ခိုတောင်ကျွန်းလူသတ်မှုနှင့် ပတ်သတ်၍ မြန်မာနိုင်ငံအတွင်း ဆန္ဒပြနေသူများကို ထိုင်းဝန်ကြီးချုပ် ပယာယွတ် ချန်အိုချာက ဝေဖန်တိုက်ခိုက် ပြောကြားလိုက်သည်။ ဝန်ကြီးချုပ်က ဆန္ဒပြသူများအနေဖြင့် တရားရုံးဆုံးဖြတ်ချက်နှင့် ထိုင်းတရားရေးစနစ်ကို လေးစားသင့်သည်ဟု ပြောကြားသည်။
ဒေါသထွက်နေပုံပေါ်သည့် ဝန်ကြီးချုပ်က ဆူရက်ဌာနီအသွား လေယာဉ်ပေါ်မတက်မီတွင် "သူတို့ အယူခံဝင်ခွင့်ရှိတယ်၊ ဟုတ်လား။ တစ်ကမ္ဘာလုံးက ဥပဒေတွေမှာ ဒီလိုပဲရှိတယ်။ ထိုင်းဥပဒေမှာ မရှိရဘူးလား။ ဖိအားပေးခံရတာနဲ့ အကုန်လွှတ်ပေးရမှာလား " ဟု မီဒီယာများကို ပြောကြားခဲ့သည်။
တရားရေးစနစ်ကို လေးစားသင့်ကြောင်းနှင့် လူထုက ဖိအားပေးသည်ကို လက်ခံမည် မဟုတ်ကြောင်း ထိုင်းစစ်တပ် အာဏာသိမ်းခေါင်းဆောင် ၀န်ကြီးချုပ် ပရာယုချန်အိုချာက ပြောသည်။
ကျန်တော်တို့က ဆန္ဒပြဖိအားပေးတာလည်း ပေးကြပေါ့ဗျာ ဒါပေမဲ့လည်း စည်းလွတ်ဝါးလွတ်ပြောဆိုလုပ်ကိုင်နေတာတွေက မကောင်းဘူး။အမှုက ကမ္ဘာကသိတယ် အယူခံအဆင့်လည်း ရှိသေးတာပဲ။ အခုဆိုရင်ပဲ ထိုင်းဝန်ကြိးချုပ်က ပြောလာပြီလေ။ ဟု ထိုင်းနိုင်ငံတွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့ပြီး ထိုင်းရေးရာကျွမ်းကျင်သူတဦးဖြစ်သည့် ကိုကျော်လင်းဥိးက မှတ်ချက်ပြုပြောဆိုသည်။
( The Ladies News )
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
လိပ်ကျွန်းဆန္ဒပြမှု သွေးထိုးသူများကို ရှာဖွေဖော်ထုတ်ရန် ရဲချုပ် အမိန့်ထုတ်ထိုင်းအမျိုးသာ&
မြောက်ကိုရီးယားအစိုးရက တရုတ်ငါးဖမ်းသင်္ဘောသားများကို ပြန်လွှတ်ပေး တရုတ်အစိုးရက နယ်စပ်ရေပြင် အနီးတွင် မြောက်ကိုရီးယားက ဖမ်းဆီးလိုက်သည့် တရုတ် ငါးဖမ်းသင်္ဘော
မဟာစင်ပေးခဲ့တဲ့ အမွေဆိုး မေလ(၁၆)ရက်နေ့ ဝင်ရောက်တိုက်ခတ်သွားတဲ့ မဟာစင်မုန်းတိုင်းကြောင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဗုဒ္ဓဘာသာ ရ
ရဲတပ်ဖွဲ့ အနီးရှိ အမှိုက်ပုံး အတွင်းမှ အစားအစာများ ရှာဖွေခဲ့သည့် ကလေးငယ် နှစ်ဦးအား တာလီဘန်များ သတ်ဖြတ် အာဖဂန် တာလီဘန်များသည် အစိုးရအတွက် သူလျှ
ပိုမိုပြင်းထန်လာသည့် တူရကီဆန္ဒပြပွဲ မြင်ကွင်းများ Wednesday, June 5, 2013 တူရကီနိုင်ငံတွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပိုမို ပြင်းထန်
“FBI က မောင်းသူမဲ့လေယာဉ်များ အမေရိကန်ပြည်တွင်း၌ အသုံးပြုခဲ့” ဇွန်လ ၂၁ ရက် ၂၀၁၃ FBI၏ ဒါရိုက်တာ ဖြစ်သူက ထောက်လှမ်းရေး ကိစ္စအတွက် မောင်းသူမဲ့ လေယာဉ်များကိ
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)