ပုဏ္ဏားကျွန်းအနီးတွင်​ ​ရွှေပြည်​သစ်​ Express နှင့်​ ကုန်​တင်​ကား တိုက်​မိပြီး ၁ ဦး​သေ ၊ ၁၀ ဦး ဒဏ်​ရာရ

(Breaking News)
Jan 14 , 2016

ဇန်န၀ါရီလ ၁၄ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်​လောက်​က ရခိုင်​ပြည်​နယ်​ ၊ ပုဏ္ဏားကျွန်းမြို့ အနီးနှင့်​ ယိုးတရုတ်​ရွာအနီးတွင်​ ​ရွှေပြည်​သစ်​ Express ကားနှင့်​ ကုန်​တင်​ကား တစ်​စီးတို့ တိုက်​မိပြီး ၁ ဦး ​သေဆုံးပြီး ၁၀ ဦး ဒဏ်​ရာရရှိခဲ့​ကြောင်း သိရသည်​။

အမှုဖြစ်စဉ်မှာ ရန်ကုန်မှနေ -စစ်တွေသို့ ထွက်ခွာလာခဲ့သော ရွှေပြည်သစ် ခရီးသည်တင်ကားနှင့် စစ်တွေမြို့မှ ရန်ကုန်ဘက်သို့ ထွက်ခွာလာ သည့် ကုန်တင်ကားတို့ ပုဏ္ဏားကျွန်းမြို့နယ် ပိုးချေကုန်း ကျေးရွာ အနီးသို့အရောက် တွင် တိုက်မိခဲ့ကြရာ ကုန်တင်ကားမှ ကူမောင်း ကားဒရိုင်ဘာ တစ်ဦးမှာ သေဆုံးခဲ့ပြီး ရွှေပြည်သစ် ခရီး သည်တင်ကားမှ ခရီးသည် ၁၀ တို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးညီညီအောင်က ​ပြောကြားသည်​ဟု ရခိုင်​တိုင်းမ်​သတင်း၌ ​ဖော်​ပြထားသည်​။

လေးမြို့ သား



SHARE THIS
Previous Post
Next Post