Showing posts with label နိုင်​ငံ​ရေး. Show all posts
Showing posts with label နိုင်​ငံ​ရေး. Show all posts
ယ​နေ့ တအာင်း​ဒေသတိုက်​ပွဲ၌ အစိုးရဖက်​မှ ၅ ဦး ကျဆုံးဟု TNLA ဆို

ယ​နေ့ တအာင်း​ဒေသတိုက်​ပွဲ၌ အစိုးရဖက်​မှ ၅ ဦး ကျဆုံးဟု TNLA ဆို

(Political News)
Feb 28 , 2016

ရှမ်းပြည်​နယ်​​မြောက်​ပိုင်းတွင်​ ယ​နေ့ (​ဖေ​ဖေါ်ဝါရီ ၂၈ ရက်​)၊ နံနက်​ပိုင်း​လောက်​က စတင်​ဖြစ်​ပွားခဲ့​သော တအာင်းတပ်​ (TNLA/PSLF)နှင့်​ အစိုးရစစ်​တပ်​တို့ တိုက်​ပွဲများအကြား အစိုးရစစ်​တပ်​ဖက်​မှ တပ်​သား ၅ ဦးထက်​မနည်း ကျဆုံးနိုင်​ဖွယ်​ရှိ​ခဲ့​ကြောင်း တ​အာင်းတပ်​ ပြန်​ကြား​ရေးဌာနမှ သတင်းထုတ်​ပြန်​ချက်​တွင်​ ​ဖော်​ပြထားသည်​။

အဆိုပါတိုက်​ပွဲများသည်​ ယ​နေ့ ၊ နံနက်​ ၈ နာရီ နှင့်​ ၉ နာရီ​လောက်​ထိ နမ့်​ဆန်​မြို့ အနီးရှိ ​တောင်သုံးဆယ်ကျေးရွာနှင့် ကွယ်ဟယ်ကျေးရွာကြားတွင်​ တစ်​ကြိမ်​ ၊ ​နေ့လည် ၁၂း၀၀ နာရီအချိန် တောင်သုံးဆယ်ကျေးရွာနှင့် မြိုင်ကျေးရွာကြားတွင် တစ်ကြိမ် တိုက်​ပွဲများ ဖြစ်​ပွားခဲ့​ကြောင်း သိရပြီး တအာင်းတပ်​ဖက်​မှ အကျအဆုံးကို​တော့ ထုတ်​​ဖော်​​ပြောကြားခဲ့ခြင်း မရှိ​ပေ။

အစိုးရစစ်​တပ်​ ၊ တပ်​မ ၇၇ နှင့်​ တအာင်းတပ်​ TNLA တပ်​တို့အကြား ယခုလပိုင်းအတွင်း တ​အာင်း​ဒေသတွင်​ တိုက်​ပွဲများ မကြာခဏဆိုသလို ဖြစ်​ပွားခဲ့​ကြောင်း သိရပြီး တအာင်းတပ်​သည်​ ရှမ်းတိုင်းရင်းသားလက်​နက်​ကိုင်​အဖွဲ့တစ်​ဖွဲ့ဖြစ်​သည့်​ RCSS/SSA အဖွဲ့နှင့်​လည်း တိုက်​ပွဲများ ဖြစ်​ပွားခဲ့​ကြောင်း သိရသည်​။

မင်းမြတ်​ခိုင်
(​လေးမြို့ )
ဓာတ်​ပုံ - TNLA


အစိုးရစစ်​တပ်​နှင့်​ AA တို့ တ​ကျော့ပြန်​ တိုက်​ပွဲများပြန်​လည်​ဖြစ်​ပွားဟု ဆို

အစိုးရစစ်​တပ်​နှင့်​ AA တို့ တ​ကျော့ပြန်​ တိုက်​ပွဲများပြန်​လည်​ဖြစ်​ပွားဟု ဆို

(Political News)
Jan 19 , 2016

အစိုးရစစ်​တပ်​နှင့်​ ရခိုင့်​တပ်​ AA တို့ အကြား ဇန်​န၀ါရီ ၁၇ ရက်​​နေ့က စတင်​ကာ တ​ကျော့ပြန်​တိုက်​ပွဲများ ပြန်​လည်​ဖြစ်​ပွား​နေ​ကြောင်း ​လေးမြို့ ​ချောင်း​ဒေသမှ ​ဒေသခံများ၏ ​ပြောစကားများအရ သိရသည်​။

ဇန်န၀ါရီ ၄ ရက်နေ့မှာ အစိုးရမီဒီယာတွေက အစိုးရစစ်​တပ်​အ​နေဖြင့်​ နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်နေကြောင်း သတင်းထုတ်ပြန်ကြေညာခဲ့ပေမယ့် ဇန်န၀ါရီ ၁၇ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေကြောင်း သိရသည်​။

“ လက်နက်ကြီး ပစ်ခတ်သံတွေကို ပြန်ကြားလာရတယ်။ ဘယ်နေရာမှာ ဖြစ်တယ်ဆိုတာ အတည်မပြုနိုင်သေးပါဘူး။ သေနတ်သံတွေကို လေးမြို့မြစ်ကြောင်းထဲမှာရှိတဲ့ စင်္ဘောကိုင်းကျေးရွာက အသေအချာ ကြားခဲ့ရပါတယ်” လို့ မြောက်ဦး ဒေသခံ ဦးမောင်ညီဌေးက ​ပြောကြားသည်​ဟု RIA သတင်းကို ကိုးကား၍ သိရသည်​။

အဆိုပါ ပစ်ခတ်သံများနှင့် ပတ်သက်၍ အမည်မဖော်လိုတဲ့ မြောက်ဦးအခြေစိုက် တပ်မတော် အရာရှိတစ်ဦးက “ တပ်မတော်က နယ်မြေရှင်းလင်းရေးတွေ လုပ်နေကြတာပါ။ သတင်းအတိအကျကိုတော့ ကျနော်တို့ ဖြေကြားပိုင်ခွင့် မရှိပါဘူး” လို့ ဖြေကြားခဲ့​ကြောင်း RIA တွင်​ ​ဖော်​ပြထားသည်​။

လက်​ရှိတွင်​ အစိုးရစစ်​တပ်​ဖက်​မှ နယ်​​မြေရှင်းလင်းမှုများ လုပ်​​ဆောင်​​နေပြီး အင်​အားအများအပြား တိုးချဲ့ အသုံး​နေ​ကြောင်း ​ဒေသခံများ၏ ​ပြောစကားများကိုလည်း ကြားသိရသည်​။

မောင်​လူ​အေး (​လေးမြို့ )


လက်​မှတ်​မထိုးရ​သေးသည့်​ TNLA အား လက်​မှတ်​ထိုးထားသည့်​ RCSS နှင့်​ အစိုးရတပ်​တို့ ပူး​ပေါင်းတိုက်

လက်​မှတ်​မထိုးရ​သေးသည့်​ TNLA အား လက်​မှတ်​ထိုးထားသည့်​ RCSS နှင့်​ အစိုးရတပ်​တို့ ပူး​ပေါင်းတိုက်

(Political News)
Jan 17 , 2016

ယ​နေ့ (ဇန်​န၀ါရီ ၁၇. ရက်​) မနက်​ပိုင်းက NCA လက်​မှတ်​​မ​ရေးထိုးရသည့်​ တ​အာင်းတပ်​မ​တော်​ TNLA အား NCA လက်​မှတ်​​ရေးထိုးထားပြီးဖြစ်​သည့်​ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် အစိုးရ စစ်တပ်တို့ ပူး​ပေါင်းတိုက်​ခိုက်​မှု​ကြောင့်​  တ​အာင်းတပ်​ဖွဲ့ မှ တစ်​ဦးကျဆုံးပြီး နှစ်​ဦး ဒဏ်​ရာရရှိခဲ့​ကြောင်း သိရသည်​။

အဆိုပစ်​ခတ်​တိုက်​ခိုက်​မှုများသည်​ မြန်​မာနိုင်​ငံအတွင်း ပြည်​​တွင်းစစ်​များရပ်​တန့်​​စေရန်​နှင့်​ အချင်းချင်းငြိမ်းချမ်း​ရေးကို ​ဖော်​​ဆောင်​ရန်​အတွက်​ ​နေပြည်​​တော်​၌ ပြည်​​ထောင်​စု ငြိမ်းချမ်း​ရေးညီလာခံကျင်းပပြီး တစ်​ရက်​အကြာတွင်​ ဖြစ်​ပွားခဲ့ခြင်းဖြစ်​ပြီး ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် လွယ်ဆာကျေးရွာအနီး တွင် တိုက်​ပွဲများပြင်းထန်​စွာ ဖြစ်​​ကြောင်းခဲ့​ကြောင်း သိရသည်​။

"မနက် ၆ နာရီကျော်ကနေ ညနေ ၂ နာရီထိ ဖြစ်တယ်။ ၈ နာရီမတိုင်ခင်ကတော့ RCSS နဲ့ဖြစ်တယ်။ ကျနော်တို့နေတဲ့ဘက်ကို ရောက်လာတယ်။ အဲဒီနောက်ပိုင်းက အစိုးရစစ်တပ်က လာပြီး စစ်ကူပေးတယ်။ ။ အစိုးရဘက်က လက်နက်ကြီးတွေရော၊ လက်နက်ငယ်တွေရော ပစ်တယ်”ဟု TNLA မှ ပြန်ကြားရေးဌာန တာဝန်ခံ မိုင်အိုက်ကျော်က ပြောသည်ဟု Mizzima တွင်​ ​ဖော်​ပြထားသည်​။

လက်ရှိ တိုက်ပွဲဖြစ်ပွားသော နေရာတွင် ယခင်က RCSS တပ်များ လှုပ်ရှားခြင်း မရှိသော်လည်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် မူကြမ်း (NCA) လက်မှတ်ရေးထိုးပြီးနောက် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ဒုတိယ ပတ်မှစတင်၍ TNLA လှုပ်ရှားနေသော နေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်ဟု သိရပြီး ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်းကလည်း RCSS နှင့် TNLA တို့အကြား တိုက်​ပွဲ ၄ ကြိမ်​ဖြစ်​ပွားကာ အစိုးရစစ်​တပ်​နှင့်​ TNLA အကြား ၂၀၁၆ ခု ၊ ဇန်​န၀ါရီလအတွင်း တိုက်​ပွဲ ၁၅ ကြိမ်​ဖြစ်​ပွားခဲ့​ကြောင်း Mizzima တွင်​ ​ဖော်​ပြထားသည်​။

ယခု TNLA နှင့်​ RCSS ၊ အစိုးရစစ်​တပ်​တို့ တိုက်​ပွဲများအကြား TNLA တပ်​ရှိရာဖက်​သို့ အစိုးရစစ်​တပ်​မှ လက်​နက်​ကြီး ၊ လက်​နက်​ငယ်​များဖြင့်​ ပစ်​ခတ်​မှု​ကြောင့်​ အနီးအနားရှိ ​​ကျေးရွာများမှ ဒေသခံ ၃၀၀ ​ကျော်​တို့ ထွက်​​ပြေးတိမ်း​ရှောင်​​နေရ​ကြောင်း သိရသည်​။

မင်းမြတ်​ခိုင်​ (​လေးမြို့ )




ပြည်​နယ်​သစ်​​​တောင်းတိုင်း စဉ်းစား​ပေးမည်​ဆိုပါက မြန်​မာနိုင်​ငံသည်​ ကမ္ဘာ့ ​မြေပုံမှ ​ပျောက်​ကွယ်​သွားလိမ့်​မည်​ဟု ဦးခွန်​ထွန်းဦး​ပြော

ပြည်​နယ်​သစ်​​​တောင်းတိုင်း စဉ်းစား​ပေးမည်​ဆိုပါက မြန်​မာနိုင်​ငံသည်​ ကမ္ဘာ့ ​မြေပုံမှ ​ပျောက်​ကွယ်​သွားလိမ့်​မည်​ဟု ဦးခွန်​ထွန်းဦး​ပြော

(Political News)
Jan 15 , 2016

ပြည်​​ထောင်​စု တိုင်းရင်းသားညီလာခံတွင်​ တိုင်းရင်းသားလူမျိုးစုများ ​ပြည်​နယ်​သစ်​​တောင်းဆို​နေမှုများနှင့်​ ပတ်​သက်​၍ ပင်မ တိုင်းရင်းသားမျိုးနွယ်စုများ၏ တန်းတူအခွင့်ရေးဆိုင်ရာ ကိစ္စများကို အရင်မစဉ်းစားဘဲ ပြည်နယ်သစ်​မရသေးသည့် တိုင်းရင်းသားများ၏ တောင်းဆိုမှုများကို ပြည်နယ်ပေးရန် အလျင်စလို စဉ်းစားမည်ဆိုပါက မြန်မာပြည်သည် ယူဂိုဆလားဗီးယား ပြည်ထောင်စုကဲ့သို့ ကမ္ဘာ့မြေပုံမှ ပျောက်ကွယ်သွားလိမ့်မည်ဟု ရှမ်းတိုင်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦးက သတိပေး ပြောဆိုလိုက် ​ကြောင်း သိရသည်​။

"ခပ်ရှင်းရှင်း ပြောရရင်တော့ ပြည်နယ်ပေးလိုက်ရင် ယူဂိုဆလားဗီးယားလို
ဖြစ်နိုင်တယ်။ ယူဂိုဆလားဗီးယားလိုမျိုး မြန်မာပြည်မြေပုံ ပျောက်သွားမယ် " ဟု ဦးခွန်ထွန်းဦးက ​ပြောကြားသည်​ဟု The Lady News တွင်​ ​ဖော်​ပြထားသည်​။

ညီလာခံ တက်ရောက်နေသည့် “၀” ဒီမိုကရက်တစ် ပါတီအနေဖြင့် သံလွင်
အရှေ့ခြမ်း ဒေသများအပြင် အနောက်ခြမ်းရှိ တန့်ယန်း ၊ လားရှိုး အစရှိသည့်
ဒေသများကိုပါ တောင်းဆိုမှုများ ရှိလာခဲ့မှုအ​ပေါ်"၀” များအား ပြည်နယ်ပေးပါက တရုတ်သြဇာ လွှမ်းမိုးလွန်းသည့်အတွက် သံလွင်မြစ် အရှေ့ဘက်ခြမ်း ၊ သျှမ်းပြည်နယ် အရှေ့ပိုင်း ဒေသတစ်ခုလုံးမှာ ခရိုင်းမီးယားကဲ့သို့  ဖြစ်လိမ့်မည်ဟု ဦးခွန်ထွန်းဦးက ယခင်ကပင် သတိပေး ပြောဆိုခဲ့ဖူး​ကြောင်း သိရသည်​။

ထို့အပြင် ပအိုဝ်း ၊ တအာင်းပလောင် စသည့် အဖွဲ့အစည်းများကလည်း တအာင်း၊ပလောင်နှင့် ပအိုဝ်းပြည်နယ်ရရှိရေးအတွက် လက်ရှိကျင်းပနေသည့် ညီလာခံတွင် တောင်းဆိုနေကြပြီး တိုင်းလိုင်ရှမ်းနီများကလည်း ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းရှိ ရှမ်းနီများနေထိုင်ရာ ဒေသများကို ပြည်နယ်သစ်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုမှုများ ရှိနေသည်ဟု သိရသည်​။

မောင်​လူ​အေး (​လေးမြို့ )



ခွဲထွက်​ခွင့်​ မ​တောင်းဆိုသည့်​ ပြည်​​ထောင်​စုစနစ်​ကိုသာ တည်​​ဆောက်​မည်​ဟု တပ်​မ​တော်​မှ စာတမ်းတင်​သွင်း

ခွဲထွက်​ခွင့်​ မ​တောင်းဆိုသည့်​ ပြည်​​ထောင်​စုစနစ်​ကိုသာ တည်​​ဆောက်​မည်​ဟု တပ်​မ​တော်​မှ စာတမ်းတင်​သွင်း

(Political News)
Jan 15 , 2016

လက်​ရှိကျင်းပလျက်​ရှိ​သော ပြည်​​ထောင်​စုငြိမ်းချမ်း​ရေး ညီလာခံ တတိယ​နေ့  (ဇန်​နဝါရီ ၁၄ ရက်​​နေ့ )၌ ဖက်ဒရယ်စနစ်တွင် အခြေခံသင့်သည့်မူများနှင့် ပတ်သက်၍ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အပါအ၀င် အစုအဖွဲ့များက စာတမ်းတင်သွင်းခြင်း ဆွေးနွေးခြင်း ပြုလုပ်ရာ ဗဟိုအစိုးရ အားကောင်းပြီး ခွဲထွက်ခွင့်ကို မတောင်းဆိုသည့် ပြည်ထောင်စုစနစ်ကို တည်ဆောက်မည်ဟု တပ်မတော်ကိုယ်​စားလှယ်​များက စာတမ်းတင်သွင်းခဲ့​ကြောင်း သိရသည်​။

" ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို ပြည်ထောင်စု မပြိုကွဲရေး တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ရှေးရှုပြီးတော့ လက်ရှိလူဦးရေ နေထိုင်မှုအရ ပထ၀ီ အပိုင်းအခြားကို အခြေခံတဲ့ သမိုင်းကြောင်းအရ ပြည်မကို ၀န်းရံသော ပြည်ထောင်စု တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး တန်းတူညီမျှရှိမှု တိုင်းရင်းသား အခွင့်အရေးရှိမှု နိုင်ငံသား အားလုံးတန်းတူညီမျှရရှိမှု တရားမျှတမှုရှိမှုနဲ့ အခြေခံလူ့အခွင့်အရေးရှိမှု စတဲ့အင်္ဂါရပ်များနဲ့ ပြည့်စုံပြီးတော့ ဗဟိုအစိုးရ အားကောင်းပြီး ခွဲထွက်ခွင့်ကို မတောင်းဆိုတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံပြီး ပြည်ထောင်စုစနစ်ကို တည်ဆောက်သွားမှာ ဖြစ်ကြောင်း" တပ်​မ​တော်​ကိုယ်​စားလှယ်​များက စာတမ်းတင်​သွင်းခဲ့​ကြောင်း သိရသည်​။

အဆိုပါ ညီလာခံသို့ တက်​​ရောက်​ခဲ့​သော တိုင်းရင်းသားကိုယ်​စားလှယ်​များကလည်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများသည် ခွဲထွက်ခွင့်အတွက် လက်နက်ကိုင် တော်လှန်ကြခြင်းမဟုတ်​ဘဲ တန်းတူညီ​မျှ အခွင့်​ရရှိ​ရေးအတွက်​သာ တိုက်​ပွဲဝင်​ရခြင်းဖြစ်​​ကြောင်း စာတမ်းတင်​သွင်း ခဲ့သည်​ဟု Eleven News တွင်​ ​ဖော်​ပြထားသည်​။

ထို့ပြင်​ " ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ခွဲထွက်ခွင့် ပုဒ်မ  ပါခဲ့ပေမယ့် အဲဒီခွဲထွက်ခွင့်ပုဒ်မဟာ ကျွန်တော်တို့ တိုင်းရင်းသားတွေကို အခွင့်အရေးကို အကာအကွယ် မပေးနိုင်ရုံသာမက ခွဲထွက်ခွင့်ပုဒ်မကြောင့် ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ပိတ်ပင်ခြင်း ခံရတယ်။ ပြည်တွင်းစစ် ဖြစ်ပွားရတယ်။ ဒုက္ခအမျိုးမျိုး ကြုံခဲ့ရတယ်။ ပြီးတော့ ကျွန်တော်တို့ လိုလားတာက ပင်လုံကတည်းကနေ ကျွန်တော်တို့မျှော်မှန်းခဲ့တဲ့ မျှော်မှန်းချက်က ဖက်ဒရယ် ပြည်ထောင်စုစနစ်ပဲ ဖြစ်ပါတယ်။ ဖက်ဒရယ်မူအရ ခွဲထွက်ခွင့်ဆိုတာ မပါပါဘူး။ ထို့အတွက်ကြောင့် ခွဲထွက်ခွင့်ကို ကျွန်တော်တို့  ထားခဲ့ရတော့မယ်။ " ဟု အဆိုပါ ညီလာခံတက်​​ရောက်​သည့်​ တိုင်းရင်းသားကိုယ်​စားလှယ်​များ၏ စာတမ်းတင်​သွင်းချက်​များကို သိရသည်​။

သို့ ​သော်​လည်း အဆိုပါခွဲထွက်​ခွင့်​နှင့်​ ပြည်​​ထောင်​စုမှ ခွဲထွက်​လိုစိတ်​ရှိ၊မရှိကို ညီလာခံတက်​​ရောက်​သည့်​ တိုင်းရင်းသားအဖွဲ့  ၈ ဖွဲ့ ၏ သ​ဘောထားအာ​ဘော်​များသာဖြစ်​ပြီး ညီလာခံတက်​​ရောက်​ရန်​ ငြင်းပယ်​ခဲ့သည့်​ တိုင်းရင်းသားအဖွဲ့  များနှင့်​ လက်​မှတ်​မ​​ရေးထိုးရသည့်​ တိုင်းရင်းသားအဖွဲ့များ၏ သ​ဘောထားကို​တော့ ​လေ့လာ​စောင့်​ကြည့်​ရမည်​ ဖြစ်​သည်​။

မင်းမြတ်​ခိုင်​ (​လေးမြို့  )