(Political News)
Jan 19 , 2016
အစိုးရစစ်တပ်နှင့် ရခိုင့်တပ် AA တို့ အကြား ဇန်န၀ါရီ ၁၇ ရက်နေ့က စတင်ကာ တကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေကြောင်း လေးမြို့ ချောင်းဒေသမှ ဒေသခံများ၏ ပြောစကားများအရ သိရသည်။
ဇန်န၀ါရီ ၄ ရက်နေ့မှာ အစိုးရမီဒီယာတွေက အစိုးရစစ်တပ်အနေဖြင့် နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်နေကြောင်း သတင်းထုတ်ပြန်ကြေညာခဲ့ပေမယ့် ဇန်န၀ါရီ ၁၇ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေကြောင်း သိရသည်။
“ လက်နက်ကြီး ပစ်ခတ်သံတွေကို ပြန်ကြားလာရတယ်။ ဘယ်နေရာမှာ ဖြစ်တယ်ဆိုတာ အတည်မပြုနိုင်သေးပါဘူး။ သေနတ်သံတွေကို လေးမြို့မြစ်ကြောင်းထဲမှာရှိတဲ့ စင်္ဘောကိုင်းကျေးရွာက အသေအချာ ကြားခဲ့ရပါတယ်” လို့ မြောက်ဦး ဒေသခံ ဦးမောင်ညီဌေးက ပြောကြားသည်ဟု RIA သတင်းကို ကိုးကား၍ သိရသည်။
အဆိုပါ ပစ်ခတ်သံများနှင့် ပတ်သက်၍ အမည်မဖော်လိုတဲ့ မြောက်ဦးအခြေစိုက် တပ်မတော် အရာရှိတစ်ဦးက “ တပ်မတော်က နယ်မြေရှင်းလင်းရေးတွေ လုပ်နေကြတာပါ။ သတင်းအတိအကျကိုတော့ ကျနော်တို့ ဖြေကြားပိုင်ခွင့် မရှိပါဘူး” လို့ ဖြေကြားခဲ့ကြောင်း RIA တွင် ဖော်ပြထားသည်။
လက်ရှိတွင် အစိုးရစစ်တပ်ဖက်မှ နယ်မြေရှင်းလင်းမှုများ လုပ်ဆောင်နေပြီး အင်အားအများအပြား တိုးချဲ့ အသုံးနေကြောင်း ဒေသခံများ၏ ပြောစကားများကိုလည်း ကြားသိရသည်။
မောင်လူအေး (လေးမြို့ )
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)