Showing posts with label ပြည်တွင်းသတင်း. Show all posts
Showing posts with label ပြည်တွင်းသတင်း. Show all posts
ဦးဥတ္တမနေ့အကြို စာပေဟောပြောပွဲတစ်ရပ်ကို မင်းပြားတွင် ကျင်းပ

ဦးဥတ္တမနေ့အကြို စာပေဟောပြောပွဲတစ်ရပ်ကို မင်းပြားတွင် ကျင်းပ


(မင်းပြား - စက်​တင်​ဘာ ၇ ရက်)

(၇၇) ကြိမ်မြောက် ဆရာတော်ဦးဥတ္တမနေ့အကြို စာပေဟောပြောပွဲတစ်ရပ်ကို ယနေ့ စက်​တင်​ဘာလ ၇ ရက်နေ့ ၊ ည ၇ နာရီခန့်လောက်က ရခိုင်​ပြည်​နယ်​ ၊ မင်းပြားမြို့ရှိ မြို့ရောနယ်ပါ ဓမ္မာရုံကြီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်​။

အဆိုပါ စာပေဟောပြောပွဲသို့ မင်းပြားမှ စာပေကို စိတ်ပါဝင်စားသည့် လူကြီးလူငယ်များအပါအဝင် စာသင်ဝိုင်းမှ ကျောင်းသား၊သူများ စုစုပေါင်း (၄၀၀) ခန့်လောက် တက်ရောက်နားထောင်ခဲ့ကြောင်း သိရပြီး အဆိုပါ စာပေဟောပြောပွဲဖြစ်မြောက်ရေးအတွက် ဆရာတော်ဦးဥတ္တမနေ့ ကျင်းပရေးကော်မတီနှင့် စာသင်ဝိုင်းများက ဦးဆောင်ပူးပေါင်းစီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်​။

စာပေဟောပြောပွဲအစတွင် ဆရာဦးကျော်ဝင်းခိုင်မှ ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို အကျဉ်းချုပ်​ ရှင်းလင်းတင်ပြခဲ့ပြီး ၄င်းနောက်တွင် ဆရာတော်ပညာစာရက ``လေးစားထိုက်သော ဆရာတော် ဦးဥတ္တမ၏ စိတ်ဓာတ်´´ ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ မင်းပြားမှ ရခိုင်စာရေးဆရာ သုတေသီ မင်းပြားမင်းသိန်းစံမှ `` ဇာတ်သိမ်းမကောင်းသော ဆရာတော် ဦးဥတ္တမ´´ ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ နာမည်ကြီး ကဗျာဆရာစစ်တွေ-ညိုသန့်မှ ``ကျေးဇူး အနန္တ ဆရာတော် ဦးဥတ္တမ´´ ဖြင့်လည်းကောင်း အသီးသီး ဟောပြောခဲ့ကြကြောင်း သိရသည်​။

လာမည့် စက်​တင်​ဘာလ ၉ ရက် ၊  ဆရာတော်ဦးဥတ္တမနေ့တွင်ကား မင်းပြားရှိ ဆရာတော်ဦးဥတ္တမရုပ်ထုအား လွမ်းသူ့ပန်းခွေများ ချအပ်သွားမည်ဖြစ်ကြောင်း သိရသည်​။

မောင်ကာကြီး (လေးမြို့)
ရေဘေးကြောင့် ကမ်းပြိုကာ နေအိမ်များပြိုဖျက်ခဲ့ရသည့် မင်းပြားမှ မိသားစုများအား ဇ -ဖောင်ဒေးရှင်းမှ အလှူငွေများ ကူညီထောက်ပံ့

ရေဘေးကြောင့် ကမ်းပြိုကာ နေအိမ်များပြိုဖျက်ခဲ့ရသည့် မင်းပြားမှ မိသားစုများအား ဇ -ဖောင်ဒေးရှင်းမှ အလှူငွေများ ကူညီထောက်ပံ့




(မင်းပြား - ဇူလိုင် ၂၀)

ယခုလအစောပိုင်းက ရေကြီးရေလျှံမှုကြောင့် လေးမြို့မြစ်ကမ်းပါးပြိုကျကာ နေအိမ်များ ပြိုဖျက်ခဲ့ရသည့် ရခိုင်ပြည်နယ် ၊ မင်းပြားမြို့ပေါ်ရှိ မြစ်ကမ်းနားနေ မိသားစုများအား ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ ၊ နေ့လည် ၂ နာရီခန့်လောက်က မင်းပြားဒေသအခြေစိုက် ဇ-ဖောင်ဒေးရှင်းမှ ကူညီထောက်ပံ့ငွေများ ပေးအပ်ကူညီနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါကမ်းပါးပြိုကျမှုကြောင့် မိသားစုအချို့မှာ အိုးမဲ့အိမ်မဲ့ဖြစ်ကာ အခက်အခဲကြုံတွေ့ရပြီး များစွာ ဒုက္ခရောက်နေကြသည်ကို လူသားချင်း စာနာမိသဖြင့် ယခုကဲ့သို့ ကူညီ၊ထောက်ပံ့ရခြင်း ဖြစ်ကြောင်း ဇ-ဖောင်ဒေးရှင်းမှ ကိုမြတ်စိုးကျော်က ဆိုသည်။

ယခုလအစောပိုင်းက ရေကြီးရေလျှံမှုကြောင့် လေးမြို့မြစ်ကမ်းပါးပြိုကျမှုများ ဖြစ်ပွားခဲ့ကာ မင်းပြားမြို့ပေါ်မှ နေအိမ် (၁၀) လုံးနီးပါးနဲ့ ပြိုဖျက်ခဲ့ပြီး အများစုမှာ နွမ်းပါးသူများဖြစ်ကြသဖြင့် နေစရာ နေရာအခက်အခဲများနှင့် ကြုံ့တွေ့နေရကြောင်း ပြည်တော်လှရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်း၏ ပြောပြချက်အရ သိရသည်။

အဆိုပါကမ်းပါးပြိုကျမှုကြောင့် နေအိမ်များပြိုပျက်ကာ နေစရာအခက်အခဲများရှိနေကြသည့် ဦးစိုးတင့်ရပ်ကွက်မှ နေအိမ် (၂)လုံးအတွက် နေအိမ်(၁)လုံးလျှင် ၅၀၀၀၀ သောင်း ကျပ်စီဖြင့် ကျပ် ၁ သိန်းကို ဦးစိုးတင့်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးနှင့် ရပ်ရွာလူကြီးသူမများ ရှေ့ မှောက်၌ ကာယံရှင် မိသားစုများထံသို့ ပေးအပ်ကူညီနိုင်ခဲ့ပြီး ပြည်တော်လှရပ်ကွက် ၊ လေးဆောင်စုအရပ်မှ ယခုလပိုင်း ကမ်းပြိုမှုကြောင့် ပြိုဖျက်ခဲ့ရသည့် နေအိမ် (၄)လုံးအတွက် နေအိမ်(၁) လုံးလျှင် ကျပ် ၅၀၀၀၀ စီဖြင့် ငွေကျပ် (၂) သိန်းကျပ်ကိုလည်းကောင်း ကာယံရှင်များထံ ကူညီထောက်ပံ့နိုင်ခဲ့ကြောင်း ဇ -ဖောင်ဒေးရှင်းမှ ကိုညီညီအောင်ထံမှ ကြားသိရသည်။

မင်းပြားတွင် လေးမြို့မြစ်ကမ်းပါး ပြိုကျမှုသည် နေ့စဉ်လိုလို ဖြစ်ပွားနေပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် နေစရာအခက်ကြုံနေရသည့် မိသားစုများအတွက်  သက်ဆိုင်ရာအဖွဲ့အစည်းများက ကြည့်ရှု၊စောင့်ရှောက်မှု အားနည်းနေကြောင်း သိရသည်။

မောင်ကာကြီး (လေးမြို့)
ဓာတ်ပုံ - ညီညီအောင် (ဇ)
ဓမ္မာရုံ​ဘေးရှိ ရုံးတက်​လမ်း၌ သုံးဘီးဆိုင်​ကယ်​များ စည်းကမ်းမဲ့စွာ ရပ်​နား​နေမှု​ကြောင့်​ လမ်းသွားလမ်းလာများ အခက်​ကြုံ​နေရ

ဓမ္မာရုံ​ဘေးရှိ ရုံးတက်​လမ်း၌ သုံးဘီးဆိုင်​ကယ်​များ စည်းကမ်းမဲ့စွာ ရပ်​နား​နေမှု​ကြောင့်​ လမ်းသွားလမ်းလာများ အခက်​ကြုံ​နေရ

(မင်းပြား - ဇူလိုင်​ ၁၆)

ရခိုင်​ပြည်​နယ်​ ၊ မင်းပြားမြို့ ၊ မြို့နယ်​ဓမ္မာရုံကြီး​ဘေးရှိ ရုံးတက်​လမ်း၌ သုံးဘီးဆိုင်​ကယ်​များ စည်းကမ်းမဲ့စွာ ရပ်​နား​နေမှု​ကြောင့်​ လမ်းသွားလမ်းလာများအတွက် အခက်​ကြုံ​နေရ​ကြောင်း သိရသည်​။

အဆိုပါလမ်း၌ စည်းကမ်းမဲ့စွာ သုံးဘီးဆိုင်​ကယ်​များ ရပ်​နား​နေမှု​ကြောင့်​ လမ်းပိတ်​ဆို့လျှက်​ရှိ​နေကာ ခရီးသွားပြည်​သူများအတွက်​ အချိန်​များစွာ ကုန်​ဆုံး​နေ​ကြောင်း သိရသည်​။ အဆိုပါလမ်း​ဘေး၌ မြို့နယ်​ဌာနဆိုင်​ရာများက သုံးဘီးဆိုင်​ကယ်​များ ရပ်​နားရန်​ ဂိတ်​အဖြစ်​ သတ်​မှတ်​ထား​ကြ​သော်​လည်း အဆိုပါ ဂိတ်​​နေရာ၌ ကျူး​ကျော်​ဆိုင်​များက အခို်​အမာ​ဆောက်​ကာ ​ဈေး​ရောင်းချမှုများ ရှိ​နေသဖြင့်​ သုံးဘီးဆိုင်​ကယ်​များ ရပ်​နားရန်​ ​နေရာမရဘဲ လမ်း​ပေါ်တွင်​ အဆင်​​ပြေသလို ရပ်​နားရခြင်းဖြစ်​​ကြောင်း အမည်​မ​ဖော်​လိုသည့်​ သုံးဘီးဆိုင်​ကယ်​​မောင်းနှင်​သူ တစ်​ဦးက ဆိုသည်​။

အဆိုပါ လမ်းပိတ်​ဆို့မှု ပတ်​သက်​၍ လမ်းသွားလမ်းလာတစ်​ဦးဖြစ်​သည့်​ ​ငွေစန္ဒာကွင်းရပ်​ကွက်​​နေသူတစ်​ဦး​က `` မနက်​ပိုင်းဆိုရင်​...ကုန်​သွယ်​လယ်​ယာဆန်​ဂို​ဒေါင်​​ဘေးက တံတားက​နေ ဓမ္မာရုံ​ရှေ့​ရောက်​ဖို့ ၁၅ မိနစ်​​လောက်​ကြာတယ်​....တစ်​ခါတစ်​​လေဆို နာရီဝက်​​လောက်​ထိ​တောင်​ ကြာ​သေးတယ်​....သုံးဘီး​တွေက ဖြစ်​သလို ရပ်​ထား​တော့ တခြားသုံးဘီးဆိုင်​ကယ်​​တွေ ဝင်​လာရင်​ လမ်းပိတ်​ပီ... လမ်း​ဘေးက ဆင်းသွားလို့လည်း မရဘူး... အကုန်​လုံး နွံ​တွေ ၊ ရွံ့တွေနဲ့ ....ကတ္တာလမ်း​ပေါ်ကျ သူတို့​တွေ ပိတ်​ရပ်​ထားတယ်​...´´ ဟု ​နေ့စဉ်​ကြုံ​တွေ့​နေရသည့်​ လမ်းသွားလမ်းလာတို့၏ အခက်​အခဲကို ​ပြောပြသည်​။

အဆိုပါ လမ်းပိတ်​ဆို့မှုသည်​ မနက်​ပိုင်းတွင်​ ပိုမိုဖြစ်​ပွား​လေ့ ရှိပြီး ဆိပ်​ကမ်းဖက်​မှ ကုန်​တင်​ကုန်​ချလုပ်​​နေကြသည့်​ ​ကား ၊ သုံးဘီး ၊ ​ထော်​လာဂျီများနှင့်​ ခရီးသွားပြည်​သူများအတွက်​ များစွာ အခက်​ကြုံ​နေရ​ကြောင်း သိရသည်​။ သို့​သော်​ အဆိုပါလမ်းပိတ်​ဆို့မှုကို ​ဖြေရှင်းမှုကို ​ထွေအုပ်​ ၊ မြို့နယ်​စည်​​ကော်​ ၊ ယာဉ်​ထိန်းရဲများက ပူး​ပေါင်းကာ ​လုပ်​​ဆောင်​​နေကြ​သော်​လည်း ကျုး​ကျော်​ဆိုင်​ခန်းများ​ကြောင့်​ ​ဖြေရှင်းရခက်​​နေ​သည်​ဟု မင်းပြားယာဉ်​ထိန်းရဲတစ်​ဦး၏ ​ပြောကြားချက်​အရ သိရသည်​။

မောင်​ကာကြီး (​လေးမြို့)

မင်းပြားမှ အသင်းအဖွဲ့ များနှင့်​ ​စေတနာရှင်​များ ပူးပေါင်း၍ ​တောင်​ကုတ်​၊သံတွဲမှ ​ရေ​ဘေးသင့်​ပြည်​သူများအား သွား​ရောက်​ကူညီမည်

မင်းပြားမှ အသင်းအဖွဲ့ များနှင့်​ ​စေတနာရှင်​များ ပူးပေါင်း၍ ​တောင်​ကုတ်​၊သံတွဲမှ ​ရေ​ဘေးသင့်​ပြည်​သူများအား သွား​ရောက်​ကူညီမည်


(မင်းပြား - ဇွန်​ ၁၇ )

ယခု ဇွန်​လအ​စောပိုင်းက ရခိုင်​ပြည်​နယ်​တွင်​ မိုးအဆက်​မပြတ်​ရွာသွန်းမှု​ကြောင့်​ ​ရေကြီး​ရေလျှံမှုဖြစ်​ပွားခဲ့ပြီး အသက်​အိုးအိမ်​၊စည်းစိမ်​များ ပျက်​ဆီးဆုံးရှုံးခဲ့ရသည့်​ ​တောင်​ကုတ်​မြို့နယ်​နှင့်​ သံတွဲမြို့နယ်​မှ ​ရေ​ဘေးသင့်​ပြည်​သူများအား မင်းပြားမှ အရပ်​ဖက်​လူမှုအဖွဲ့အစည်းများနှင့်​ ​စေတနာရှင်​များ ပူး​ပေါင်း၍ တစ်​နိုင်​တစ်​ပိုင်​ ကူညီ​ထောက်​ပံ့သွားမည်​ဖြစ်​​ကြောင်း သိရသည်​။

အဆိုပါ ​ရေ​ဘေးကူညီ​ထောက်​ပံ့​ရေးတွင်​ မင်းပြားမှ စည်းကမ်းထိန်းသိမ်း​ရေး ရဟန်း​တော်​များအသင်း ၊ ညာတကာနိဉ္စသံင်္ဃာ​တော်​များ-​ဖောင်​​ဒေးရှင်း ၊ ဇ - ​ဖောင်​​ဒေးရှင်း ၊ ကျိန်းရိပ်​ကရုဏာလူမှုကူညီ​ရေးအသင်းနှင့်​ ကျိန်းရိပ်​မင်္ဂလာပရဟိတအသင်းတို့မှ ပူး​ပေါင်းဦး​ဆောင်​ကာ မတည်​​ငွေ - ကျပ်​ (၄၇) သိန်းခန့်​ကို အလှူထည့်​ဝင်​ထားကြပြီး မင်းပြားမြို့၊ မြို့​ရောနယ်​ပါ ဓမ္မာရုံကြီးအတွင်း၌ မနက်ဖြန်​ ဇွန်​လ ၁၈ ရက်​​နေ့မှ စတင်​၍  ဇွန်​လ၂၁ ရက်​​နေ့ထိ (၃)ရက်​တိုင်​တိုင်​ အလှူခံဌာနကို ဖွင့်​လှစ်​​ကာ မင်းပြားမြို့​ပေါ် ၊မြို့နယ်​ရှိ ​စေတနာရှင်​များထံမှ အလှူ​ငွေများအား လက်​ခံသွားမည်​ဖြစ်​​ကြောင်း စည်း၊ထိန်းအသင်းမှ  ဆရာ​တော်​ဦးရက္ခဝံသ၏ ​မိန့်​ကြားချက်​အရ သိရသည်​။

ထိုအသင်းအဖွဲ့များသည်​ ၄င်းတို့၏ မတည်​​ငွေများနှင့်​ မင်းပြားမြို့နယ်​မှ ​စေတနာထက်​သန်​​သော အလှူရှင်​များထံမှ ​ကောက်​ခံရရှိ​ငွေများကို သီးခြားစီခွဲကာ လာမည့်​ ဇွန်​လ ၂၂ ရက်​​နေ့တွင်​  ​ရေ​ဘေးသင့်​ခဲ့သည့်​​ ​တောင်​ကုတ်​ ၊ သံတွဲ​ဒေသများသို့ ကိုယ်​​တိုင်​သွား​ရောက်​ကာ ​ထောက်​ပံ့ကူညီသွားမည်​ဖြစ်​​ကြောင်း ဇ-​ဖောင်​​ဒေးရှင်းမှ ကို​ကောင်းမြတ်​​ကျော်​က ဆိုသည်​။

တောင်​ကုတ်​၊​သံတွဲမြို့နယ်​များသည်​ ယမန်​နှစ်​ကဖြစ်​ပွားခဲ့သည့်​​ ရခိုင်​ပြည်​နယ်​အပါအဝင်​မြန်​မာနိုင်​ငံအနှံ့​ ​ရေကြီးခဲ့စဉ်​ကလည်း ​ရေ​ဘေးဒုက္ခကို အများဆုံးဆိုးဝါးစွာ ခံခဲ့ရသည့်​ မြို့နယ်​တစ်​ခုဖြစ်​​သော မိမိတို့ မင်းပြားမြို့နယ်​အား လာ​ရောက်​ကူညီ၊လှူဒါန်းခဲ့​သော မြို့နယ်​များဖြစ်​ပြီး ယခုနှစ်​တွင်​ မိမိတို့က တစ်​ခါပြန်​ကူညီသင့်​​သည်​ဟု ယူဆမိ​ကြောင်း စည်းထိန်းမှ ဦး​မောင်​သိန်းစံက ဆိုသည်​။

ထို့​ကြောင့်​ ​​စေတနာရှင်​များအ​နေဖြင့်​ အဆိုပါ​ရေ​ဘေးကူညီ​ထောက်​ပံ့​ရေးတွင်​ ပူး​ပေါင်းပါဝင်​လိုပါက မင်းပြားမြို့ဓမ္မာရုံသို့ လာရောက်၍ဖြစ်စေ၊ ဆရာတော် ဓမ္မပီယ (စည်းထိန်း) ဖုန်း-၀၉၄၂၁၇၂၇၀၄၂၊ ဆရာတော် ရက္ခဝံသ(စည်းထိန်း) ဖုန်း-၀၉၂၆၁၅၁၅၇၂၂၊ ဦးသန်းထွန်း (ကျိန်းရိပ်ဂရုဏာ လူမှုကူညီရေးအဖွဲ့) ဖုန်း-၀၉၄၂၁၇၆၅၈၂၂၊ ကိုမြတ်စိုးကျော် (ဇ-ဖောင်ဒေးရှင်း) ဖုန်း-၀၉၄၅၀၅၄၁၇၉၄၊ ကိုကောင်းမြတ်ကျော် (ဇ-ဖောင်ဒေးရှင်း) ဖုန်း-၀၉၂၅၀၂၄၂၂၈၇ သို့ ဆက်​သွယ်​လှူဒါန်းနိုင်​​ကြောင်း သိရသည်​။

မောင်​ကာကြီး (​လေးမြို့)
ဓာတ်​ပုံ - ​ကောင်းမြတ်​​ကျော်​ (ဇ-​ဖောင်​​ဒေးရှင်း)
ရခိုင်ပြည်နယ်တွင် ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်ချက် ဒုတိယအကောင်းဆုံးမြို့နယ်အဖြစ် မင်းပြားရပ်တည်

ရခိုင်ပြည်နယ်တွင် ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်ချက် ဒုတိယအကောင်းဆုံးမြို့နယ်အဖြစ် မင်းပြားရပ်တည်


(မင်းပြား - ဇွန် ၁၁ )

၂၀၁၆ မင်းပြားမြို့နယ်တက္ကသိုလ်ဝင်တန်းအောင်ချက်သည် ရခိုင်ပြည်နယ်တွင် ဒုတိယအောင်ချက်အကောင်းဆုံးမြို့နယ်အဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ယနေ့ ဇွန်လ ၁၁ ရက်နေ့ ၊ နံနက် (၆) နာရီက မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် တပြေးညီထုတ်ပြန်ကြေငြာခဲ့ရာ မင်းပြားမြို့နယ်တွင် ၅-ဘာသာ ဂုဏ်ထူးရှင် (၂)ဦး၊ ၄-ဘာသာ ဂုဏ်ထူးရှင် (၄)ဦး၊ ၃-ဘာသာ ဂုဏ်ထူးရှင် (၇)ဦး၊ ၂-ဘာသာ ဂုဏ်ထူးရှင် (၅)ဦး၊ ၁-ဘာသာ ဂုဏ်ထူးရှင် (၄၂)ဦး၊ စုစုပေါင်းဂုဏ်ထူးရ ကျောင်းသား/သူ (၆၀)ဦးရှိကြောင်းသိရပြီး မင်းပြားမြို့နယ် ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်ချက်မှာ (၂၈.၃၄) ရာခိုင်နှုန်းရှိခဲ့ကြောင်း မင်းပြား - သတင်း၏ ဖော်ပြချက်တစ်ရပ်အရ သိရသည်။

ဘာသာရပ်အလိုက် ဂုဏ်ထူးရရှိသူများမှာ မြန်မာစာဂုဏ်ထူး (၄)ဦး၊ အင်္ဂလိပ်စာ ဂုဏ်ထူး (၄)ဦး၊ သင်္ချာဂုဏ်ထူး (၅)ဦး၊ ဓာတုဗေဒဂုဏ်ထူး (၁၆)ဦး၊ ရူပဗေဒဂုဏ်ထူး (၂၂)ဦး၊ ဇီဝဗေဒဂုဏ်ထူး (၂၂)ဦး၊ သမိုင်းဂုဏ်ထူး (၁)ဦးနှင့် ဘောဂဗေဒဂုဏ်ထူး (၂၅)ဦး ရရှိခဲ့ကြောင်း မင်းပြား - သတင်းတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

မင်းပြားမြို့နယ်သည် ၂၀၁၂ ခုနှစ်တွင် (၃၇.၂၁)%၊ ၂၀၁၃ ခုနှစ်တွင် (၂၈.၁၇)%၊ ၂၀၁၄ ခုနှစ်တွင် (၂၄.၂၁)%၊ ၂၀၁၅ ခုနှစ်တွင် (၃၂.၂၂)% အသီးသီးဖြင့် ရခိုင်တစ်ပြည်လုံး၌ တက္ကသိုလ်ဝင်စာမေးပွဲတွင် ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ အောင်ချက်အကောင်းဆုံး မြို့နယ်အဖြစ် (၄)နှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့သော မြို့တစ်မြို့ဖြစ်ကြောင်း သိရပြီး ယခု ၂၀၁၆ ခုနှစ်တွင် ပေါက်တောမြို့နယ်က (၃၁.၈၇) ရာခိုင်နှုန်းဖြင့် ရခိုင်ပြည်နယ်တွင် အောင်ချက်အကောင်းဆုံးမြို့နယ်အဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

မောင်ကာကြီး (လေးမြို့)
ကိုးကား >>> မင်းပြား - သတင်း
စည်းထိန်း ၊ ကျိန်းရိပ် နှင့် ဇ တို့ ပေါင်း၍ ကျောက်ခုတ်မှ လေဘေးသင့်ပြည်သူများအား အလှူငွေများ ကူညီထောက်ပံ့

စည်းထိန်း ၊ ကျိန်းရိပ် နှင့် ဇ တို့ ပေါင်း၍ ကျောက်ခုတ်မှ လေဘေးသင့်ပြည်သူများအား အလှူငွေများ ကူညီထောက်ပံ့


(မင်းပြား - ဇွန် ၁၀ )

ရခိုင်ပြည်နယ် ၊ မင်းပြားမြို့မှ စည်းကမ်းထိန်းသိမ်းရေးသံင်္ဃာတော်များအသင်း ၊ ကျိန်းရိပ်ကရုဏာလူမှုကူညီရေးအသင်းနှင့် ဇ-ဖောင်ဒေးရှင်း တို့ ပူးပေါင်း၍ လေဆင်နှာမောင်းကျရောက်ခဲ့သဖြင့် နေအိမ်များပျက်စီးဆုံးရှုံးခဲ့ရသည့် ကျောက်ခုတ်ကျေးရွာမှ လေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ရေး အလှူငွေများ ပေးအပ်ကူညီနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပူးပေါင်းအဖွဲ့တို့သည် ယနေ့ ဇွန်လ ၁၀ ရက်နေ့ ၊ နေ့လည် ၂ နာရီဝန်းကျင်ခန့်လောက်က မင်းပြားမြို့နယ် ၊ သာယာကုန်းအုပ်စု ၊ ကျောက်ခုတ်ကျေးရွာသို့ ရောက်ရှိခဲ့ပြီး ကူညီထောက်ပံ့ငွေ ၁၁၅၀၀၀၀ ကျပ်ကို လေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့နိုင်ခဲ့ကြောင်း ဇ-ဖောင်ဒေးရှင်းမှ ကိုညီညီက လေးမြို့သို့ ပြောကြားသည်။

အဆိုပါပူးပေါင်းအဖွဲ့တို့သည် လေဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် နေအိမ် ၃၄ လုံးအနက်မှ အပျက်စီးများသည့် အိမ်( ၆ ) ဆောင်အတွက် ကျပ် ( ၅ ) သောင်း စီကို လည်းကောင်း ၊ အမျက်စီးနည်းသည့် အိမ် (၂၈) ဆောင်အတွက် ငွေကျပ် ( ၃ ) သောင်း စီကို လည်းကောင်း အသီးသီး ကူညီထောက်ပံ့နိုင်ခဲ့ကြောင်း ဇ-ဖောင်ဒေးရှင်းမှ ကိုဇော်လင်းထွန်းက ဆိုသည်။

ထိုကူညီထောက်ပံ့ငွေ ၁၁၅၀၀၀၀ ကျပ်တွင်  ကျိန်းရိပ်ကရုဏာလူမှုကူညီရေးအသင်းမှ ကျပ် ၅၀၀၀၀၀ ကိုလည်းကောင်း ၊ ဇ-ဖောင်ဒေးရှင်းမှ ကျပ် ၄၀၀၀၀၀ ကိုလည်းကောင်း ၊ စည်းထိန်းအဖွဲ့မှ ကျပ် ၂၅၀၀၀၀ ကျပ်ကိုလည်းကောင်း အသီးသီး ကူညီထည့်ဝင်ခဲ့ကြကြောင်း သိရသည်။

ကျောက်ခုတ်ကျေးရွာတွင် မနေ့ ဇွန်လ ၉ ရက်နေ့ ၊ နေ့လည် ၁၂ နာရီခန့်လောက်က လေဆင်နှာမောင်းကျရောက် ခဲ့မှုကြောင့်  နေအိမ် ၃၄ လုံး ပျက်စီးကာ မိန်းကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူပေါင်း ၁၆၀ ကျော်လောက် အကူအညီများ လိုအပ်နေကြောင်း သိရသည်။

မောင်ကာကြီး (လေးမြို့)
ဓာတ်ပုံ - ကိုဇော်လင်းထွန်း (ဇ)