"ရွန်နီအနေဖြင့် လန်ဒန်တွင်ခြေစွမ်းပြနိုင်ရုန်းကန်ရလိမ့်မည်ဖြစ်ကြောင်း တိုနီအဒမ် သတိပေး"

အာဆင်နယ်အသင်း ဂန္ထ၀င်တိုက်စစ်မှူး တိုနီအဒမ်က မန်ယူတိုက်စစ်မှူးရွန်နီမှာ လန်ဒန်တွင်ခြေစွမ်းပြနိုင်ရန်ရုန်းကန်ရလိမ့်မည်ဖြစ်ကြောင်း သတိပေးသွားခဲ့သည်။ ရွန်နီကို လန်ဒန် အခြေစိုက်ကလပ်အသင်းများဖြစ်သည့် အာဆင်နယ်အသင်းနှင့် ချဲလ်ဆီးတို့က ခေါ်ယူရန်စိတ်စားနေသည့် အချိန်တွင် အဒမ်ကယခုကဲ့သို့ပြောကြားသွားခဲ့ခြင်းဖြစ်သည်။

အဒမ်က ရွန်နီအနေဖြင့် မန်ချက်စတာမြို့တွင်အနေကြာလာပြီဖြစ်၍ လန်ဒန်မြို့၏ လူနေမှုပုံစံနှင့် အသားမကျမည်ကိုစိုးရိမ်ကာ သူ၏အတွေ့အကြုံများနှင့်ယှဉ်၍ပြောကြားသွား ခဲ့ခြင်း လည်းဖြစ်သည်။ အဒမ်သည် အာဆင်နယ်အသင်းတွင်ကစားခဲ့သည့် 19နှစ်တာကာလအတွင်း ယမကာလုလင်မဖြစ်လာစေရေးအတွက်တိုက်ပွဲဝင်ခဲ့ရသူလည်းဖြစ်သည်။

အသက်(46)နှစ်အရွယ်ရှိ အဒမ်က " အရိုးသားဆုံးပြောရမယ်ဆိုရင် ရွန်နီလန်ဒန်မှာအသားကျဖို့ဆိုတာ မသေချာပါဘူး။ သူရဲ့ပင်ကိုယ်စရိုက်နဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကြောင့် အ ဆင်ပြေမှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ လန်ဒန်မြို့မှာ မတူညီတဲ့ခြားနားတဲ့ စရိုက်အမျိုးမျိုးနဲ့ လူတွေရောကစားသမားတွေရော ရှိနေတာပါ " ဟုပြောကြားသွားခဲ့ သည်။

ရွန်နီမှာ မေးခွန်းထုတ်စရာမလိုသည့် စူပါကစားသမားတစ်ဦးဖြစ်ခြင်းကြောင့် အာဆင်နယ်အသင်းသို့ရောက်လာမည်ဆိုပါက ကြိုဆိုပါကြောင်း ၊ နည်းစနစ်ပိုင်းအရလည်းကောင်းမွန် သည့် ကစားသမားတစ်ဦးဖြစ်ကြောင်းပြောကြားခဲ့သည်။ သို့သော် သူ၏စိတ်ဓာတ်ပိုင်းကြောင့် အာဆင်နယ်အသင်းသို့ ရောက်လာရန် မသေချာကြောင်းပြောကြားခဲ့သည်။

အဒမ်က " လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဖာဂူဆန်ဟာရွန်နီကို ထူးချွန်ပြောင်မြောက်တဲ့ထိပ်တန်းကစားသမားတစ်ဦးဖြစ်အောင် သွန်သင်နိုင်ခဲ့တယ်ဆိုတာ ကျွန်တော် သိပါတယ်။ အာစင်ဝင်းဂါးဟာ လည်းရွန်နီကို ကောင်းကောင်းထိန်းချုပ်ကိုင်တွယ်နိုင်ပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းကိုသူရောက်လာဖို့ကမသေချာပါဘူး။ သူ့အတွက် သုံး ရမယ့် ပြောင်းရွှေ့ကြေးဟာ များပြားလွန်းနေပါတယ် " ဟုပြောကြားသွားခဲ့သည်။

ထို့အပြင်အဒမ်က ရီးရဲလ်အနေဖြင့် ရွန်နီကို ခေါ်ယူရန်ကြိုးစားလာမည်ကိုလည်းစိုးရိမ်မိကြောင်းပြောကြားခဲ့သည်။ အဒမ်က " ရီးရဲလ်အနေနဲ့ ရွန်နီကိုခေါ်ဖို့ စိတ်ဝင်စားလာမှာကို ကျွန်တော်စိုးရိမ်မိပါတယ်။ ရီးရဲလ်လိုအသင်းနဲ့ ကစားသမားတစ်ဦးကို အပြိုင်ခေါ်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ လိဂ်တစ်ခုမှာဗိုလ်စွဲဖို့ဆိုရင် လိဂ်မှာရှိတဲ့ အကောင်းဆုံးကစားသ မားတွေ ကို လိုအပ်ပါတယ် " ဟုပြောကြားခဲ့သည်။

source:thesun.co.uk

~chan mon~

SHARE THIS
Previous Post
Next Post