နေပြည်တော် ၊ လေးမြို့ 
ဇန်န၀ါရီ ၁၃ ရက် ၊၂၀၁၆
တစ်နိုင်ငံလုံးငြိမ်းချမ်းရေး ဖော်ဆောင်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံး ပူးပေါင်းပါဝင်ခွင့်ရဖို့  အရပ်ဘက် လူမှုအဖွဲ့အစည်း ၅၀၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ အရပ်ဘက် မဟာမိတ် အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ကြောင်း သိရသည်။
"အားလုံး ပါဝင်သင့်တယ်လို့ ကျနော်ကတော့ ထင်ပါတယ်။ အားလုံး ပါဝင်ဖို့ဆိုတာ တိုင်းရင်းသားဒေသတွေမှာ အခု လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရှိတယ်။ အဲဒီအဖွဲ့တွေ အားလုံး ပါဝင်စေချင်သလိုမျိုး အမှန်တကယ် ကိုယ်စားပြုနိုင်တဲ့လူတွေလည်း ဒီထဲကို ပါဝင်လာစေချင်တယ်။"ဟု အရပ်ဘက်အဖွဲ့အစည်း မြန်မာလူထုမဟာမိတ်အဖွဲ့က ဦးအောင်ကျော်မိုး က ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်ကို တွေ့ ရသည်။
ထို့ ပြင် ဦးအောင်မိုးကျော်က အနာဂတ် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဆုံးဖြတ်ချက်များချမှတ်ရာ၌ ပြည်သူ့ ဆန္ဒနှင့် အသံကိုလည်း အစိုးရနှင့် ခေါင်းဆောင်များအနေဖြင့် လက်ခံထည့်သွင်းပေးရန် တောင်းဆိုထားသည်။
ထို့ပြင် အရပ်ဘက် အဖွဲ့အစည်း မဟာမိတ်အဖွဲ့ MATA ရဲ့ ဦးဆောင်ကော်မတီဝင် ဦးဇော်လွင်ကလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ မှ ဆွေးနွေးချက်များအား ပြည်သူများသိရှိနိုင်ရန် အချိန်နှင့်တပြေးညီ ထုတ်လွင့်ပြန်ကြားပေးရန် နှင့် တိုင်းရင်းသားဘာသာစကားများဖြင့် ထပ်ဆင့်ပြန်ကြားပေးရန် ၊ ပြည်သူတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ဖြည့်စွက်ပြင်ဆင် အကြံပေးချက်တွေကိုလည်း လွတ်လပ်စွာ အကြံပြုခွင့်ပေးဖို့ တောင်းဆိုခဲ့ကြောင်း သိရသည်။
မင်းမြတ်ခိုင် (လေးမြို့ )
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)