ကမ္ဘာပေါ်တွင် ပထမဆုံးအကြိမ် အဖြစ် မိခင်ဖြစ်သူ၏ အဆုတ် အစိတ်အပိုင်း တစ်ခုကို သားဖြစ်သူထံသို့ အောင်မြင်စွာ အစားထိုး ကုသနိုင်ခဲ့


ဂျပန်နိုင်ငံတွင် မိခင်ဖြစ်သူ၏ အဆုတ် အစိတ်အပိုင်း တစ်ခုကို အသက် သုံးနှစ်အရွယ်ရှိ သားဖြစ်သူထံသို့ အစားထိုး ကုသမှု ပြုလုပ်ခဲ့ရာ အောင်မြင်မှု ရရှိခဲ့ကြောင်း၊ ယင်းအစားထိုး ကုသမှုသည်
အသက် ရှင်လျက်ရှိသော သူထံမှ အဆုတ် အစိတ်အပိုင်း တစ်ခုကို အခြားသူထံ အောင်မြင်စွာ အစားထိုး ကုသမှု ပြုလုပ်နိုင်ခဲ့သည့် ကမ္ဘာ့ ပထမဆုံး  အစားထိုး ကုသမှု တစ်ရပ်ဖြစ်ကြောင်း အိုကာယာမာ တက္ကသိုလ် ဆေးရုံမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား သည်။ အစားထိုး ကုသမှု ပြုလုပ်ခဲ့သော အဆုတ် အလယ်ပိုင်းသည် အသက်ရှူအား ပိုမိုကောင်းသော အဆုတ်အောက် ပိုင်းထက် သေးငယ်သောကြောင့် ကလေးငယ်အတွက် အသင့်လျော်ဆုံး အစိတ်အပိုင်း ဖြစ်ကြောင်း၊ အဆိုပါ ဆေးရုံမှ တာဝန်ရှိသူများက ပြောကြား ခဲ့သော်လည်း ခွဲစိတ် ကုသမှု ခံယူခဲ့သည့် မိခင်နှင့်ကလေး၏ အမည်ကို ထုတ်ဖော် ပြောကြားခြင်း မရှိကြောင်း သိရသည်။ အဆိုပါ ခွဲစိတ်မှုကို ဇူလိုင် ၁ ရက် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်က စတင်ခဲ့ကြောင်း၊ ခွဲစိတ်မှု ပြုလုပ်ပြီး ငါးနာရီခန့် အကြာတွင် ကလေးငယ်သည် အစားထိုး ကုသထားသော အဆုတ်ဖြင့် အသက်ရှူ နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။ယင်းကလေးငယ်သည် ဂျပန်နိုင်ငံတွင် အဆုတ် အစားထိုး ကုသမှုကို ခံယူခဲ့သော အသက် အငယ်ဆုံး ကလေးငယ် ဖြစ်ကြောင်း ဆေးရုံမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။  
မြ၀တီ

SHARE THIS
Previous Post
Next Post