ရှမ်း​တောင်​ပိုင်းတွင်​ ​ရေခဲမှတ်​​အောက်​ထိ ​အေး​​နေသဖြင့်​ ကျန်းမာ​ရေး စိုးရိမ်​ရ

(Local News)
Jan 14 , 2016

မြန်​မာနိုင်​ငံ ၊ အ​ရှေ့ ဖက်​ ရှမ်းပြည်​နယ်​​တောင်​ပိုင်းတွင်​ ယခု​ဆောင်းရာသီ၌ ​ရေခဲမှတ်​​ရောက်​သည်​အထိ ​အေးခဲလာသဖြင့်​ ထို​ဒေသရှိ သက်​ကြီးရွယ်​အို များ၏ ကျန်းမာ​ရေးအ​ခြေအ​နေ စိုးရိမ်​ရသည်​အထိ ရှိ​နေ​ကြောင်း သိရသည်​။

ရှမ်းတောင်ရှိ ပင်လောင်းတွင် မနေ့ညက ရေခဲသည်အထိ အေးခဲ့ပြီး၊ မိုးကုတ်တွင်လည်း မနေ့ညက ရေခဲမှတ်အောက် -2 ဒီဂရီအထိ ကျဆင်းခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိပါသည်။ အလားတူ လွန်ခဲ့သော ၂ ရက်က ကလောတွင်လည်း -1 ဒီဂရီအထိ အေးခဲ့ပြီး၊ တောင်ပေါ် မိုင်းရှူးတွင်လည်း အေးကြောင်း Eleven News တွင်​ ​ဖော်​ပြထားသည်​။

ထို့ပြင်​ ရှမ်းပြည်တောင်ပိုင်းရှိ လွိုင်လင် ခရိုင်တွင် ၇ မြို့နယ်၊ တောင်ကြီးခရိုင်တွင် ၁၀ မြို့နယ်၊ လင်းခေး ခရိုင်တွင် ၄ မြို့နယ် ရှိသည့်အနက် လင်းခေး ခရိုင်တွင်းရှိ လင်းခေး၊ မိုင်းပန်၊ မောက်မယ်တို့သည် မြန်မာပြည် ရာသီဥတုအတိုင်း ပူအိုက်ကြောင်း သိရသည်။ လွိုင်လင်တွင် ၃ ရက်ဆက်တိုက် 0 ဒီဂရီအထိ အေးခဲ့ပြီး၊ နမ့်စန်တွင်လည်း 2 ဒီဂရီအထိ တစ်ပတ်လောက် အေးနေကြောင်း သိရပြီး တောင်ကြီးတွင် 2 ဒီဂရီအထိ အအေးပိုလာကြောင်း သိရသည်။

မောင်​လူ​အေး (​လေးမြို့ )



SHARE THIS
Previous Post
Next Post