က ထောင့်ကန်ဘောမှတစ်ဆင့် ခေါင်းတိုက်သွင်းယူခဲ့ခြင်း ဖြစ်သည်။

ယနေ့ (မေလ ၁၆ ရက်၊ ကြာဿပတေးနေ့) နံနက်အစောပိုင်းက နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ရှိ အမ်စတာဒမ်အရီနာကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သော ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်တွင် ချယ်လ်ဆီးက ဘင်ဖီကာအသင်အား ၂-၁ ဂိုးဖြင့် အနိုင်ရရှိကာ ယခုနှစ်ဘောလုံးရာသီ ယူရိုပါလိဂ်ဆုဖလားကို ဆွတ်ခူးရရှိသွားသည်။ ချယ်လ်ဆီးနှင့် ဘင်ဖီကာတို့၏ ပွဲစဉ်တွင် ပထမပိုင်း၌ ဂိုးမရှိ သရေရလဒ်ဖြစ်ခဲ့သည်။

ဒုတိယပိုင်း ဆက်လက် ယှဉ်ပြိုင်ကစားရာ ပွဲကစားချိန် ၅၉ မိနစ်တွင် ချယ်လ်ဆီးအတွက် ဦးဆောင်ဂိုးကို ဖာနန်ဒို တောရက်စ်က သွင်းယူခဲ့သည်။ ပွဲကစားချိန် ၆၈ မိနစ်တွင်မူ ပင်နယ်တီဧရိယာအတွင်း ချယ်လ်ဆီးနောက်ခံလူက ဘောလုံးဖျက်ထုတ်ရာတွင် လက်နှင့်ထိမိသောကြောင့် ဘင်ဖီကာအသင်း ပင်နယ်တီကန်ခွင့်ရခဲ့သည်။ ပင်နယ်တီကို တိုက်စစ်မှူး ကာဒိုဇိုက အမှားအယွင်းမရှိ ကန်သွင်းကာ ဘင်ဖီကာအတွက် ချေပဂိုး ရယူပေးခဲ့သည်။

ထို့နောက် နှစ်သင်စလုံး အနိုင်ဂိုးရရှိရေး တိုက်စစ်ဆင်ကစားခဲ့သော်လည်း သာမန်ပွဲကစားချိန် မိနစ် ၉၀ ပြည့်သည်အထိ တစ်ဂိုးစီ သရေရလဒ်သာဖြစ်နေခဲ့သည်။ သို့သော် ချယ်လ်ဆီးအတွက် အရေးပါလှသည့် ဆုဖလားရစေခဲ့သော အနိုင်ဂိုးကို နာကျင်အချိန်ပို ၃ မိနစ်အတွင်း ၉၂ မိနစ်အကျော်တွင် နောက်ခံကစားသမား အိုင်ဗန်နိုဗစ်က ထောင့်ကန်ဘောမှတစ်ဆင့် ခေါင်းတိုက်သွင်းယူခဲ့ခြင်း ဖြစ်သည်။ ချယ်လ်ဆီးအသင်းသည် ယူရိုပါလိဂ်ဆုဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပြီး ယမန်နှစ် ဘောလုံးရာသီက ချန်ပီယံလိဂ်ဆုဖလားကို ရရှိခဲ့သည်။

planet

လိဂ်ဖလား ၄မျိုးယူပြီး ဘက်ခမ်း စံချိန်တင်

ပီအက်စ်ဂျီနှင့်အတူ လီဂူး-၁ဖလား ဆွတ်ခူးခဲ့သော ကွင်းလယ်လူ ဒေးဗစ်ဘက်ခမ်းမှာ မတူညီသော လိဂ်ပြိုင်ပွဲ ၄ခုတွင် ချန်ပီယံ ၄ကြိမ် ဖြစ်ခဲ့သည့် ပထမဆုံး အင်္ဂလိပ်ကစားသမား
ဖြစ်လာခဲ့သည်။ ဘက်ခမ်းမှာ မန်ယူနှင့်အတူ ပရီးမီးယားလိဂ်ဖလား၊ ရီးရဲလ်နှင့်အတူ လာလီဂါဖလား၊ ဂလက်ဆီနှင့်အတူ မေဂျာလိဂ်
ဖလား ရရှိထားခဲ့ကာ ပီအက်စ်ဂျီနှင့်အတူ လီဂူး-၁ဖလား ရခဲ့သောကြောင့် လိဂ်ဖလား ၄မျိုးရခဲ့သည့် ပထမဆုံး အင်္ဂလိပ်ကစားသမား
ဖြစ်လာခဲ့သည်။

ပီအက်စ်ဂျီမှာ ၁၉နှစ်အတွင်း ပထမဆုံးအကြိမ် လီဂူး-၁ဖလား ရရှိခဲ့ခြင်း ဖြစ်သော်လည်း ဗလင်စီးနန့်နှင့် သရေကျခဲ့သောပွဲတွင် ကွင်းလယ်ဒိုင်ကို ရန်ပြုခဲ့သော အသင်းဒါရိုက်တာ လီယိုနာဒိုကြောင့် ၂မှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံရပါက လက်ကျန်ပွဲစဉ်များတွင် ၁မှတ်ရရန် ကြိုးပမ်းရဦးမည်ဖြစ်သည်။
http://yoyarlay.com/sport/football/35547-2013-05-13-18-43-05

မန်ယူနည်းပြသစ် အဖြစ် အဲဗာတန် နည်းပြ ဒေးဗစ်မိုရက်စ်အား ခန့်အပ်

လန်ဒန် မေ ၉
အဲဗာတန် နည်းပြ ဒေးဗစ်မိုရက်စ်သည် မန်ယူနည်းပြ ဖာဂူဆန် အနားယူ ပြီးနောက်တွင် အိုးထရက်ဖို့ဒ်၏ နည်းပြသစ် အဖြစ် တာဝန်ယူရန် သဘောတူလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ အသက် ၇၁ နှစ် ရှိပြီဖြစ်သော
ဖာဂူဆန်သည် အိုးထရက်ဖို့ဒ်၌ ၂၇ နှစ်နီးပါး တာဝန်ယူခဲ့ပြီးနောက် နည်းပြ ရာထူးမှ နုတ်ထွက်ရန် ၎င်း၏ ဆုံးဖြတ်ချက်ကို မေ ၈ ရက်က ထုတ်ဖော်ပြောကြား ထားသည်။
အသက် ၅၁ နှစ်ရှိ ဒေးဗစ်မိုရက်စ်သည် ၂၀၀၂ ခုနှစ် ကတည်းက ဂူဒီဆင်ပတ်စ်တွင် နည်းပြအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သူ ဖြစ်ပြီး မေ ၈ ရက် ညနေတွင် အဲဗာတန် အသင်း၏ ဥက္ကဌ ဘေလ်ကင် ရိုက်နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ၎င်းသည် မန်ယူနည်းပြ အဖြစ် ယခု ရာသီကုန်တွင် စတင် တာဝန်ယူမည် ဖြစ်သည်။

မြ၀တီ
မော်ရင်ဟိုနှင့် ချဲလ်ဆီး စာချုပ်ချုပ်ဆိုပြီးခဲ့ဟု Goal.com ဖော်ပြ

Thursday,May02,2013

ဒေါ့မွန်နှင့် ချန်ပီယံလိဂ် ဒုတိယအကျော့ ပွဲစဉ်အပြီးတွင် မိမိကိုချစ်သည့် ပရိသတ်များရှိရာ အသင်းသို့ ပြောင်းရွှေ့လိုသည်ဟု ရီးရဲလ်နည်းပြ မော်ရင်ဟိုက ၀န်ခံလာခဲ့သည်။ မော်ရင်ဟိုမှာ ရီးရဲလ်ကစားသမားများနှင့်
ပြဿနာဖြစ်ပွားခဲ့ဖူးပြီး အသင်းတာဝန်ရှိသူများ၏
လွမ်းမိုးမှုကြောင့် ရီးရဲလ်မှထွက်ခွာလိမ့်မည်ဟု
ဖော်ပြမှုများရှိခဲ့ကာ ယခုအခါတွင် ၎င်းကိုယ်တိုင် တရားဝင်ဖွင့်ဟလာ ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ချဲလ်ဆီးနောက်ခံလူ အီဗန်နိုဗစ်ကလည်း မိမိတို့အားလုံး မော်ရင်ဟို
ပြန်လာမည့်အချိန်ကို မစောင့်ဆိုင်းနိုင်သည်အထိ
ဖြစ်နေကြသည်ဟု ဆိုသည်။ မော်ရင်ဟိုမှာ ချဲလ်ဆီးနှင့်အတူ အောင်မြင်မှုများ
ရယူထားနိုင်သူဖြစ်ပြီး ချဲလ်ဆီးအသင်းသား
အားလုံး မော်ရင်ဟိုအပေါ်
လေးစားကြခြင်းကြောင့် ၎င်းသာပြန်လည်နည်းပြပါက ချဲလ်ဆီးအနေဖြင့် ချန်ပီယံ ဆုများကို အဓိကစိန်ခေါ်နိုင်သည့် အသင်းတစ်သင်းဖြစ်လာမည်ဟု အီဗန်နိုဗစ်က ပြောကြားခဲ့သည်။

ထွက်ပေါ်နေသောသတင်းများအနက် Goal.com ၏ဖော်ပြချက်အရ မော်ရင်ဟိုမှာ လာမည့်ရာသီ တွင် ချဲလ်ဆီးကို ပြန်လည်ကိုင်တွယ်ရန် စာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ချဲလ်ဆီးမှာ မော်ရင်ဟိုကို ၃နှစ်စာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့သည့်အပြင် အက်သလက်တီကို တိုက်စစ်မှူး ဖယ်လ်ကာအိုကိုလည်း ယူရို ၅၉သန်း လျှော်ကြေးပေး၍ ခေါ်ယူနိုင်ခဲ့ပြီးဖြစ်ကြောင်း Goal.com မှ ရေးသားဖော်ပြထားသည်။

ရိုးရာလေး
Myanmar Online News

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News]s ကို Like လုပ်ထားပါ
အာဆင်နယ်ဖန်တို့ရဲ့အနာကို ဆားပက်ပေးခဲ့တဲ့ အီဗရာ

ရော်ဘင် ဗန်ပါစီကြောင့် နာကျင်နေဆဲ အာဆင်နယ်အသင်း ပရိသတ်များရဲ့ ဒဏ်ရာအပေါ် မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ အီဗရာက ဆားနဲ့ထပ်မံ ပက်ခဲ့တယ်လို့ ယူကေရှိ သတင်းစာတွေက ရေးသားခဲ့ကြပါတယ်။
မန်ချက်စတာ ယူနိုက်တက်သို့ ပြောင်းရွေ့လာခဲ့တဲ့ အာဆင်နယ် သူရဲကောင်းဟောင်းဟာ ယခုအချိန်မှာတော့ အမ်းမရိတ်ရှိ သူ့ပရိသတ်ဟောင်းများရဲ့ နံပါတ်တစ် ရန်သူတော် ဖြစ်နေပါတယ်။ အမ်းမရိတ်မှာ ရှစ်နှစ်ကြာ ကျင်လည်ခဲ့တဲ့ ဒီဒတ်ခ်ျတိုက်စစ်မှူးဟာ အောင်မြင်မှုများကို ဆာလောင်နေသည့် ပြင်းပြသည့် စိတ်ဓါတ်ဖြင့် အင်္ဂလန်၏ အအောင်မြင်ဆုံး အသင်းကြီးဆီကို ယခုနှစ် ရာသီအစတွင် ပြောင်းရွေ့ရောက်ရှိ လာခဲ့တာဖြစ်ပါတယ်။ ထိုသို့ပြောင်းရွေ့ခဲ့ပြီး အသင်းသစ်အား စံချိန်တင် ချန်ပီယံဖြစ်စေရန် စိတ်ရောကိုယ်ပါ နှစ်မြုပ်ကူညီခဲ့ခြင်း၊ ပရိုဖက်ရှင်နယ် ပီသသည့် စိတ်ဓါတ်ဖြင့် ထူးထူးချွန်ချွန် ကြိုးစားအားထုတ်မှုများကြောင့် သရဲနီ အသင်းသားများသာမက ပရိသတ်များ၏ ချစ်ခင်လေးစားမှုကို ခံယူခဲ့နိုင်ပါတယ်။ အဆိုပါဖြစ်ရပ်ဟာ အသင်းဟောင်း ပရိသတ်များအတွက် စိတ်ပျက်နာကျင်ဖွယ်ရာ ဖြစ်ခဲ့ရပြီး ၎င်းတို့ဟာ ဗန်ပါစီနှင့် ထိပ်တိုက်တွေ့ဆုံမှု နှစ်ကြိမ်စလုံးတွင် အဆက်မပြတ် အော်ဟစ်ရှုံချခဲ့ကြပါတယ်။ ဒါကြောင့် ပက်ထရစ် အီဗရာက အာဆင်နယ် ပရိသတ်များအနေဖြင့် မိမိတို့၏ ကစားသမားဟောင်းအပေါ် လေးစားမှု ပြသသင့်ကြောင်း တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

“အာဆင်နယ်အတွက် သူဘာတွေ လုပ်ပေးခဲ့တယ်ဆိုတာ လူတွေက မေ့နေကြပုံပဲ။ ဒါပေမယ့် ဗန်ပါစီဟာ သူရွေးချယ်ခဲ့တာဟာ မမှားခဲ့ဘူးဆိုတာ သူတို့ကို ပြသနိုင်ခဲ့ပါပြီ။ သူအဲ့ဒီမှာ ရှိနေတဲ့ ကာလမှာ အမှတ်ပေးဖလားကို ရယူဖို့ အချိန်အကြာကြီး ဖြုန်းတီးခဲ့ရပါတယ်။ အခုသူ ဒီကိုပြောင်းရွေ့လာပြီးတော့ အမှတ်ပေးဖလားကို ကိုင်မြှောက်နိုင်ခဲ့တယ်။ အာဆင်နယ်အတွက် အများကြီး ကူညီပေးခဲ့တဲ့ လူတစ်ယောက် ပြန်လည်ရရှိတဲ့ ဝေဖန်မှုတွေ အတွက် ကျွန်တော်တော့ စိတ်ပျက်မိပါတယ်။ သူ့ရဲ့ ခံယူချက်ကတော့ အရမ်းကောင်းမွန်တယ်လို့ ကျွန်တော်တော့ထင်တယ်။ သူကန်သွင်းခဲ့တဲ့ ပင်နယ်တီကို ကြည့်ပါ။ ကမ္ဘာ့အဆင့် ကစားသမား ဆိုတာ ဘယ်လိုလည်းဆိုတာ သူကောင်းကောင်း ပြသွားနိုင်ခဲ့တယ် မဟုတ်လား။ သူဟာ သူ့ရဲ့ ခံစားမှုတွေကို ထိန်းချုပ်ပြီး ပင်နယ်တီကို ကန်သွင်းနိုင်ခဲ့တယ်။ သူ့အစား ကျွန်တော်ပျော်ရွှင်မိတယ်။”

Myanmar Manchester United
“QPR သို့ အပြောင်းအရွှေ့အပေါ် ခရစ်ဆမ်ဘာ ဖွင့်ဟ”

ပေါင်စတာလင် (၁၂)သန်းမျှ ပြောင်းရွှေ့ကြေး ပေးရသလို တစ်ပတ်လုပ်ခ ပေါင်စတာလင် (၁၀၀၀၀၀)ဝန်းကျင်ထိ ပေးချေရသော ကစားသမားသည် QPRကို အတိုင်းအတာ တစ်ခုထိ ဆွဲတင်နိုင်မည်ဟု ပရိသတ်များက မျှော်လင့်ခဲ့သော်လည်း အသင်းမှာ ရာသီမကုန်မီ တန်းဆင်းသွားခဲ့သည်။
မိမိအနေဖြင့် QPRအသင်းသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ရာတွင် ကြိုတင် ပြင်ဆင်မှု လုံလောက်စွာ မရှိခဲ့ဟု နောက်ခံလူ ခရစ်ဆမ်ဘာက ဝန်ခံ ပြောကြားလိုက်သည်။ ရာသီအစ ကတည်းက ပရီးမီးယားလိဂ်တွင် ရုန်းကန်ခဲ့ရသော လန်ဒန်ကလပ်သည် ကွန်ဂို လက်ရွေးစင် ခံစစ်မှူး ဆမ်ဘာကို ဇန်နဝါရီ ဈေးကွက် ကာလတွင် အားကိုးတကြီး ခေါ်ယူခဲ့သည်။ ပေါင်စတာလင် (၁၂)သန်းမျှ ပြောင်းရွှေ့ကြေး ပေးရသလို တစ်ပတ်လုပ်ခ ပေါင်စတာလင် (၁၀၀၀၀၀)ဝန်းကျင်ထိ ပေးချေရသော ကစားသမားသည် QPRကို အတိုင်းအတာ တစ်ခုထိ ဆွဲတင်နိုင်မည်ဟု ပရိသတ်များက မျှော်လင့်ခဲ့သော်လည်း အသင်းမှာ ရာသီမကုန်မီ တန်းဆင်းသွားခဲ့သည်။

ဘလက်ဘန်းရိုဗာနှင့်အတူ ခြေစွမ်းပြ ကစားဖူးသည့် ဆမ်ဘာက ဇန်နဝါရီတွင် QPRသို့ အလောတကြီး ပြောင်းခဲ့မှုတွင် မိမိအနေဖြင့် အဆင်သင့် မရှိခဲ့ဟု ယခုအခါ ထုတ်ဖော် ဖွင့်ဟလာခဲ့သည်။ "တန်းဆင်းရတယ် ဆိုတာက ကြီးမားတဲ့ ရှုံးနိမ့်မှု ခံစားချက်မျိုးကို ဖြစ်လာစေပါတယ်။ ကျွန်တော်တို့ ကစားသမားတွေ အားလုံးလိုလိုက အသင်းကို ကူညီဖို့ ရည်စူးခဲ့တာပါ။ အသင်းမှာ လူကောင်းတွေ ရှိပါတယ်။ အသင်းပိုင်ရှင် တိုနီ ဖာနန်ဒက်စ်ဟာ အလုပ်တွဲလုပ်ရတာ သိပ်ကောင်းတဲ့ ပုဂ္ဂိုလ်ပါ။ QPRကို ကြီးမားတဲ့ အသင်းတစ်ခု ဖြစ်လာဖို့ သူပြောင်းလဲချင်ခဲ့တယ်။ ဒါပေမဲ့ လက်တွေ့ ဖြစ်မလာခဲ့ဘူး။ အနာဂတ်အတွက် ကျွန်တော်တို့ အားတင်းထားဖို့ လိုပါတယ်။ ကလပ်အတွက် ထိုက်တန်တဲ့ အရာကို ပြန်ယူဖို့ ကြိုးစားရပါမယ်"ဟု ဆမ်ဘာက ပြောဆိုခဲ့သည်။

၎င်းက "ကျွန်တော့် တစ်ဦးတည်း ခြေစွမ်းနဲ့ ပတ်သက်ပြီး ပြောရရင်တော့ ပရီးမီးယားလိဂ်ကို ပြန်လာကစားဖို့ ဆုံးဖြတ်ချိန်မှာ ကျွန်တော် ကောင်းကောင်း ပြင်ဆင်ချိန် မရှိလိုက်ဘူး။ ပရီးမီးယားလိဂ်ဟာ ကြံ့ခိုင်မှု အပိုင်းအရ အခက်ခဲဆုံး လိဂ်ပြိုင်ပွဲပါ။ တကယ်တမ်း ပြိုင်ပွဲဝင်နိုင်စွမ်း ရှိဖို့အတွက် ကျွန်တော် အပြည့်အဝ ကြံ့ခိုင်နေဖို့ လိုပါတယ်။ ဖြစ်ခဲ့တာတွေကတော့ ပြီးသွားပါပြီ။ တကယ်တော့ QPRအနေနဲ့ အခြေအနေဆိုးက ရုန်းထွက်ဖို့ အခွင့်အလမ်း တော်တော်များများ ရခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီသဘောသဘာဝက ဘောလုံးမှာ ကြုံရတတ်ပါတယ်"ဟုလည်း ညည်းညူသွားသည်။
QPR သို့ အပြောင်းအရွှေ့အပေါ် ခရစ်ဆမ်ဘာ ဖွင့်ဟ

Planet Myanmar Network
"မန်ယူကစားသမားဟောင်းများ ပါဝင်သည့် ရန်ပုံငွေပွဲ ၀င်ကြေး ပုံမှန်သာ ကောက်ခံမည်"

ဧပြီ-၂၇

မန်ယူကစားသမားဟောင်းများပါဝင်ကစားကြမည့် ရန်ပုံငွေပွဲဝင်ကြေးကို ပုံမှန်နှုန်းအတိုင်းသာရှိမည် ဟု ဘောလုံး အဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်က ယနေ့ ညနေ ၄နာရီခွဲတွင် ပြုလုပ်သည့် စာနယ်ဇင်း ရှင်းလင်း ပွဲတွင် ပြောသည်။

“ကျပ် ၁၀၀၀၊ ၅၀၀ နှုန်းတွေနဲ့ပဲ ၀င်ကြေးကို သတ်မှတ်သွားမှာပါ”ဟု ၎င်းကပြောသည်။

ရန်ပုံငွေ ဘောလုံးပွဲတွင် မန်ယူကစားသမား ၄ ဦးနှင့် မြန်မာ့လက်ရွေးစင် စီနီယာ ကစားသမားများ ၊ နေရှင်နယ်လိဂ်မှ နိုင်ငံခြားသား ကစားသမားများ ပါဝင်ကစားကြမည် ဖြစ်သည်။

မန်ယူကစားသမားဟောင်းများဖြစ်သော အင်ဒီကိုးလ်၊ ဒင်းနစ်အာဝင်၊ ကလေတန် ဘလက်မိုး နှင့် လီရှပ်တို့ ပါဝင်သော ရန်ပုံငွေ ဘောလုံးပွဲကို ဇွန်လ ၉ ရက်နေ့ ညနေ ၃ နာရီ၌ သုဝဏ္ဏအားကစား ကွင်းတွင် ကျင်းပမည် ဖြစ်ပြီး မန်ယူကစားသမားများမှာ အသင်း ၂ ဖက်စလုံးတွင် ပါဝင်ကစားကြ မည် ဖြစ်ကြောင်း သိရသည်။

ထိုပွဲမှ ရရှိသည့် ရန်ပုံငွေများကို မြန်မာနိုင်ငံအတွင်းရှိ HIV ရောဂါ ကုသရေးအတွက် ဆောင် ရွက်နေသော နေရာများကို လှူဒါန်းသွားမည်ဟု အဆိုပါ စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။

AZ
From...Popular Myanmar News Journal