ခွဲထွက်​ခွင့်​ မ​တောင်းဆိုသည့်​ ပြည်​​ထောင်​စုစနစ်​ကိုသာ တည်​​ဆောက်​မည်​ဟု တပ်​မ​တော်​မှ စာတမ်းတင်​သွင်း

(Political News)
Jan 15 , 2016

လက်​ရှိကျင်းပလျက်​ရှိ​သော ပြည်​​ထောင်​စုငြိမ်းချမ်း​ရေး ညီလာခံ တတိယ​နေ့  (ဇန်​နဝါရီ ၁၄ ရက်​​နေ့ )၌ ဖက်ဒရယ်စနစ်တွင် အခြေခံသင့်သည့်မူများနှင့် ပတ်သက်၍ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အပါအ၀င် အစုအဖွဲ့များက စာတမ်းတင်သွင်းခြင်း ဆွေးနွေးခြင်း ပြုလုပ်ရာ ဗဟိုအစိုးရ အားကောင်းပြီး ခွဲထွက်ခွင့်ကို မတောင်းဆိုသည့် ပြည်ထောင်စုစနစ်ကို တည်ဆောက်မည်ဟု တပ်မတော်ကိုယ်​စားလှယ်​များက စာတမ်းတင်သွင်းခဲ့​ကြောင်း သိရသည်​။

" ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို ပြည်ထောင်စု မပြိုကွဲရေး တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ရှေးရှုပြီးတော့ လက်ရှိလူဦးရေ နေထိုင်မှုအရ ပထ၀ီ အပိုင်းအခြားကို အခြေခံတဲ့ သမိုင်းကြောင်းအရ ပြည်မကို ၀န်းရံသော ပြည်ထောင်စု တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး တန်းတူညီမျှရှိမှု တိုင်းရင်းသား အခွင့်အရေးရှိမှု နိုင်ငံသား အားလုံးတန်းတူညီမျှရရှိမှု တရားမျှတမှုရှိမှုနဲ့ အခြေခံလူ့အခွင့်အရေးရှိမှု စတဲ့အင်္ဂါရပ်များနဲ့ ပြည့်စုံပြီးတော့ ဗဟိုအစိုးရ အားကောင်းပြီး ခွဲထွက်ခွင့်ကို မတောင်းဆိုတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံပြီး ပြည်ထောင်စုစနစ်ကို တည်ဆောက်သွားမှာ ဖြစ်ကြောင်း" တပ်​မ​တော်​ကိုယ်​စားလှယ်​များက စာတမ်းတင်​သွင်းခဲ့​ကြောင်း သိရသည်​။

အဆိုပါ ညီလာခံသို့ တက်​​ရောက်​ခဲ့​သော တိုင်းရင်းသားကိုယ်​စားလှယ်​များကလည်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများသည် ခွဲထွက်ခွင့်အတွက် လက်နက်ကိုင် တော်လှန်ကြခြင်းမဟုတ်​ဘဲ တန်းတူညီ​မျှ အခွင့်​ရရှိ​ရေးအတွက်​သာ တိုက်​ပွဲဝင်​ရခြင်းဖြစ်​​ကြောင်း စာတမ်းတင်​သွင်း ခဲ့သည်​ဟု Eleven News တွင်​ ​ဖော်​ပြထားသည်​။

ထို့ပြင်​ " ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ခွဲထွက်ခွင့် ပုဒ်မ  ပါခဲ့ပေမယ့် အဲဒီခွဲထွက်ခွင့်ပုဒ်မဟာ ကျွန်တော်တို့ တိုင်းရင်းသားတွေကို အခွင့်အရေးကို အကာအကွယ် မပေးနိုင်ရုံသာမက ခွဲထွက်ခွင့်ပုဒ်မကြောင့် ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ပိတ်ပင်ခြင်း ခံရတယ်။ ပြည်တွင်းစစ် ဖြစ်ပွားရတယ်။ ဒုက္ခအမျိုးမျိုး ကြုံခဲ့ရတယ်။ ပြီးတော့ ကျွန်တော်တို့ လိုလားတာက ပင်လုံကတည်းကနေ ကျွန်တော်တို့မျှော်မှန်းခဲ့တဲ့ မျှော်မှန်းချက်က ဖက်ဒရယ် ပြည်ထောင်စုစနစ်ပဲ ဖြစ်ပါတယ်။ ဖက်ဒရယ်မူအရ ခွဲထွက်ခွင့်ဆိုတာ မပါပါဘူး။ ထို့အတွက်ကြောင့် ခွဲထွက်ခွင့်ကို ကျွန်တော်တို့  ထားခဲ့ရတော့မယ်။ " ဟု အဆိုပါ ညီလာခံတက်​​ရောက်​သည့်​ တိုင်းရင်းသားကိုယ်​စားလှယ်​များ၏ စာတမ်းတင်​သွင်းချက်​များကို သိရသည်​။

သို့ ​သော်​လည်း အဆိုပါခွဲထွက်​ခွင့်​နှင့်​ ပြည်​​ထောင်​စုမှ ခွဲထွက်​လိုစိတ်​ရှိ၊မရှိကို ညီလာခံတက်​​ရောက်​သည့်​ တိုင်းရင်းသားအဖွဲ့  ၈ ဖွဲ့ ၏ သ​ဘောထားအာ​ဘော်​များသာဖြစ်​ပြီး ညီလာခံတက်​​ရောက်​ရန်​ ငြင်းပယ်​ခဲ့သည့်​ တိုင်းရင်းသားအဖွဲ့  များနှင့်​ လက်​မှတ်​မ​​ရေးထိုးရသည့်​ တိုင်းရင်းသားအဖွဲ့များ၏ သ​ဘောထားကို​တော့ ​လေ့လာ​စောင့်​ကြည့်​ရမည်​ ဖြစ်​သည်​။

မင်းမြတ်​ခိုင်​ (​လေးမြို့  )



SHARE THIS
Previous Post
Next Post