အာဆင်နယ်သို့ အပြောင်းအရွှေ့ ပျက်ပြယ်မည်ဟု ဖယ်လိုင်နီ စိုးရိမ်


အာဆင်နယ်သို့ အပြောင်းအရွှေ့ ပျက်ပြယ်မည်ဟု ဖယ်လိုင်နီ စိုးရိမ်
အာဆင်နယ် အသင်း၏ ငွေကြေးသုံးစွဲမှု ပေါ်လစီကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက်မှု ရှိမလာမည်ကို မော်ရို ဖယ်လိုင်နီ အနေဖြင့် စိုးရိမ်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အာဆင်နယ် အသင်းသည် အဲဗာတန်၏ ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ် ကစားသမားကို စိတ်ဝင်တစား ချိတ်ဆက်နေသော်လည်း အပြောင်းအရွှေ့ အောင်မြင် ထမြောက်မှု မရှိသေးချေ။ အာဆင်နယ်က ဈေးကွက်ထဲတွင် ရင်းနှီးမြှုပ်နှံရန် ပြောင်းရွှေ့ကြေး အသုံးစရိတ် အလုံအလောက် ရှိနေကြောင်း ပြောဆိုထားသော်လည်း ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း အာဆင်နယ်သည် ကစားသမား ဝယ်ယူမှုတွင် ငွေကြေး အမြောက်အမြား သုံးစွဲမှုမျိုးကို ရှောင်ကြဉ်ခဲ့သည့် သာဓကများ ရှိနေသည်။

အဲဗာတန်သည် အသက်(၂၅)နှစ်ရှိ ဖယ်လိုင်နီအတွက် အနည်းဆုံး ပေါင်စတာလင် (၂၃)သန်းမျှ တောင်းဆိုဖွယ် ရှိနေရာ ထိုအနေအထားတွင် အာဆင်နယ်၏ ချဉ်းကပ်မှု လက်တွေ့ ဖြစ်နိုင် မဖြစ်နိုင်ကို ဖယ်လိုင်နီက စိုးရိမ်နေခြင်းဟု သိရသည်။ အဲဗာတန် မန်နေဂျာသစ် ရောဘတ်တို မာတီနက်ဇ်က ဖယ်လိုင်နီကို ဆက်ထိန်းထားရန် ဆန္ဒရှိနေပြီး အကယ်၍ မဖြစ်မနေ ရောင်းထုတ်ရပါကလည်း စာချုပ်ပါ သတ်မှတ် ဈေးနှုန်းအတိုင်း ပေါင်စတာလင် (၂၃)သန်းထက် လျော့နည်းသည့် မည်သည့် ကမ်းလှမ်းမှုကိုမဆို ငြင်းပယ်ရန် စဉ်းစားထားကြောင်း သတင်းများက ဖော်ပြထားသည်။

SHARE THIS
Previous Post
Next Post