အီရန် အသင်းသည် ဇွန် ၁၈ ရက်က ကစားခဲ့သော
ကမ္ဘာ့ဖလား အုပ်စုပတ်လည် ပွဲစဉ်တွင် တောင်ကိုရီးယား အသင်းအား
၁ဂိုး-ဂိုးမရှိဖြင့် အနိုင် ရရှိခဲ့ပြီးနောက် ဘရာဇီးတွင် ကျင်းပမည့် ၂ဝ၁၄
ဖီဖာ ကမ္ဘာ့ဖလားပွဲ
အတွက် နေရာတစ်နေရာ ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
Ulsan World Cup ကွင်း၌ ကျင်းပသော
၎င်းပွဲစဉ်တွင် အိမ်ရှင် တောင်ကိုရီးယား အသင်းသည် ပွဲချိန် ပထမ ပိုင်းတွင်
တစ်လျှောက်လုံး လွှမ်းမိုး ကစားနိုင်ခဲ့သည်။
သို့သော် ကိုရီးယားအသင်းသည် အီရန်အသင်း၏
နောက်တန်းကို ကောင်းစွာ မထိုးဖောက်နိုင် ခဲ့ပေ။ အီရန်အသင်းသည် ပွဲချိန်
ဒုတိယပိုင်းရောက်မှ ပိုမိုဖိ ကစားလာခဲ့ပြီး ပွဲအရှိန်မှာလည်း ပိုမို
ကောင်းလာခဲ့ခြင်း ဖြစ်သည်။ အီရန်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို
ပွဲချိန် မိနစ် ၆ဝ တွင် တိုက်စစ်မှူး ရီဇာကော့ ချန်နီဂျက်က သွင်းယူခဲ့ခြင်း
ဖြစ်သည်။ ယခုပွဲစဉ် အပြီးတွင် အီရန်အသင်းသည် ၂ဝ၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲ
အုပ်စုအေ၏ ထိပ်ဆုံးတွင် အခိုင်အမာ နေရာယူနိုင်ခဲ့ကြောင်း
သိရသည်။