့27-12-2015
ကော့စဗွီးထောင်က အစွပ်စွဲခံ မြန်မာ ၂ ယောက်ကို ကယ်တင်ပေးဖို့ တစ်နိုင်ငံလုံး ဆန္ဒပြမှုတွေနဲ့ ကြုံနေပြီ ။ ပြည်သူတွေနဲ့အတူ ပါဝင်လာသူ ဆန္ဒပြဖို့ တိုက်တွန်းလာသူတွေထဲမှာ အနုပညာရှင် အနည်းငယ်ပဲ ပါဝင်လာ တာကိုလည်း တွေ့ရပါပြီ ။
အဲဒီအချိန် အနုပညာရှင်ထဲမှာ စတင်လှုံဆော်လိုက်သူကတော့ သရုပ်ဆောင် ကိုခင်လှိုင်ပဲ ဖြစ်ပါတယ်။ နိုင်ငံရေးဟာ အိမ်တွင်းရေးဖြစ်တာကြောင့် ဘယ်တုန်းကမှ ဝင်မပါခဲ့ဘူး ၊ အခုတော့ နိုင်ငံ့အရေးဖြစ်ပြီ ဆိုပြီး ဆန္ဒပြလူထုနဲ့ စတင်ပူးပေါင်းလာပါတော့တယ်။ ကိုခင်လှိုင်ဟာ ဆန္ဒပြနေရင်းနဲ့ အင်တာဗျူးလာတဲ့ သတင်း ဌာနတွေရဲ့ မေးခွန်းတွေကို ဖြေကြားမှုပြုနေချိန်မှာ အသံတွေတုန်ပြီး မျက်ရည်တွေဝဲလာတဲ့အထိ သူ့ခံယူချက် တွေ ဆန္ဒပြတောင်းဆိုမှုတွေကို ပြောကြားနေတာကိုကြည့်ရင်း အနုပညာရှင်တစ်ယောက်ဟာ ပြည်သူလူထုနဲ့ တစ်သားတည်းဆိုတဲ့ အတွေးနဲ့ ကြက်သီးထအောင် ခံစားရပါတယ်။ နာရီပိုင်းလေးအတွင်းမှာ နာမည်ကြီး အဆိုတော် မေခလာ နဲ့ သရုပ်ဆောင်ကိုရန်ကျော်တို့ အတွဲလည်း ပါဝင်လာပါတယ်။ မေခလာ ဟာဆိုရင် သီချင်းဆိုဖို့ရှိတာ အာရုံမရဘူး ။ ကျွန်မသားလေးတွေ မတရားခံနေရတယ် လို့တောင် နက်နက်ရှိုင်းရှိုင်း ခံစားရင်း ဆန္ဒပြလူထုကြီးနဲ့အတူ အော်လံတစ်ခုကိုင်ပြီး တက်ကြွစွာပါဝင် ဆန္ဒပြနေပါတော့တယ်။ တစ်ချိန်တည်းမှာပဲ ခေတ်အဆိုတော် Rapper ယုန်လေးနဲ့ အဆိုတော် ဆူဇီတို့လည်း ရောက်ရှိလာတာကို တွေ့ရပါတယ် ။ ကိုခင်လှိုင်ကတော့ ထိုင်းကို မေသန်းနုတို့နဲ့ သွားရောက်ဖျော်ဖြေမယ့်ပွဲကို ပွဲဖျက်လိုက်တယ်လို့ ကြေညာခဲ့ပါတယ်။ သူ့ဘဝတစ်သက်တာမှာ ဘယ်တုန်းကမှ ပွဲရှိရင် မဖျက်ခဲ့တဲ့ ကိုခင်လှိုင်ရဲ့ ပထမဆုံးအနေနဲ့ ပွဲဖျက်လိုက်ခြင်းဖြစ်ပါတယ်။ ထိုင်းအစိုးရရဲ့ တရားစီရင်ရေးကို ဆန္ဒပြတဲ့ အနေနဲ့ဖြစ်ပါတယ်။ မော်ဒယ် ထားထက်ထက်လည်း အနုပညာသရုပ်ဆောင် ခရစ္စတီးနား နဲ့ပူးပေါင်းပြီး ဒီနေ့မှာ လာရောက် ပူးပေါင်းခဲ့ ပါတယ်။
ဒါပေမယ့် အနုပညာရှင်အုပ်စုကြီးတစ်ခုလုံး ပါဝင်လာခဲ့ခြင်းတော့ မရှိပါဘူး။ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ကိုလူမင်း၊ ထွန်းအိန္ဒြာဗိုလ်နဲ့ သျှီ တို့ကတော့ အမှိုက်ကောက်တယ်ဆိုပြီး သစ်ရွက်ကြွေတွေ လိုက်ကောက် နေတာကြောင့်လား၊ အခြားအနုပညာရှင်တွေကလည်း အနိုင်ရပါတီဥက္ကဋ္ဌကြီးရဲ့ နှုတ်တော်က မဟလို့ လာရောက် မပူးပေါင်းကြတာလားဆိုတာ မေးလည်းမေးချင်တယ်၊ မေးလည်းမေးပြီးပြီ ။ ဒီပွဲတောင် မေခလာနဲ့ ရန်ကျော်ဆိုရင် ဒေါ်စုနဲ့အနုပညာရှင်တွေ့ဆုံပွဲမှာ လင်းလင်းက မောင်းထုတ်ခဲ့လို့ NLD ကို စိတ်နာနေလို့ လာပြ လို့ရတာ။ တကယ်လို့သာ မေမေ့အချစ်တော် အနုပညာရှင်တွေဖြစ်နေရင် လာနိုင်မှာ မဟုတ်လောက်ဘူး ။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုထားတဲ့ စစ်သူကြီးဗေလုဝ ဆိုသူလည်း ဘယ်နားသွားပြီး စစ်တိုက်နေတယ်တော့ မသိပါဘူး။ဒေါ်စုရဲ့ ကိုယ်ရံတော် ခြံစောင့်ကြီး အဆိုတော် လင်းလင်းကတော့ ခြံထဲက ပန်းပင်တွေအတွက် မာလီလုပ်နေရလို့လား ၊ အဆိုတော်ချစ်သုဝေကရော ရှမ်းပြည်က စစ်ပြေးဒုက္ခသည်စခန်း သွားမယ်ဆိုပြီး မိုင်းနောင်နဲ့ ဝိန်းကောင်ကို လာတိုက်တဲ့ SSPP/SSA နဲ့အတူ ဓါတ်ပုံရိုက်ခရီးက ပြန်မလာ သေးလို့လား။ ဒါမှမဟုတ် သဉ္စာဝင့်ကျော်နဲ့အတူတူ ငြိမ်းချမ်းရေးအတွက် ကျည်ဆံအစား ခဲတံတွေ ချွန် နေရလို့လား ။ ကိုပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့လည်း ဆန္ဒပြဖို့ ဝတ်စုံ ဒီဇိုင်နာဆီက မရသေးလို့လား ။
အနုပညာလောကကြီးဟာ သာကူးလောကကြီးဖြစ်တယ်ဆိုတာ အနုပညာရှင်တွေကိုယ်တိုင် သက်သေပြ နေခဲ့ပြီး ဖြစ်သလို ပြည်သူ့အကျိုးအတွက် ပေးဆပ်နေတာဆိုတဲ့ အနုပညာသည်တွေ ပြောပြောနေတဲ့ စကားလုံးဟာ For show စားကောင်းသောက်ကောင်း စကားလုံးဆိုတာ ဝင်း နဲ့ ဇော် လူငယ်အရေးမှာ ပိုပေါ်လွင်လာခဲ့တယ် မဟုတ်လား ။ ဘာအနုပညာရှင်လဲ ။ ဘာ ပြည်သူ့အတွက်လဲ။ နောက်ဆိုရင် အနုပညာရှင်တွေရဲ့ ပါးစပ်က ပြည်သူ့အတွက်လို့ ပြောလာရင် ပြည်သူဆိုတာ ခင်ဗျားတို့ကိုယ်တိုင်လား ဟိုပါတီက မေမေ့အတွက်လားလို့ ပိတ်မေးဖို့ ကောင်းတော့တယ် ။ နိုင်ငံ့အရေးမှာ ပျောက်ကွယ် ငြိမ်သက်နေ တဲ့ အနုပညာရှင်များကို ရည်ရွယ်ပါတယ် ။
Soe Win
From-ပြည်မြန်မာ
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
မင်းပြား ရေကြီးမှုနှင့် သောက်ရေပြဿနာ - မင်းပြားမြို့ơ
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)