နိုင်ငံတကာ ၊ လေးမြို့ 
ဒီဇင်ဘာလ ၂၇ ရက် ၊ ၂၀၁၅
လတ်တလော ဖြစ်ပွားနေသော ထိုင်းတရားစီရင်ရေး ကန့်ကွက်ဆန္ဒပြမှုများသည် ထိုင်း-မြန်မာ နှစ်နိုင်ငံကြား ဆက်ဆံရေးကို ထိခိုက်စေနိုင်သည်ဟု ထိုင်းရဲမှူးချုပ် ပီယာဖန်က ပြောကြားလိုက်ကြောင်း သိရသည်။
ထိုင်းနိုင်ငံအနေဖြင့် လိပ်ကျွန်းလူသတ်မှုတွင် စုံစမ်းစစ်ဆေးမှုများကို တိကျကောင်း မွန်စွာ လုပ်ဆောင်ခဲ့ပြီး မြန်မာများ၊ ဗြိတိန်နိုင်ငံသားများနှင့် သက်ဆိုင်နေသောကြောင့် ရှေ့နေများ၊ အစိုးရဥပဒေအရာရှိများ၊ သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများကို အစအဆုံး သေချာစွာ လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း ပီယာဖန်က ပြောကြားသည်ဟု Mizzima သတင်းတွင် ဖော်ပြထားသည်။
အဆိုပါ လူသတ်မှုအား ကိုင်တွယ်ကြီးကြပ်ခဲ့သည့် ရဲမှူး ပရာချန်ရူအန်သောင်ကလည်း ယင်းအမှုအား ရဲတပ်ဖွဲ့က စနစ်တကျစုံစမ်းစစ်ဆေးခဲ့ကာ အပြစ်ရှိသူများကို သေဒဏ်ပေးရမည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။
သေဒဏ်ချမှတ်ခဲ့သည့် ဆူရတ်ဌာနိခရိုင် ကော့စမွီတရားရုံးကလည်း မြန်မာနှစ်ဦး၏ ကနဦးဝန်ခံချက်ကို အဓိက မထားဘဲ သဲလွန်စအထောက်အထားများအပေါ်တွင်သာ အဓိကထားကာ စီရင်ချက်ချခဲ့ခြင်းဖြစ်ကြောင်း ရဲမှူးချုပ်ပီယာဖန်က ပြောသည်ဟု သိရသည်။
သက်ထားရွှေစင် (လေးမြို့)
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)