ပြည်တွင်း ၊ လေးမြို့ 
ဒီဇင်ဘာ ၂၇ ရက် ၊ ၂၀၁၅
ယနေ့  (ဒီဇင်ဘာ ၂၇ရက်) ၊ ညနေ (၄)နာရီခန့်လောက်က အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့ သို့  ဆန္ဒပြသူများချီတက်လာခဲ့ကြပြီး သေဒဏ်ကျမြန်မာနှစ်ဦးအား ကူညီပေးရန် တောင်းဆိုမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်က အဆိုပါကိစ္စတွင် ဥပဒေကြောင်းအရ လုပ်ဆောင်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း 7 Days News ၏ ဖော်ပြအရ သိရသည်။
အဆိုပါ ဆန္ဒပြအဖွဲ့ သည် မနက်အစောပိုင်းက ထိုင်းသံရုံးရှေ့ တွင် ဆန္ဒပြနေခဲ့ကြပြီး နေ့  လည်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့ သို့ လမ်းလျှောက်ချီတက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆန္ဒပြအဖွဲ့ သည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့ တွင် စုဝေးကာ ဒေါ်အောင်ဆန်းစုကြည်အား ထွက်တွေ့ ရန် တောင်းဆိုခဲ့ကြသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က လက်ခံတွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အနေနှင့် မြန်မာလူငယ်နှစ်ဦးအရေးနှင့်ပတ်သက်၍ ဥပဒေကြောင်းအရ လုပ်သင့်လုပ်ထိုက်သည် များကိုလုပ်ဆောင်ပေးသွားမည်ဟုပြောကြားကြောင်း တစ်ဆင့်ပြန်လည်ပြောကြားခဲ့သည်ဟု သိရသည်။
သက်ထားရွှေစင် (လေးမြို့ )
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)