မြေစာပုံ ထပ်​မံပြိုကျ၍ ဖားကန့်​တွင်​ ၃ ဦး​သေဆုံး

ဖားကန့်​ ၊ ​လေးမြို့ 
ဇန်​နဝါရီ ၁၃ ရက်​ ၊ ၂၀၁၆

မ​နေ့ ည (ဇန်​နဝါရီ ၁၂ ရက်​ ) ည ၁၀ နာရီခန့်​လောက်​က ကချင်​ပြည်​နယ်​ ၊ ဖားကန့်​ မြို့ နယ်​ ၊ ကန်​ခန်​​တောင်​အနီးတွင်​ ​မြေစာပုံပြိုကျမှု ထပ်​မံဖြစ်​ပွားခဲ့ပြီး ​ရေမ​ဆေး​ကျောက်​ရှာ​ဖွေသူ ၃ ဦး ​သေဆုံးခဲ့​ကြောင်း ဧရာဝတီသတင်းတွင်​ ​ဖော်​ပြထားသည်​ကို ​တွေ့ ရသည်​။

“ရေမဆေးကျောက် ရှာဖွေတဲ့သူတွေက နေ့ရောညရော လုပ်နေကြတာ။ အသေအပျောက် စာရင်းက လူပျောက်လာရှာမှ သိရမယ်။ ဘယ်နှစ်ယောက် ပျောက်သွားလဲဆိုတာကို သူတို့မိသားစု၊ သူတို့အဖော်တွေပြောမှ သိနိုင်မယ်”ဟု ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဦးလော်ရော်က ​ပြောကြား​ကြောင်း သိရသည်​။

ဦး​လော​ရော်​က လက်ရှိအချိန်အထိ ပျောက်ဆုံးသည့်လူဦးရေ အရေအတွက်ကို တိတိကျကျ မသိရှိရသေးကြောင်းနှင့် သေဆုံးသူဦးရေ ထပ်မံ တိုး လာ နိုင်ကြောင်း ​ပြော​ကြား​ကြောင်း သိရသည်​။

ထို့ ပြင် ကန်ခန်တောင် မြေစာပုံသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းကလည်း ပထမအကြိမ်ပြိုကျခဲ့ပြီး ​ကျောက်​ရှာ​ဖွေသူ ၁၀၀ ကျော် သေဆုံးခဲ့ သည်ဟု သိရသည်။

သက်​ထား​ရွှေစင်​(​လေးမြို့ )
ဓာတ်​ပုံ - ဧရာဝတီသတင်းဌာန



SHARE THIS
Previous Post
Next Post