်ရန်ကုန်၊ ဒီဇင်ဘာ ၂၈
လူမျိုးတု၊ လူမျိုးလိမ်ဖန်တီးခြင်းသည် မြန်မာနိုင်ငံတွင် လူမျိုးရေး ဘာသာရေး အဓိဂရုဏ်းကို ဖြစ်စေနိုင်သဖြင့် ယင်းဖန်တီးမှုကို ရပ်ဆိုင်းရန်နှင့် ထိုသို့ အဓိဂရုဏ်းမျိုး မပေါ်ပေါက်လာစေရန် အတွက် ဆန္ဒဖော်ထုတ်ပွဲ တစ်ခုကို ရန်ကုန်မြို့တွင် ဒီဇင်ဘာလ ၂၇ ရက်နေ့ က ပြုလုပ်ခဲ့သည်။
“ ဆန္ဒဖော်ထုတ်ပွဲကို ပြုလုပ်ရတာက ဒီနာမည်အတုနဲ့ တိုင်းရင်းသား လူမျိုး တစ်မျိုး ဖြစ်အောင် ကြိုးစား ဆောင်ရွက်လာတာကြောင့် လူမျိုးရေး၊ ဘာသာရေး အဓိဂရုဏ်း တွေ ဖြစ်လာနိုင်တဲ့ အတွက် ဒီလို မဖြစ်အောင် ကာကွယ်ရေးအတွက် ခု ဆန္ဒဖော်ထုတ် ပွဲကို ပြုလုပ်ရတာ ဖြစ်ပါတယ်” ဟု ဦးဆောင်သူများထဲမှ တစ်ဦးဖြစ်သူ ဦးစိန်အောင်က ပြောသည်။
သံဃာတော်များ အပါအ၀င် ဆန္ဒဖော်ထုတ်သူ ၁၀၀၀ ခန့်သည် ယမန်နေ့ နေ့လယ် ၂ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်း ခရိုင်၊ ရွှေပြည်သာမြို့နယ် မှ ရွေပြည်သာ စေတီအနီးရှိ သာသနာဗိမာန်တွင် စုဝေးကြပြီး သာသနာ့အလံ၊ နိုင်ငံတော် အလံများနှင့် ဗွီနိုင်း ပိုစတာများကိုင်ဆောင်ကာ ယင်းမှ တစ်ဆင့် လမ်းမများပေါ် ထွက်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ဆန္ဒဖော်ထုတ်သူများသည် သာသနာ့ဗိမာန်မှ တစ်ဆင့် ရွှေဘုန်းရှိန် လမ်း၊ ဗိုလ်ချုပ်လမ်း၊ ဘုရင့်နောင်လမ်းအတိုင်း ချီတက်ပြီး ရွှေညှာမောင် မှတ်တိုင်မှ ကွေ့၍ စစ်တောင်းလမ်းမှ တစ်ဆင့် ချင်းတွင်းလမ်းကို ဖြတ်ပြီး သာသနာဗိမာန်သို့ ချီတက် ဆန္ဒ ပြခဲ့ကြသည်။
စီတန်းလှည့်လည်ရာ လမ်းတစ်လျှောက်တွင် လက်ကိုင် အသံချဲ့စက်မျာဖြင့် တိုင်းရင်းသား အတုအယောင် အလိုမရှိ၊ တိုင်းရင်းသားလူမျိုးလိမ် အလိုမရှိ၊ လူမျိုးလိမ်မှန်သမျှ ဆန့်ကျင်ကြ၊ လူမျိုးရေး အဓိဂရုဏ်းဖန်တီးသူ ဒို့ရန်သူ ဟူသော ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ကြသည်။
၎င်းနောက် သာသနာ့ဗိမာန် အပေါ်ထပ် အစည်းအဝေး ခန်းမတွင် ဟောပြောသူ ရှေ့နေကြီး ဦးအေးပိုင်၊ ဦးနေမျိုးဝေ တို့က တိုင်းရင်းသား ၁၃၅ မျိုးတွင် မပါဝင်သည့် ရိုဟင်ဂျာ ကို တိုင်းရင်းသားအဖြစ် လိမ်လည်ခြင်းသည် လူမျိုးရေး ပဋိပက္ခ ဖြစ်စေနိုင်၍ ကြိုတင် ကာကွယ်သည့် အနေဖြင့် ဆန္ဒဖော်ထုတ် ဟောပြောရခြင်း ဖြစ်ကြောင်း အကျယ် တ၀င့်ဟောပြောခဲ့သည်ဟု သိရသည်။
ယင်းပွဲတွင် လိပ်ကျွန်းတွင် သေဒဏ်ချခံရသူ မြန်မာလူငယ် နှစ်ဦး လွတ်မြောက်ရေး အတွက်လဲ တစ်ဆက်တည်း ဆုတောင်းပွဲ ပြုလုပ်ခဲ့သည်ဟု သိရသည်။
From-Arakan State
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)