(၂၃၁)နှစ်မြောက် ရခိုင့်အချုပ်အခြာအာဏာ ကျရှုံးခြင်း ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနား မင်းပြားတွင် ပြုလုပ်မည်

မင်းပြား (Dec 28, 2015)

(၂၃၁)နှစ်မြောက် ရခိုင့်အချုပ်အခြာအာဏာ ကျရှုံးခြင်း အထိမ်းအမှတ်အဖြစ် ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားကို (၃၁-၁၂-၂၀၁၅) ရက်နေ့၌ ရခိုင်ပြည်​နယ်​ ၊ မင်းပြားမြို့တွင် ပြုလုပ်မည်ဟု သတင်းရရှိပါသည်။

၎င်းနေ့ မိုးလင်းအာရုံအချိန် မြို့နယ်ဓမ္မာရုံ၌ ဖိတ်ကြားထားသည့် သံဃာတော် အရှင်သူမြတ်များအား ဆွမ်းကျွေးလှူဒါန်းကာ အဖရခိုင်ပြည်ကြီးအတွက် အသက်၊ သွေး၊ ချွေး စတေးခံခဲ့ကြသည့် ရခိုင်ပြည်သူ/သားများအား ရေစက်သွန်ချ အမျှပေးဝေမည်ဟု သိရသည်။

ညည့် (၈း၀၀) နာရီအချိန်တွင် မင်းပြားမြို့ရှိ နေအိမ်တိုင်း အိမ်ရှေ့၌ ဖယောင်းတိုင် (၈) ချောင်း မီးထွန်းပူဇော်ကာ အဖရခိုင်ပြည်ကြီးအတွက် အသက်၊ သွေး၊ ချွေး စတေးခံခဲ့ကြသည့် ရခိုင်ပြည်သူ/သားများအတွက် မေတ္တာပို့ ဆုတောင်းကြမည်ဟု သိရပါသည်။

မင်းပြား - သတင်း
28 - 12 - 2015



SHARE THIS
Previous Post
Next Post