မက္ကဆီကိုနိုင်ငံရဲ့ တမ်မစ်ခ်ကိုမြို့တော်မှာ အသစ်ခန့်အပ်လိုက်တဲ့ မြို့တော်ဝန်ဟာ မြို့တော်ဝန်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး နောက်တနေ့မှာပဲ ပစ်သတ်ခံလိုက်ရတယ်လို့ မိုရေလို့စ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရာကို ရာမီရဇ်က တွစ်တာမှာ ရေးတင်ထားပါတယ်။
မြို့တော်ဝန် ဂီဆဲလာ မိုတာဟာ နှစ်သစ်ကူးရက် ဇန်န၀ါရီ ၁ ရက်နေ့မှာ မြို့တော်ဝန်ရာထူးတာဝန် စတင်ထမ်းဆောင်ပြီး ၂ ရက်န့မှာတော့ သူ့နေအိမ်မှာပဲ သေနတ်သမားတွေ တိုက်ခိုက်တာ ကြုံရတာလို့ မက္ကဆီကို မြို့တော်သတင်းစာ အလ် ယူနီဗာဆယ်မှာ ရေးသားပါတယ်။
ဒေသရဲတပ်ဖွဲ့က နောက်ပိုင်းမှာ တိုက်ခိုက်သူလို့ ယူဆရသူ ၂ ယောက်ကို ဖမ်းမိထားပြီး နောက်ထပ် ၂ ယောက်ကတော့ သေဆုံးသွားတယ်လို့ မိုရေလိုစ် ရှေ့နေချုပ်ရုံးက ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒီကိစ္စမှာ သေနတ်သမား ၉ ယောက် ပါဝင်ပတ်သက်နေတယ်လို့ တမ်မစ်ခ်ကို အတွင်းရေးမှူးချုပ် ကားလို့စ် ကလ်တန်ကို က ပြောပါတယ်။
ကွန်ဂရက်စ် ဖက်ဒရယ်အဖွဲ့ဝင်ဟောင်း မိုတာက အကျင့်ပျက်ခြစားမှုတွေကို တိုက်ဖျက်မယ်ဆိုတဲ့ ကတိကြောင့် ခုလို ပစ်မှတ်ထားခံရတာ ဖြစ်မယ်လို့ တာဝန်ရှိသူအချို့က ယူဆထားကြောင်း ကာလ်တန်ကို က ပြောပါတယ်။
မက္ကဆီကိုမှာ မူးယစ်ဆေးဝါး ကုန်ကူးမှုကနေ ငွေကြေးထောက်ပံ့ထားတဲ့ လက်နက်ကိုင်ဂိုဏ်းတွေဟာ ဒေသအာဏာပိုင်တွေ အတော်များများကို ထိန်းချုပ်ထားကြပြီးတော့ မနှစ်တုန်းက မြို့တော်ဝန်အတော်များများ အသတ်ခံခဲ့ရပါတယ်။
From-DVB
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
ထိုင်းတွင် ဗီဇာသက်တမ်းကုန် ရွှေ့ပြောင်း အလုပ်သမားများအား ဖမ်းဆီးမှုစတင်ထိုင်းနိုင်ငံေ&
ပိုမိုပြင်းထန်လာသည့် တူရကီဆန္ဒပြပွဲ မြင်ကွင်းများ Wednesday, June 5, 2013 တူရကီနိုင်ငံတွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပိုမို ပြင်းထန်
ထိုင်းတရားရုံးက ချမှတ်သည့် အမိန့် သည် ကောင်းမွန်လက်ခံနိုင်စရာရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆို နိုင်ငံတကာ ၊ လေƟ
ဘရာဇီး မှာ ဆက်လက် ဆန္ဒပြနေ Thursday, June 20, 2013 လူထု ဒေါသကို ပြေအေးဖို့ ဘတ်စကားခ ဈေးတက် တာတွေ ပြန်လျှော့ပေးဖို့ေ
ထိုင်းဘုရင်၏ အနှစ်သက်ဆုံးခွေး သေဆုံးနာမကျန်းဖြစ်နေ&
တရုတ်ဝန်ကြီးချုပ် အိန္ဒိယရောက် ၁၉.၅.၂၀၁၃၊ တနင်္ဂနွေနေ့ တရုတ်ဝန်ကြီးချုပ် လီကွတ်ချောင်းဟာ အိန္ဒိယနိုင်ငံကို ၃ ရက်ကြာ ခရီးစ
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)