(Breaking News)
Jan 14, 2016
ယနေ့၊မနက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ ၊ ဂျာကာတာမြို့ တော် နေရာအချို့ တွင် ဗုံးခွဲတိုက်ခိုက်ခဲ့သော အကြမ်းဖက်သမားထဲမှ ၄ ဦး ပစ်ခတ်သုတ်သင်နိုင်ခဲ့ပြီဖြစ်ပြီး နောက်ထပ် အကြမ်းဖက်သမား ၄ ဦးကို ဖမ်းဆီးမိထားပြီဖြစ်ကြောင်း အင်ဒို ရဲတပ်ဖွဲ့ ပြောခွင့်ရ Iqbal Kabid က မီဒီယာများကို ပြောကြားလိုက်သည်ဟု သိရသည်။
ယနေ့ မနက်ပိုင်းက အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုတွင် အကြမ်းဖက်သမား ၁၅ ယောက်ခန့်က အော်တိုမက်တစ် မောင်းပြန်သေနတ်များ ဖောက်ခွဲရေး ပစ္စည်းများကို သယ်ဆောင်ကာ မော်တော်ဆိုင်ကယ်များနဲ့ ၀င်ရောက်လာပြီး ဂျာကာတာမြို့လည် သံရုံးများ၊ Sarinah ကုန်တိုက်ရှေ့၊ ကုလသမဂ္ဂ ရုံးအနီးစသည့်နေရာ ၆နေရာခန့်တွင် ဗုံးဖောက်ခွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူအများအပြား ဒဏ်ရာရရှိထားကြောင်း သိရသည်။ ယခုအခါ အင်ဒို ရဲတပ်ဖွဲ့ကလည်း အကြမ်းဖက်သမားများ ခိုအောင်နေနိုင်ဖွယ်ရှိသည့် နေရာများအား ရှင်းလင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။
လေးမြို့ သား
ဓာတ်ပုံ - ဧရာဝတီသတင်းဌာန
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)