(Breaking News)
ဇန်န၀ါရီ ၁၅ ရက် ၊ ၂၀၁၆
ယနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့ ၊ ညနေ ၅ နာရီလောက်က ရခိုင်ပြည်နယ် ၊ မင်းပြားမြို့ နယ် ခေါင်းလောင်းရွာ နှင့် ရာမောင်ခွဆုံအကြား ကားလမ်းပေါ်တွင် HIJET ကားတစ်စီး အရှိန်လွန်တိမ်းမှောက်ခဲ့ပြီး ကားပေါ်တွင် တစ်ဦးတည်း ပါလာသူ ယာဉ်မောင်းမှာ သတိမေ့မျောနေကြောင်း သိရသည်။
တိမ်းမှောက်ခဲ့သည့် ယာဉ်အမျိုးအစားမှာ HIJET အမျိုးအစား ဖြစ်၍ ကားနံပါတ်မှာ 4G-8289 ဖြစ်ကာ မင်းပြားမြို့ နယ် ၊ ငရမ(ချင်း)ရွာမှ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်မောင်းအား လမ်းသွားလမ်းလာများက မြင်တွေ့ ပြီး လူနာတင်ကားကို ဖုန်းဆက်ခေါ်ကာ ယာဉ်ထိန်းများ ရောက်ရှိလာပြီး လူနာတင်ကားဖြင့် မင်းပြား၊ဆေးရုံသို့ အရေးပေါ် သယ်ယူသွားကြောင်း သိရသည်။
မောင်ကာကြီး (လေးမြို့ )
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)