(Local News)
Jan 14 , 2016
ရခိုင်ကျောင်းသားများသမဂ္ဂ(ဒဂုံတက္ကသိုလ်)ဥက္ကဌ ကိုထွန်းမင်းခန့် အား ၂၀၁၄ ခုနှစ် ၊ မတ်လ ၃၀ ရက်နေ့ ၊ လှည်းတန်း ဦးထွန်းလင်းခြံ လမ်းထိပ် ၌ ပြုလုပ်ခဲ့သော အမျိုးသားပညာရေး ဥပဒေမှ ဗဟိုချုပ်ကိုင်မှုလျော့ချရေး ဆန္ဒ ထုတ်ဖေါ်ခဲ့ခြင်းနှင့်  ပတ်သက်၍ ကမာရွတ်စခန်းမှ ယနေ့ ၂၀၁၆ ခု ဇန်န၀ါရီလ ၁၄ ရက်နေ့က ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။
" ဒီနေ့  မနက်က ကမာရွက်ရဲစခန်းကတော့  ဖုန်းဆက်အကြောင်းကြား လာပါတယ်။ ပုဒ်မ ၁၈ နဲ့ အမှု ဖွင့်ထားပါတယ်။ အာမခံ လာယူပါ။ အေးအေးဆေးဆေး ဖြေရှင်းလို့  ရတယ်လို့  ပြောပါတယ်။" ဟု ကိုထွန်းမင်းခန့် က ပြောကြားကြောင်း Narinjara အွန်လိုင်းစာမျက်နှာ၌ ဖော်ပြထားသည်။
၂၀၁၄ ခုနစ်က ဆန္ဒထုတ်ဖော်မှုကြောင့် ၂၀၁၆ ခုနစ်တွင် အမှုဖွင့်တိုင်ကြားခံခဲ့ရသည့် ကိုထွန်းမင်းခန့် သည် ဒဂုံတက္ကသိုလ်၌ နောက်ဆုံးနှစ် ဥပဒေအထူးပြု ကျောင်းသား တစ်ဦး ဖြစ်ပြီး အဆိုပါ အမှုတွင် ကိုထွန်းမင်းခန့် အပြင် ဇေယျလွင်၊ ပိုင်ရဲသူ၊ နန်းအိ တို့လည်း ပါဝင်နေကြောင်း သိရသည်။
သက်ထားရွှေစင် (လေးမြို့ )
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)