(Political News)
Jan 21 , 2016
ဒေသခံရခိုင်တိုင်းရင်းသားတို့ ၏ ဆန္ဒနှင့် ရခိုင်တိုင်းရင်းသားတို့ ရွေးချယ်တင်မြှောက်ထားသည့် ရခိုင်အမျိုးသားပါတီ၏ ဆန္ဒကို အလေးမထားဘဲ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLD က ဗဟိုချုပ်ကိုင်ဖွဲ့စည်းမည်ဆိုပါက ဒီမိုကရေစီနည်းလမ်း မကျဘဲ အခက်ကြုံလိမ့်မည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းက ပြောကြားလိုက်ကြောင်း သိရသည်။
" ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ကိစ္စတွေကလည်း တကယ့်ကို ကမ္ဘာမှာ အရေးပါတဲ့ ကိစ္စရပ်တွေ ဖြစ်နေတယ်။ ဒီတော့ ANP နဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ ဆန္ဒမပါဘဲ လုပ်မယ်ဆိုရင်
ကျနော် ထင်တယ်။ အခက်အခဲရှိနိုင်ပါတယ်။"ဟု ဦးမောင်မောင်အုန်းက ပြောကြားချက်ကို RFA မြန်မာပိုင်းဌာနမှ မသင်းသီရိနဲ့ ဦးမောင်မောင်အုန်း ဆက်သွယ်မေးမြန်းချက်ထဲမှာ ထည့်သွင်းပြောကြားချက်အရ သိရသည်။
ရခိုင်ပြည်နယ်အစိုးရဖွဲ့စည်းရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်( ရခိုင်ပြည်နယ်)ဦးညီပုက လွန်ခဲ့သော ရက်အနည်းငယ်ခန့်က စစ်တွေသို့ လာရောက်ပြီး ပြည်နယ်အစိုးရဖွဲ့ ရန် စီစဉ်ခဲ့ပြီး အဆိုပါ ကိစ္စအတွက် ရခိုင်အမျိုးသားပါတီ (ANP) က သဘောထားထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
အဆိုပါ သဘောထားထုတ်ပြန်ချက်အား ဒေသခံရခိုင်တိုင်းရင်းသားများက လက်ခံကြိုဆိုနေကြသော်လည်း ပြည်မကတော့ အဆိုပါ ANP၏ သဘောထားထုတ်ပြန်ချက်အား ဝေဖန်မှုများ ရှိနေမှုအပေါ် ဦးမောင်မောင်အုန်းက "ပူးပေါင်းဆောင်ရွက်မှု မရှိသေးလို့ ANP အနေနဲ့ တွန်းအားပေးတဲ့ သဘောမျိုးလို့ ကျနော် ထင်ပါတယ်။ ပူးပေါင်းဆောင်ရွက်လာပြီ၊ ပေါင်းစပ်ညှိနှိုင်းလာပြီ ဆိုတဲ့အခါ အဆင်ပြေသွားမယ်လို့ ထင်ပါတယ်။ ကျနော် လွှတ်တော် တက်တဲ့အချိန်ရောက်ရင် အားလုံး အဆင်ပြေသွား မယ်လို့ ထင်ပါတယ်။လာမယ့် ခေါင်းဆောင်တွေကိုလည်း ကျနော် ဒီလိုပဲ အကြံပြုမှာပါ။ NLD အနေနဲ့ ANP နဲ့ ပူးပေါင်းဆောင်ရွက်ရင် ပိုပြီးကောင်းမယ်လို့ ကျနော် ထင်ပါတယ်။ ဒီလိုပဲ အကြံပြုပါရစေ။"ဟု အကြံပြုပြောကြားခဲ့ကြောင်း သိရသည်။
မင်းမြတ်ခိုင် (လေးမြို့ )
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)