မင်းပြား-စာ​ပေ​ဟော​ပြောပွဲ တက်​​ရောက်​နား​ထောင်​သူများနှင့်​ စည်​ကား

(Local News)
Jan 20 , 2016

ရခိုင်​ပြည်​နယ်​ ၊ မင်းပြားမြို့ တွင်​ ရခိုင်​​ဒေသတွင်း စာ​ရေးဆရာများ၏ စာ​ပေ​ဟော​ပြောပွဲတစ်​ရပ်​ကို ယ​နေ့ (ဇန်​န၀ါရီ ၂၀ ရက်​) ​၊ ​နေ့ လည်​ ၁၂း၀၀ ခန့်​​လောက်​တွင်​ မင်းပြားမြို့ ​၊ မြို့ နယ်​​ရောနယ်​ပါ ဓမ္မာရုံကြီး၌ ပြုလုပ်​ကျင်းပရာ စာ​ပေကို စိတ်​ဝင်​စားကြ​သော မင်းပြားမြို့ နယ်​မှ လူကြီး၊သူမများ ၊ စာသင်​သား​အရွယ်​ ​ကျောင်းသား၊သူများ တက်​​ရောက်​နား​ထောင်​ခဲ့​ကြောင်း သိရသည်​။

အဆိုပါ စာ​ပေ​ဟော​ပြောပွဲကို မင်းပြားအ​ခြေစိုက်​ `ဇ´​ဖောင်​​ဒေးရှင်း ၊ ကျိန်းရိပ်​ကရုဏာ လူမှုကူညီ​ရေးအသင်း နှင့်​ သင်္ဂဟကမ်းလက်​ရက္ခိတ အဖွဲ့တို့ မှ ကြီးမှုးကျင်းပခြင်းဖြစ်​ပြီး မင်းပြားမှ လူကြီးများ နှင့်​ ​ကျောင်းသားအရွယ်​ လူငယ်​များအား အသိပညာ ၊ ဗဟုသုတများ တိုးတက်​မြင့်​မားလာ​စေရန်​ ရည်​ရွယ်​၍ စီစဉ်​ကျင်းပခြင်းဖြစ်​သည်​ဟု ပွဲဖြစ်​​မြောက်​​ရေး စီစဉ်​သူ `ဇ´​ဖောင်​​ဒေးရှင်းမှ Co-Leader ကို​ကျော်​ဝင်းက ​လေးမြို့ သို့ ​ပြောကြားသည်​။

ဟော​ပြောပွဲ အဖွင့်​တွင်​ စာ​ပေ​ဟော​ပြောပွဲ ကျင်းပရခြင်း၏ ရည်​ရွယ်​ချက်​နှင့်​ စီစဉ်​မှုများကို ပွဲဖြစ်​​မြောက်​​ရေး ​ကော်​မတီကိုယ်​စား" ဇ"​ဖောင်​​ဒေးရှင်းမှ ကို​ကျော်​ဝင်းက အဖွင့်​အမှာစကား​ ပြောကြားခဲ့​ကြောင်း သိရသည်​။

ထို့​နောက်​ ရခိုင်​နာမည်​ကြီး စာ​ရေးဆရာ ဗဂျီး​ကျော်​မှ "ရခိုင်​သား​ဝေး ငါရို့ ရခိုင်​သား" ​ခေါင်းစဉ်​ ဖြင့်​ ဟာသ​နှောကာ လူငယ်​များ ထူးချွန်​ထက်​မြက်​လာ​စေရန်​ နှင့်​ ​ရှေး​ခေတ်​က ထင်​ရှားခဲ့​သော ရခိုင်​လူမျိုး အ​ကျော်​အ​မော်​တို့ ​အ​ကြောင်းကို အတုယူအားကျလာမိ​စေရန်​ ​ပြောကြားခဲ့​ကြောင်း သိရသည်​။

ထို့​နောက်​တွင်​ ရခိုင်​လူငယ်​စာ​ရေးဆရာ ​ဂျော်​ဂျီ (ရခိုင်​ပြည်​)မှ "မျိုးဆက်​သစ်​အတွက်​ ရုန်းထွက်​ကတ်​မယ်​"​ ​ခေါင်းစဉ်​ဖြင့်​ လူငယ်​များ မူးယစ်​​ဆေးဝါး နှင့်​ အိုင်​တီနည်းပညာကို အကျိုးရှိစွာ အသုံးချတတ်​ရန်​ ​ဟော​ပြောခဲ့​ကြောင်း သိရသည်​။

နောက်​ဆုံး၌ ရခိုင်​လူငယ်​စာ​ရေးဆရာ ​ဝေဟင်​​အောင်​က "သမိုင်းထဲက သူရဲ​ကောင်း....သူရဲ​ကောင်းထဲက စာ​ပေ"​ခေါင်းစဉ်​ဖြင့်​ လူငယ်​များ စာဖတ်​ခြင်းအ​လေ့ကို ထိန်းသိမ်း၊​စောင့်​​ရှောက်​ရန်​ ၊ တိုးပွား​အောင်​ ကျင့်​ကြံကြရန်​နှင့်​ ရိုးရာယဉ်​​ကျေးမှု အစဉ်​အလာများ မပ​ပျောက်​​ရေး ထိန်းသိန်း​စောင့်​​ရှောက်​ကြရန်​ လမ်းညွန်​၊တိုက်​တွန်း ​ဟော​ပြောခဲ့​ကြောင်း သိရသည်​။

ထို့ ​နောက်​တွင်​ စာ​ပေ​ဟော​ပြောပွဲ ဖြစ်​​မြောက်​​ရေး​ကော်​မတီမှ ​ဟော​ပြောခဲ့သည့်​ စာ​ရေးဆရာကြီးများအား အမှတ်​တရလက်​​ဆောင်​များ ​ပေးအပ်​ခဲ့ပြီး ည​နေ ၄ နာရီခွဲ​လောက်​ အခမ်းအနားကို ​အောင်​မြင်​စွာ အဆုံးသတ်​နိုင်​ခဲ့​ကြောင်း သိရသည်​။

မောင်​ကာကြီး (​လေးမြို့ )




SHARE THIS
Previous Post
Next Post