ပြည်တွင်း ၊ လေးမြို့ 
ဒီဇင်ဘာလ ၂၇ ရက် ၊ ၂၀၁၅
လိပ်ကျွန်းအမှုတွင် ထိုင်းတရားရုံး၏ စီရင်ချက်အား မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ လက်မခံနိုင်ကြောင်း ကန့် ကွက် ဆန္ဒပြနေကြချိန်တွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးဝင်းမောင်က အဆိုပါစီရင်ချက်အား လက်ခံသည်ဟု ပြောကြားခဲ့ကြောင်း Bangkok Post သတင်းစာက ဖော်ပြသည်ဟု 7 Days News ၏ ဖော်ပြချက်အရ သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ 7 Days News တွင် ဖော်ပြထားသည်မှာ “ကျွန်တော်တို့နှစ်နိုင်ငံကြား ဆက်ဆံရေးကို ထိန်းသိမ်းစောင့်ရှောက်ကြဖို့ ပန်နက်ဒါကို ကျွန်တော် ပြောခဲ့ပါတယ်။ အခုအမှုကို ထိုင်းအစိုးရက အထူးမှန်မှန်ကန်ကန် ကိုင်တွယ်ခဲ့လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ပြီးတော့ ဒီအမှုကြောင့်တော့
နှစ်နိုင်ငံ သံတမန်ရေးရာဆက်ဆံရေးမှာ ဘယ်လိုပြဿနာမှ ရှိမလာနိုင်ဘူးလို့ ကျွန်တော်ပြောလိုပါတယ်”ဟုလည်း ဦးဝင်းမောင်က ဆိုသည်-ဟု သိရသည်။
“လူတိုင်းကတော့ သေဒဏ်စီရင်ချက်တစ်ခုကို ကြားသိရရင် ဝမ်းနည်းကြမှာပဲလေ။ ဒါပေမဲ့ ဒါဟာ ဥပဒေကြောင်း လုပ်ထုံးလုပ်နည်းတစ်ခုဖြစ်ပါတယ်။ ဒီတော့ ဥပဒေကြောင်းအတိုင်း ကျွန်တော်တို့ လိုက်နာစောင့်ထိန်းဖို့လိုပါတယ်”ဟု ဦးဝင်းမောင်က ဒီဇင်ဘာ ၂၅ ရက်တွင် ထိုင်းအစိုးရအိမ်တော်၌ ရေဘေးကူညီမှုအလှူငွေ ဒေါ်လာ ၁၂၀၀၀ နီးပါးကို လက်ခံယူရန် အစိုးရအိမ်တော်သို့ ရောက်ရှိနေခဲ့ခြင်းစဉ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(ဓာတ်ပုံ - Bongkok Post ၏ ဖော်ပြချက်)
မင်းမြတ်ခိုင် (လေးမြို့ )
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
စည်းထိန်း ၊ ကျိန်းရိပ် နှင့် ဇ တို့ ပေါင်း၍ ကျောက်ခုတ်မှ လေဘေးသင့်ပြည်သူများအား အလှူငွေများ ကူညီထောက်ပံ့ (မင်းပြား - ဇွန် ၁၀ ) ရခိုင်ပြည်နယ် ၊ မင်းပြားမြို့မှ စည်းကမ်းထိန်းသိမ်းရေးသံင်္ဃာတော်များအသင်း
မင်းပြား၌ ယခုနှစ် နွေရာသီ သောက်သုံးရေ ရှားပါးလာပါက ရေဖြန့်ဝေရေး ကော်မတီများ ဖွဲ့စည်းပြီး ရေဖြန့်ဝေပေးနိုင်ရန် စီစဉ်နေဟုဆို မင်းပြား (Feb 23, 2016) ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၌ ယခုနှစ် နွေရာသီ သောက်သုံးရေ ရှားပါးလာ
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အဖွဲ့အားလုံးပါဝင်သင့်ကြောင်း အရပ်ဖက်အဖွဲ့အစည်းများ တောင်းဆို နေပြည်တော်
မင်းပြားမြို့ လူနေရပ်ကွက်၌ MPT တာဝါတိုင် တည်ဆောက်ခြင်းအား ကန့်ကွက်မှုအတွက် မြို့နယ်ရှိ တာဝန်ရှိလူကြီးများမှ လာရောက် ညှိနှိုင်းမင်းပြား (Dec 29, 2015) ရခို
ရခိုင်ပြည်နယ်၌ ရဲမှူးကြီးအသစ် ပြောင်းမည်(Local News) Feb 21 , 2016 ရခိုင်ပြည&#
ရှမ်းတောင်ပိုင်းတွင် ရေခဲမှတ်အောက်ထိ အေးနေသဖြင့် ကျန်းမာရေး စိုးရိမ်ရ(Local News) Jan 14 , 2016 မြန်မာနို&#
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)