ကစားသမားသစ် ခေါ်ယူမှုတွင် မော်ရင်ဟို အာရုံစိုက်မည်

ချဲလ်ဆီးနည်းပြ မော်ရင်ဟိုက အပြောင်းအရွှေ့ ဈေးကွက်တွင် စနစ်တကျ လုပ်ဆောင်ရမည်ဟု ဆိုသည်။ လာမည့်ရာသီတွင်ယူအီးအက်ဖ်အေ၏ ဘဏ္ဍာရေး သင့်တင့်မျှတမှုစည်းမျဉ်း အကျုံးဝင် လာမည်ဖြစ်သောကြောင့် ယခုကဲ့သို့ ဆိုရခြင်းဖြစ်ကြောင်း မော်ရင်ဟိုက ရှင်းလင်းခဲ့သည်။

ချဲလ်ဆီးမှာ ကာဗာနီ၊ ဟော့ခ်၊ မွန်တိုလီဗို စသည့် နာမည်ကျော် ကစားသမားများကို ခေါ်ရန်ကြိုးပမ်းနေကြောင်း သတင်းထွက်ပေါ်နေသော်လည်း အပြောင်းအရွှေ့ ဆောင်ရွက်မှု မမှားယွင်းရန် အရေးကြီးသည်ဟု မော်ရင်ဟိုက ဆိုခဲ့ပြီး အသင်းဘုတ်အဖွဲ့ဝင်များနှင့် ညှိနှိုင်းတိုင်ပင်ရမည်ဟု ပြောကြားခဲ့သည်။

မော်ရင်ဟိုမှာ ပထမအကြိမ် ချဲလ်ဆီးနည်းပြအဖြစ် ဆောင်ရွက်ခဲ့စဉ်က ပထမရာသီတွင် ပေါင်သန်း ၇၀ အသုံးပြုခဲ့သော်လည်း ယခုအခါတွင် ထိုကဲ့သို့ အသုံးပြုဖွယ်မရှိပေ။ သို့သော် တစ်ကျော့ပြန် ချဲလ်ဆီးနည်းပြအဖြစ် ပထမဆုံး ခေါ်ယူခဲ့သည့် ကစားသမား ရှူရာလီအတွက် ပေါင် ၁၈သန်း ပေးချေခဲ့ရသည်။
YoYarLay

http://yoyarlay.com/sport/football/36169-2013-06-17-18-25-58

အေးချမ်းမွန် Copy & Credit To >YoYarLay < Thank

SHARE THIS
Previous Post
Next Post