Showing posts with label Breaking. Show all posts
Showing posts with label Breaking. Show all posts
၂၀၁၆ ​တောင်​ကုတ်​ ​ရေကြီးမှု ​သေဆုံးသူ (၄) ဦးထိ ရှိလာ

၂၀၁၆ ​တောင်​ကုတ်​ ​ရေကြီးမှု ​သေဆုံးသူ (၄) ဦးထိ ရှိလာ

(​တောင်​ကုတ်​ - ဇွန်​ ၁၂ )

ရခိုင်​ပြည်​နယ်​ ၊ ​တောင်​ကုတ်​မြို့တွင်​ ယခုရက်​ပိုင်းအတွင်း မိုးအဆက်​မပြတ်​ ရွာသန်းခဲ့မှု​ကြောင့်​ မြို့နယ်​တစ်​ဝှမ်း ​ရေကြီးမှုဖြစ်​ပွားလျက်​ရှိရာ ဇွန်​လ ၁၁ ရက်​​နေ့က လူ ၄ ဦး ​သေဆုံးမှုရှိခဲ့​ကြောင်း သိရသည်​။

အဆိုပါ ​သေဆုံးသူများသည်​ ​တောင်​ကုတ်​မြို့နယ်​ ၊ ဝက်​ကျိတ်​​ကျေးရွာ ​အောက်​ပိုင်းမှ ​ဒေါ်ဖြူဖြူ (၄၂ နှစ်​) ၊ ​ဒေါ်ဖြူဖြူလွင်​ (၃၇ နှစ်​) ၊ မဦးလှ​ကျော်​ခင်​ (၁၉ နှစ်​) နှင့်​ မချိုချိုစန်း (ခ) ဇီးကွက်​မ ( ၂၀ နှစ်​) တို့ဖြစ်​​ကြောင်း သိရပြီး အဆိုပါ (၄) ဦးတို့သည်​ ဇွန်​လ ၁၁ ရက်​ ၊ ည​နေ (၆) နာရီခန့်​​လောက်​တွင်​ ၄င်းတို့​နေအိမ်​များမှ ​ရေတက်​လာမည်​ကို စိုးရိမ်​သဖြင့်​ ဝက်​ကျိတ်​​ကျေးရွာ​အောက်​ပိုင်း နှင့်​ အထက်​ပိုင်းကြားရှိ ​ရေလျှံ​နေ​သော အမက မူလွန်​စာသင်​​ကျောင်းသို့ သွား​ရောက်​ရန်​ ဖြတ်​ကူးစဉ်​ ​ရေစီးဖြင့်​ ​မျောပါ​ပျောက်​ဆုံးသွားရခြင်း ဖြစ်​​ကြောင်း ​တောင်​ကုတ်​မြို့နယ်​ ၊ ပြန်ဆက်​ ဦး​ကျော်​သူရ၏ အစီရင်​ခံပြန်​ကြားစာတွင်​ ​ရေးသားထားချက်​အရ သိရသည်​။

အဆိုပါ (၄) ဦးအား ​တောင်​ကုတ်​မြို့မ ရဲစခန်းမှ ရဲတပ်​ဖွဲ့ဝင်​များနှင့်​ ရပ်​မိရပ်​ဖများစု​ပေါင်း၍ ရှာ​ဖွေမှုများပြုလုပ်​ခဲ့ရာ ဇွန်​လ ၁၂ ရက်​​နေ့ ၊ နံနက်​ (၉း၂၀) နာရီခန့်​တွင်​ ၄င်းတို့နစ်​မြှစ်​ခဲ့သည့်​ ​နေရာနှင့်​ ​ပေ (၂၀၀) ခန့်​​ဝေးသည့်​ ဓနိ​တောထဲ၌ ​သေဆုံး​နေသည့်​ ရုပ်​​လောင်း (၃)​ ​လောင်းကို ​တွေ့ရှိရပြီး ကျန်​တစ်​ဦးအား ထပ်​မံရှာ​ဖွေရာ နံနက်​ (၉း၂၅) မိနစ်​ခန့်​​လောက်​တွင်​ ဝက်​ကျိတ်​​ကျေးရွာနှင့်​ ​ပေ (၃၀၀)ခန့်​ ကွာ​ဝေးသည့်​ ဓနိ​တောထဲ၌ ​သေဆုံး​နေသည့်​ ရုပ်​​လောင်း (၁)​ လောင်းအား ထပ်​မံ ​တွေ့ရှိခဲ့​ကြောင်း ဦး​ကျော်​သူရ၏ အစီရင်​ခံပြန်​ကြားစာတွင်​ ​ဖော်​ပြထားချက်​အရ သိရသည်​။

ယခုရက်​ပိုင်းအတွင်း ရခိုင်​ပြည်​နယ်​​တောင်​ပိုင်းရှိ ​တောင်​ကုတ်​မြို့နယ်​နှင့်​ သံတွဲမြို့နယ်​များရှိ ​ကျေးရွာအများစုတွင်​ ​ရေကြီး​နေပြီး သံတွဲတွင်​ ​ရေကြီးမှု​ကြောင့်​ ​ကျေးရွာ (၂) ရွာတွင်​ အ​ရေး​ပေါ်ကယ်​ဆယ်​​ရေး လိုအပ်​​နေသည်​အထိ အ​ခြေအ​နေများ ဆိုးဝါး​နေ​ကြောင်း သိရသည်​။

မောင်​လူ​အေး (​လေးမြို့)
ဓာတ်​ပုံ - ​ကို​ကောင်းမြတ်​နိုင်​ (​မောင်​​တော)
မြောက်ဦးမြို့  ၊ ဘုရားပေါ်တွင် မီးလောင်

မြောက်ဦးမြို့  ၊ ဘုရားပေါ်တွင် မီးလောင်




(Breaking News)
ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့  ၊ ဘုရားပေါ်ရပ်ကွက် ၊ ရွာဦးဖက်တွင် ယနေ့ မတ်လ ၁၇ ရက်နေ့ ၊ နေ့လည် ၁ နာရီခန့်က လျှပ်စစ်မှတဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နေအိမ် ၃ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။ယခုအခါ မီးညွှန့်ကျိုးခဲ့ပြီဖြစ်ကြောင်း သိရသည်။
လေးမြို့ 
ဓာတ်ပုံ - သျှင်ထွီးညို
မင်းတပ်​​ဈေး မီးရှို့ သူအား ဖမ်းမိပြီ

မင်းတပ်​​ဈေး မီးရှို့ သူအား ဖမ်းမိပြီ

(Breaking News)
Feb 24 , 2016

ချင်းပြည်​နယ်​ ၊ မင်းတပ်​မြို့ ၊ စည်​ပင်​သာယာ​ဈေးကြီးအား မ​နေ့က မီးရှို့ခဲ့သူဟု ယူဆရသည့်​ လူတစ်​ဦးကို မင်းတပ်​မြို့ ၊ ရဲတပ်​ဖွဲ့က ဖမ်းမိထားပြီဖြစ်​​ကြောင်း 7 Day News ၏ Updated News တွင်​ ​ဖော်​ပြချက်​အရ သိရသည်​။


အဆိုပါ မီးရှို့ သူသည်​ အသက်​ ၂၁ နှစ်​ဟု သိရပြီး ဖခင်​ဖြစ်​သူဦးဟောင်လောဟာထံမှ ​ငွေငါးသိန်း​တောင်းရာ မရသဖြင့်​ ဖခင်​၏ ဆိုင်​ကိုမီးရှို့ခဲ့ရာမှ မင်းတပ်​​ဈေး မီး​လောင်​ကျွမ်းခဲ့ရ​ကြောင်း သိရသည်​။ တရားခံဟု ယူဆရသူကို မင်းတပ်မြို့ ၀မ္မသူးရွာတွင် ဖမ်းဆီးရမိပြီဖြစ်ကြောင်း မင်းတပ်မြို့မ ရဲစခန်းက အတည်ပြု ပြောကြားသည်ဟု သိရသည်​။

အဆိုပါ မင်းတပ်​မြို့ ၊ ​စည်​ပင်​သာယာ​ဈေး မီး​လောင်​ကျွမ်းမှုကြောင့်​ ဆိုင်​ခန်း​ပေါင်း ၂၄ ခန်းထိ မီး​လောင်​ဆုံးရှုံးခဲ့ရပြီး ကျပ်​သိန်း​ပေါင်း ၆၀၀ ​ကျော်​ ထိခိုက်​နစ်​နာရခဲ့​ကြောင်း သိရသည်​။

မောင်​လူ​အေး (​လေးမြို့ )
ဓာတ်​ပုံ - Mizzima 
ဟင်္သာတမြစ်အတွင်း GTC ကျောင်းသားများ ရေဆင်းကူးရာမှ ၂ ဦးရေနစ်သေဆုံး

ဟင်္သာတမြစ်အတွင်း GTC ကျောင်းသားများ ရေဆင်းကူးရာမှ ၂ ဦးရေနစ်သေဆုံး

(Breaking News)
Feb 20 , 2016

ဧရာဝတီတိုင်း​ဒေသကြီး ၊ ဟင်္သာတမြို့ ခေါင်းဆေးကျွန်း တစ်ဖက်ကမ်းရှိ သာရဝေါဘက်ကူ​သော တလိုင်းစု ဖြတ်ကူးတို့ ဆိပ်ကမ်း၌ ယ​နေ့ (​ဖေ​ဖော်​ဝါရီ ၂၀ ရက်​) ၊ ည​နေပိုင်း​လောက်​က GTC ကျောင်းသား ၁၅ ဦး ရေဆင်းကူးရာမှ ​ကျောင်းသား ၅ ဦး ​ရေနစ်​ခဲ့ပြီး ၂ ဦး ​သေဆုံးခဲ့​ကြောင်း သိရသည်​။

အဆိုပါ ​ကျောင်းသားများသည်​ ရန်​ကုန်​မှ ​ကျောင်းလာတက်​​နေ​သော သူဖြစ်​​ကြောင်း ဟင်္သာတမှ CJ တစ်​ဦးဖြစ်​သူ ဒီဇင်​ထွန်းဆိုသူ၏​ ​ဖေ့ဘုတ်​စာမျက်​နှာတွင်​ ပုံနှင့်​တကွ ​ဖော်​ပြထားသည်​ကို ​တွေ့ရပြီး ​သေဆုံးသူ ၂ ဦးမှာ EP ပထမနှစ်​မှ  ဥက္ကာ နှင့်သိန်းထိုက်ဇော် တို့  ဖြစ်​​ကြောင်း သိရသည်​။

လက်​ရှိတွင်​ သိန်းထိုက်​​ဇော်​၏ အ​လောင်းကို ​တွေ့ရပြီး ကျန်​တစ်​ဦးအား ရှာ​ဖွေ​နေဆဲဖြစ်​​ကြောင်း သိရသည်​။


လေးမြို့ 
CJ - ဒီဇင်​ထွန်း (ဟင်္သာတ)
ဓာတ်​ပုံ - ​ဖေ့ဘုတ်


မင်းပြားရှိ ရာ​မောင်​ဆည်​တွင်​ ​ရေ​ဖောက်​​ချ ငါးဖမ်း​နေမှုရှိ​ကြောင်း သတင်းထွက်​​ပေါ်

မင်းပြားရှိ ရာ​မောင်​ဆည်​တွင်​ ​ရေ​ဖောက်​​ချ ငါးဖမ်း​နေမှုရှိ​ကြောင်း သတင်းထွက်​​ပေါ်











(Local Breaking News)
Feb 16 , 2016​ 

နွေရာသီ​ရေရှားဒဏ်​ကို အဓိကရင်​ဆိုင်​​နေ​သော မြို့တစ်​မြို့ ဖြစ်​သည့်​ ရခိုင်​ပြည်​နယ်​ မင်းပြားမြို့​အတွက်​ ​နွေရာသီ​ရေလိုအပ်​ချက်​များကို တနိုင်​တပိုင်​ ဖြည့်​ဆည်း​ပေး​နေသည့်​ ​မြောင်းရှည်​ဆည်​ (ရာ​မောင်​ဆည်​)အား လူတစ်​ချို့ က ​ရေ​ဖောက်​ချငါးဖမ်းမှုများ ရှိ​နေ​ကြောင်း သတင်းထွက်​​ပေါ်ခြင်းအ​ပေါ် ​ဒေသခံများက စိုးရိမ်​​ကြောင့်​ကြ​နေကြ​ကြောင်း သိရသည်​။

အဆိုပါငါးဖမ်းမှုကိစ္စသည်​ မင်းပြားမြို့ အတွက်​ ​သောက်​သုံး​ရေ လိုအပ်​ချက်၏ ​မျှော်​မှန်းချက်​ကို ထိခိုက်​​နစ်​နာ​စေ​ကြောင်း  ``ရခိုင်​လူမှုကွန်​ယက်​-မင်းပြား´´​အမည်​ဖြင့်​ ​ဖေ့ဘုတ်​စာမျက်​နှာတစ်​ခုတွင်​ ပုံနှင့်​တကွ ​ဖော်​ပြထားချက်​အရ သိရသည်​။

၂၀၁၅ ခုနှစ်​က​ မြန်​မာနိုင်​ငံ​ဒေသအချို့ နှင့်​ ရခိုင်​ပြည်​နယ်​အနှံ့ အပြားတွင်​ ​သောက်​သုံး​ရေရှားပါးမှုပြဿနာနှင့်​ ရင်​ဆိုင်​ကြုံ​တွေ့ ခဲ့ပြီး မင်းပြားမြို့ သည်​လည်း ​တစ်​ခုအပါအဝင်​ဖြစ်​ခဲ့​ကြောင်း သိရသည်​။ အဆိုပါ ​မြောင်းရှည်​ဆည်​ (ရာ​မောင်​ဆည်​) သည်​ ၂၀၁၅ မင်းပြား​ရေရှားပါးဒဏ်​ကို ဖြည့်​ဆည်းကူညီခဲ့သည့်​ တစ်​ခုတည်း​သော ဆည်​တစ်​ခုဖြစ်​ခဲ့​ကြောင်း သိရပြီး ယခုနှစ်​သည်လည်း ​​အယ်​လ်​နီညိုအား​ကောင်းဆုံးဖြစ်​ရာ ​ယမန်​နှစ်​ထက်​ ပိုမို​ရေရှားပါးနိုင်​ဖွယ်​ရှိ​နေသဖြင့်​ အဆိုပါရာ​မောင်​ဆည်​အား ​မျှော်​လင့်​အားကိုးထား​ကြောင်း ​ဒေသခံများ၏ ​ပြောစကားများအရ သိရသည်​။

ထို့​ကြောင့်​ အဆိုပါရာ​မောင်​ဆည်​အား ​​ရေကို အလဟာသဆုံးရှုံး​စေမည့်​ ရေထုတ်​ချ ငါးဖမ်းခြင်းအစား ​ရေအရင်းအမြစ်​ကို မပျက်​စီး ၊ မဆုံးရှုံး​စေသည့်​ ငါးဖမ်းစနစ်​​ပုံစံကို ​ပြောင်းလဲလုပ်​ကိုင်​ရန်​နှင့်​ တာဝန်​ရှိ သက်​ဆိုင်​ရာလူကြီးများက တားဆီးလမ်းညွှန်​​ပေးသင့်​​ကြောင်း ​ဒေသခံတစ်​ဦးက အကြံပြု​ပြောကြားထားသည်​။

အဆိုပါရာ​မောင်​ဆည်​ (​မြောင်းရှည်​ဆည်​) သည်​ မင်းပြားမြို့နယ်​ ၊ အဝရွာအုပ်​စု ငဇင်​ရိုင်း​ချောင်းကျွန်းအနီး ရန်​ကုန်​-စစ်​​တွေ ကားလမ်း​ပေါ်ရှိ တည်​ရှိပြီး မင်းပြားမှ ၆ မိုင်​ခန့်​ ​ဝေးကွာ​ကြောင်း သိရသည်​။

မောင်​ကာကြီး (​လေးမြို့ )
(ဓာတ်​ပုံ - ရခိုင်​လူမှုကွန်​ယက်​-မင်းပြား)


 မြန်​မာလုပ်​သားများလိုက်​ပါလာသည့်​ ကား ထိုင်းတွင်​ ယာဉ်​တိုက်​မှုဖြစ်​၍ ၆ ဦး ​သေဆုံး

မြန်​မာလုပ်​သားများလိုက်​ပါလာသည့်​ ကား ထိုင်းတွင်​ ယာဉ်​တိုက်​မှုဖြစ်​၍ ၆ ဦး ​သေဆုံး

(Breaking News)
Feb 16 , 2016

ထိုင်းနိုင်ငံ တာ့ခရိုင်မှ မဲ​ဆောက်​သို့  မြန်​မာလုပ်​သားအများစုစီးနင်းလိုက်​ပါလာ​သော ခရီးသည်​တင်​ နှစ်​ထပ်​ကားကြီးသည်​ ယ​နေ့ (​ဖေ​ဖော်​ဝါရီ ၁၆ ရက်​) ၊ နံနက်​ပိုင်း​လောက်​က ယာဉ်တိုက်မှုဖြစ်၍ ခြောက်ဦးသေဆုံးပြီး ၃၀ ဦး ဒဏ်ရာရရှိကြောင်း Social Actionfor Women -SAW ၏ သတင်းထုတ်​ပြန်​ချက်​အရ သိရသည်​။

အဆိုပါ မြန်​မာလုပ်​သားများ စီးနင်းလိုက်​ပါလာသည့်​ ခရီးသည်တင်ယာဉ်သည် ကဖင်ဖက်မြို့ အနီးတွင် ကုန်တင်ကားတစ်စီးဖြင့် တိုက်မိခြင်းဖြစ်ကြောင်း
ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့မှ ဒါရိုက်တာဦးကျော်သောင်းက
ပြောသည်။

"တာ့ခရိုင်က လူဝင်မှုကြီးကြပ်ရေး လှမ်းမေးတော့ ကားမှောက်တာ ဟုတ်တယ်။ မြန်မာတွေအများစု လိုက်ပါလာတယ်လို့
ပြောတယ်။ ယာဉ်မောင်းအပါအဝင် ခြောက်ယောက်သေတာ။
အဲဒီထဲမှာ မြန်မာတွေပါတယ်။ သေတဲ့သူတွေအကုန်လုံး မြန်မာဟုတ် မဟုတ်တော့ အတည်ပြုဆဲပဲလို့ ပြောပါတယ်" ဟု ဦးကျော်သောင်းက
ပြော​ကြောင်း ​ဖော်​ပြထားသည်​။

အဆိုပါယာဉ်​တိုက်​မှု​ကြောင့်​ လူ ၃၀ ​ကျော်​ဒဏ်​ရာရရှိခဲ့ပြီး ၁၃ ​ဦးမှာ ပြင်းထန်​စွာ ဒဏ်​ရာရရှိခဲ့သဖြင့်​ ကဖင်​ဖက်​​ဆေးရုံတွင်​ အ​ရေး​ပေါ်ကုသ​နေရ​ကြောင်း သိရသည်​။

သက်​ထား​ရွှေစင်
(​လေးမြို့ သတင်းမီဒီယာ)