မလေးရှားနိုင်ငံ ဘန်ဒါမန်ဂျာလာရာအရပ်တွင် အစားအသောက်အရောင်းဆိုင်တစ်ဆိုင်၌ မြန်မာနိုင်ငံသားနှစ်ဦး ဓားဖြင့် ခုတ်သတ်ခံရသည့် ဒဏ်ရာများဖြင့် သေဆုံးလျက်ရှိသည်ကို ဒီဇင်ဘာ ၂၉ ရက်တွင် တွေ့ရှိသည်။
အနီးနားဖြတ်သွားသူတစ်ဦးက သေဆုံးနေသူနှစ်ဦးအား သွေးအိုင်ထဲ လဲကျနေသည်ကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သေဆုံးသူများ မည်သူမည်ဝါဖြစ်ကြောင်း စတင်တွေ့ရှိသူကပင် ပြောကြားခဲ့သည်ဟု လက်ထောက်ရဲမင်းကြီး မန်နုဆာမိက ပြောသည်။
"သေဆုံးသူတစ်ဦးက အစားအစာအရောင်းဆိုင်ပိုင်ရှင် အသက် ၃၄ နှစ်အရွယ်ရှိတဲ့ ကူမားဆိုသူဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ လာစားသောက်တဲ့သူပါ။ အသက် ၄၂ နှစ်ရှိတဲ့ စောဆိုသူဖြစ် တယ်လို့ အလောင်းတွေကို စတွေ့တဲ့သူက ပြောပါတယ်။"ဟု ၎င်းက ဆိုသည်။
"မူခင်းဆရာဝန်တွေရဲ့ စုံစမ်းချက်အရ ကူမားက ဓားဒဏ်ရာ ၁၂ ချက်ရထားပြီး စောမှာ ၁၈ ချက်အထိ ရထားတာ သိရတယ်။"ဟု ဆာမိက ပြောပြီး အခင်းဖြစ်ပွားရာနေရာ၌ လူသတ်လက်နက်တစ်စုံတစ်ရာ မတွေ့ရှိရကြောင်းလည်း ဖြည့်စွက်ပြောသည်။
အလောင်းများကို ရင်ခွဲစစ်ဆေးရန် ကွာလာလမ်ပူဆေးရုံသို့ ပို့ဆောင်ထားသည်။ ယင်းမူခင်းဖြစ်ရပ်ကို လူသတ်မှု ဥပဒေဖြင့် အမှုဖွင့်ထားသည်။
From-Mizzima
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
St Barts ကမ်းခြေ ခရီးစဉ်အတွင်း ရိုက်ကူးခဲ့တဲ့ Nude ဓါတ်ပုံတွေကို Khloe Kardashian ဖော်ပြ ဖြစ်ရပ်မှန် အစီအစဉ် ရဲ့  ကြယ်ပွင့် Khloe Kardashian ဟာ St Barths ကမ်းခြေမှာ ရိုက်ကူးခဲ့တဲ့ ၀တ်လစ်
၆ နှစ်အတွင်း ပထမဆုံး ကိုရီးယား အဆင့်မြင့်ဆွေးနွေးပွဲ ကျင်းပ Tuesday, June 11, 2013 တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ အခုသီတင်းပတ်အတွင်း ပြုလုပ်မယ့်
ပါကစ္စတန်ရွေးကောက်ပွဲအကြို တိုက်ခိုက်မှုတွေဖြစ်ပွား ဧပြီလ ၂၉ ရက် ၂၀၁၃ ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဘက်မှာ မေလ ၁၁ ရက်နေ့ ရွေးကောက်ပွဲအကြို မဲဆွယ
မဟာစင်ပေးခဲ့တဲ့ အမွေဆိုး မေလ(၁၆)ရက်နေ့ ဝင်ရောက်တိုက်ခတ်သွားတဲ့ မဟာစင်မုန်းတိုင်းကြောင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဗုဒ္ဓဘာသာ ရ
ဘင်္ဂလားဒေ့ရှ် အဆောက်အအုံပျက်အောက်မှ အမျိုးသမီးတစ်ဦးအား အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့” ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ပြိုကျသွားသည့် အဆောက်အအုံကြီး အောက်၌ (၁၇)ရက်ကြာ ပိတ်မိနေသည့် အ
လေဆာလက်နက် တပ်ဆင်သော အမေရိကန် စစ်သင်္ဘော အမေရိကန် တို့ လေဆာလကနက် ဒုံးကျည် ကို ၂၀၁၂ ခုနှစ် ဇွန်လ မှာကတည်းက ထုတ်ဖော်ပြသခဲ့ပြီး ဖြစ်ပါတယ
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)