လိပ်ကျွန်းအ​ရေးဆန္ဒြုပမှုများသည် နိုင်ငံရေးအရ အသုံးချခြင်း မဖြစ်သင့်ကြောင်း ရခိုင်ခေါင်းဆောင် ဦးအေးသာအောင် သတိပေး

နိုင်ငံသားတစ်ဦး အနေဖြင့် မြန်မာနိုင်ငံသားများ မတရားခံရသည့် အပေါ်တွင် တုံ့ပြန် ဆန္ဒထုတ်ဖော်သည်ကို လိုလားသော်လည်း ဆန္ဒပြမှုများမှာ နိုင်ငံရေးအရ အသုံးချခြင်းမျိုး မဖြစ်သင့်ကြောင်း လိပ်ကျွန်း လူသတ်မှုကို သေဒဏ်ချမှတ်ခဲ့သည့် အပေါ်
ဆန္ဒထုတ်ဖော်မှုများနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်က ဒီဇင်ဘာ ၂၈ ရက်တွင် သတိပေးပြောဆိုလိုက်သည်။

“အမှန်ကတော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်တွေကို
လုပ်ရမှာပဲ။ အဲ့ဒါထက် ကျော်လွန်ပြီးတော့ လုပ်လာတဲ့ လုပ်ရပ်မျိုးကတော့ မဖြစ်သင့်ဘူးလို့ မြင်ပါတယ်။ အခုလို နိုင်ငံသား
တစ်ယောက်အနေနဲ့ မိမိရဲ့ အမျိုးသားရေးစိတ် ၊ နိုင်ငံသား တစ်ယောက်ရဲ့ လျော့နည်းနေတဲ့ ဂုဏ်သိက္ခာ ကို ထုတ်ဖော်ပြသတဲ့ မတော်မတရား ခံရတာနဲ့ပတ်သက်လို့ ထုတ်ဖော်ပြသ တာပဲ လုပ်သင့်ပါတယ်” ဟု ဦးအေးသာအောင်ကပြောသည်။

လတ်တလော ဖြစ်ပွားနေသည့် လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်သည့်
ဆန္ဒပြပွဲများတွင် နောက်ကွယ်၌ နိုင်ငံရေးအရ လှုံ့ဆော်မှုများ ရှိနိုင်ကြောင်း ထိုင်းရဲတပ်ဖွဲ့မှ ရဲချုပ်က ဒီဇင်ဘာလ ၂၇ ရက်နေ့က ပြောဆိုထားသည်။

ယင်းအပြင် လူမှုကွန်ရက် မီဒီယာများပေါ်တွင် ထိုင်းနိုင်ငံနှင့် ပတ်သက်၍ အလွန်အမင်း အမုန်းစကား ပြောဆိုမှုများလည်း ရှိလာပြီး အချို့ဆန္ဒပြပွဲများတွင် မဘသ အဖွဲ့များက ဦးဆောင်မှုအပေါ် လေ့လာသူများအကြား ပူပန်မှုများ ရှိလာခဲ့သည်။

ယင်းအပြင် စည်းကမ်းတကျ ဆန္ဒပြခြင်းထက် လမ်းများပေါ်ထွက်၍ ခွင့်ပြုမိန့် မတောင်းခံဘဲ ဆန္ဒပြမှုများ ရှိလာခဲ့ပြီး ယခုကဲ့သို့ အာဏာ လွှဲပြောင်းရေးအတွက် တည်ငြိမ်မှု ရရှိရန် လိုအပ်နေချိန်တွင် လူထု ဆန္ဒပြပွဲများမှ တစ်ဆင့် မလိုလားအပ် သည်များ
ပေါ်ပေါက်လာနိုင်ကြောင်း စိုးရိမ်မှု အချို့လည်း ရှိနေကြသည်။ ထို့အပြင်
လိပ်ကျွန်း လူသတ်မှုအရေး လှုပ်ရှားများ ဖြစ်ပွားနေသည့် အချိန်တွင် သမ္မတနှင့်
တပ်မတော်ကို အလွန်အကျွံ အကာအကွယ်ပေးသည့် ဥပဒေများ ပြဋ္ဌာန်းရန်
ကြိုးစားနေခြင်း ၊ ဖားကန့်ဒေသ ကျောက်စိမ်း အလွန်အကျွံ တူးဖော်နေမှုများအပေါ်
ထိန်းချုပ်နိုင်မှု မရှိသေးခြင်း စသည့်ကိစ္စရပ်တို့အပေါ် တွင်လည်း လေ့လာသူများ အကြား သံသယ၀င်စရာ ဖြစ်နေသည် ။

" အမျိုးသားရေးအရ လိုအပ်လို့ ဖိအားပေး တာကလည်း ပေးပေါ့ဗျာ။ ဒါပေမဲ့
လက်လွတ်စပယ် စည်းလွတ် ၀ါးလွတ်တွေ မဖြစ်သင့်ဘူး။ တချို့က ကုန်စည်
ဆက်သွယ်ရေး လမ်းတွေ ပိတ်ဖို့တို့ ၊ အလောင်းဘုရားတို့ လက်ထက်တုန်းက
ကိစ္စတွေအထိ ပြောနေတာ တွေ့ရတယ်။ အမှုက တရားမျှတမှု ပြသ၁နာပါ။
လူမျိုးရေး နိုင်ငံရေး ပြသ၁နာ မဟုတ်ပါဘူး။ နောက်ပြီး တစ်ခုခုဖြစ်ရင် ထိုင်းမှာ
အလုပ်သွားလုပ်နေတဲ့ သူတွေ သန်းနဲ့ချီရှိတယ်။ သူတို့ လုံခြုံရေးအတွက် ဘယ်လို
လုပ်မလဲ " ဟု သတင်းစာဆရာ တစ်ဦးက သုံးသပ်ပြောဆိုသည်။

ရခိုင်တိုင်းရင်းသား နှစ်ဦး သေဒဏ်ချမှတ်ခံရမှုနှင့် ပတ်သက်၍ နိုင်ငံအနှံ့ ဆန္ဒပြပွဲများ ဖြစ်ပွားနေပြီး အမှုမှာ လက်ရှိအချိန်တွင် အယူခံတင်၍ ရသည့်အဆင့်တွင် ရောက်ရှိနေသည်။
မြန်မာနိုင်ငံသား အများစုက လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ မြန်မာနှစ်ဦး
ကျူးလွန်ခြင်း မရှိကြောင်း ယုံကြည်နေရပြီး ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သား အများစုမှာ တခြားနိုင်ငံများမှ လာရောက် လုပ်ကိုင်သည့် ရွှေ့ပြောင်း လုပ်သားများကဲ့သို့ တန်းတူ အခွင့်ရေး ရရှိမှုလည်း အလွန်နည်းပါးနေသည်။

“တစ်ဖက်က ထိုင်းနိုင်ငံက အလုပ်ရှင်၊ ပြီးတော့ ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေ
အပေါ်မှာလည်း မကျေနပ်ဘူး။ ကိုယ့်နိုင်ငံရဲ့ အာဏာရှင်စနစ် အဆက်ဆက်ကြောင့်
ပြည်သူတွေ အလုပ်အကိုင်မရှိလို့ ၊ လူငယ်တွေ ကျရာအလုပ်လုပ်ဖို့အတွက် နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ရတယ် "ဟု ဦးအေးသာအောင်က ပြောသည်။

အမှန်တကယ် အပြစ်ကျူးလွန်သူကို ထိုင်းရဲတပ်ဖွဲ့က မဖမ်းနိုင်၊ မဖော်နိုင်၊
မဖော်ထုတ်နိုင် တစ်နည်းအားဖြင့် မဖမ်းရဲသည့်အတွက် လက်လွတ်စပယ်
စီရင်ချက်ချသည့်သဘော သက်ရောက်ပြီး မြန်မာလုပ်သား နှစ်ဦးအပေါ်တွင်
စာနာထောက်ထားမှုများကို ပြသသည့် အနေဖြင့် နိုင်ငံတကာနှင့် မြန်မာနိုင်ငံ အနှံ့အပြား တွင် ဆန္ဒထုတ်ဖော်၍ လွှတ်ပေးရန် တောင်းဆိုခြင်းသည် မြန်မာနိုင်ငံသား တစ်ဦး မတော်မတရားခံရမှုများ မဖြစ်စေချင်၍ ဆန္ဒပြသည်ဟု သုံးသပ်ကြောင်းလည်း ဦးအေးသာအောင်က ဆက်လက် ပြောကြားခဲ့သည်။

From-The Ladies News Journal



SHARE THIS