(Sport News)
Jan 16 , 2016
အင်္ဂလန်ပရီးမီးယားလိဂ်က ချဲလ်ဆီးနဲ့ ၀က်စ်ဘရောင်းတို့ ပွဲစဉ်မှာ ကစားသမားတွေရဲ့ အပြုအမှုကြောင့် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ)က ၂ သင်းလုံးကို စွဲချက်တင်လိုက်ပါတယ်။
ဝက်စ်ဘရောင်းအသင်း အလယ်တန်းလူ ကလော်ဒီယို ယာကော့က ဒီယေဂို ကော်စတာအပေါ် ပြစ်ဒဏ်ကျူးလွန်ပေမယ့် အ၀ါကတ်နောက်တကြိမ် အပြခံရမယ့် အရေးကနေ ကင်းလွတ်သွားတဲ့ ဖြစ်ရပ်နဲ့ ဒီစွဲချက်က ပတ်သက်နေပါတယ်။
ကစားသမားတွေရဲ့ အပြုအမှုအပေါ် ကလပ်အသင်းက ထိန်းချုပ်နိုင်ခြင်းမရှိဘူးဆိုတဲ့ စွဲဆိုချက်ကို အသင်း ၂ ခုလုံးက ရင်ဆိုင်ရမှာ ဖြစ်ပြီး ဇန်န၀ါရီ ၂၀ မတိုင်မီ အသင်းတွေက တုံ့ပြန်သွားရမှာ ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းနည်းပြ ဟစ်ဒင့်ကလည်း ယာကော့ အထုတ်ခံရမယ်လို့ ယုံကြည်ခဲ့ပြီး ဘောလုံးပွဲကို ကွင်းပြင်က ကြီးကြပ်နေတဲ့သူနဲ့ စကားပြောဆိုခဲ့ပါသေးတယ်။
ပွဲအပြီးမှာတော့ ပရီးမီးယားလိဂ်မှာ အဆိုးဝါးဆုံးဒိုင်လူကြီးတဦးဖြစ်တယ်လို့ ပြောဆိုခဲ့တဲ့ အကြောင်း ဟစ်ဒင်က ပြောဆိုခဲ့ပါတယ်။
ချဲလ်ဆီးနဲ့ ၀က်စ်ဘရောင်းတို့ ပွဲမှာတော့ တဖက် ၂ဂိုးစီနဲ့ သရေကျခဲ့ပါတယ်။
DVB
http://burmese.dvb.no/archives/131110
Showing posts with label sport. Show all posts
Showing posts with label sport. Show all posts
Subscribe to:
Posts (Atom)