ပြည်​နယ်​သစ်​​​တောင်းတိုင်း စဉ်းစား​ပေးမည်​ဆိုပါက မြန်​မာနိုင်​ငံသည်​ ကမ္ဘာ့ ​မြေပုံမှ ​ပျောက်​ကွယ်​သွားလိမ့်​မည်​ဟု ဦးခွန်​ထွန်းဦး​ပြော

(Political News)
Jan 15 , 2016

ပြည်​​ထောင်​စု တိုင်းရင်းသားညီလာခံတွင်​ တိုင်းရင်းသားလူမျိုးစုများ ​ပြည်​နယ်​သစ်​​တောင်းဆို​နေမှုများနှင့်​ ပတ်​သက်​၍ ပင်မ တိုင်းရင်းသားမျိုးနွယ်စုများ၏ တန်းတူအခွင့်ရေးဆိုင်ရာ ကိစ္စများကို အရင်မစဉ်းစားဘဲ ပြည်နယ်သစ်​မရသေးသည့် တိုင်းရင်းသားများ၏ တောင်းဆိုမှုများကို ပြည်နယ်ပေးရန် အလျင်စလို စဉ်းစားမည်ဆိုပါက မြန်မာပြည်သည် ယူဂိုဆလားဗီးယား ပြည်ထောင်စုကဲ့သို့ ကမ္ဘာ့မြေပုံမှ ပျောက်ကွယ်သွားလိမ့်မည်ဟု ရှမ်းတိုင်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦးက သတိပေး ပြောဆိုလိုက် ​ကြောင်း သိရသည်​။

"ခပ်ရှင်းရှင်း ပြောရရင်တော့ ပြည်နယ်ပေးလိုက်ရင် ယူဂိုဆလားဗီးယားလို
ဖြစ်နိုင်တယ်။ ယူဂိုဆလားဗီးယားလိုမျိုး မြန်မာပြည်မြေပုံ ပျောက်သွားမယ် " ဟု ဦးခွန်ထွန်းဦးက ​ပြောကြားသည်​ဟု The Lady News တွင်​ ​ဖော်​ပြထားသည်​။

ညီလာခံ တက်ရောက်နေသည့် “၀” ဒီမိုကရက်တစ် ပါတီအနေဖြင့် သံလွင်
အရှေ့ခြမ်း ဒေသများအပြင် အနောက်ခြမ်းရှိ တန့်ယန်း ၊ လားရှိုး အစရှိသည့်
ဒေသများကိုပါ တောင်းဆိုမှုများ ရှိလာခဲ့မှုအ​ပေါ်"၀” များအား ပြည်နယ်ပေးပါက တရုတ်သြဇာ လွှမ်းမိုးလွန်းသည့်အတွက် သံလွင်မြစ် အရှေ့ဘက်ခြမ်း ၊ သျှမ်းပြည်နယ် အရှေ့ပိုင်း ဒေသတစ်ခုလုံးမှာ ခရိုင်းမီးယားကဲ့သို့  ဖြစ်လိမ့်မည်ဟု ဦးခွန်ထွန်းဦးက ယခင်ကပင် သတိပေး ပြောဆိုခဲ့ဖူး​ကြောင်း သိရသည်​။

ထို့အပြင် ပအိုဝ်း ၊ တအာင်းပလောင် စသည့် အဖွဲ့အစည်းများကလည်း တအာင်း၊ပလောင်နှင့် ပအိုဝ်းပြည်နယ်ရရှိရေးအတွက် လက်ရှိကျင်းပနေသည့် ညီလာခံတွင် တောင်းဆိုနေကြပြီး တိုင်းလိုင်ရှမ်းနီများကလည်း ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းရှိ ရှမ်းနီများနေထိုင်ရာ ဒေသများကို ပြည်နယ်သစ်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုမှုများ ရှိနေသည်ဟု သိရသည်​။

မောင်​လူ​အေး (​လေးမြို့ )




SHARE THIS
Previous Post
Next Post