မိုဘိုင်းအင်တာနက်အသုံးပြုခကို ပြောင်းလဲမည့်စနစ်က ပြည်သူများအတွက် အဆင်မပြေနိုင်


မိုဘိုင်းဖုန်းဖြင့် အင်တာနက်ချိတ်ဆက်အသုံးပြုရာတွင် သုံးစွဲခကို Network Data Rate ပေါ်မူတည်၍ ပြောင်းလဲကောက်ခံမည် ဆိုပါက သုံးစွဲသူများအတွက် အခက်အခဲများဖြစ်ပေါ်လာနိုင်ကြောင်း မိုဘိုင်းဖုန်းဖြင့်အင်တာနက် အသုံးပြုသူများထံက သိရှိရသည်။ "အချိန်ပေါ်မှာမူတည်ပြီးကောက်နေတာ အဆင်မပြေလို့လား။ ပိုက်ဆံအရမ်းလိုနေကြလို့လား။ အဲလိုသာ ကောက်ခံမယ်ဆို ဘယ်သူမှ မသုံးကြတော့ဘူး"ဟု CDMA 800 MHz ဖြင့် အင်တာနက်ချိတ်ဆက်အသုံးပြုနေသူ ကိုဇင်မင်းဦးက ပြောသည်။ လက်ရှိတွင် မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုခများကို CDMA 800 MHz တွင် တစ်မိနစ်လျှင် (၄)ကျပ်၊ GSM မိုဘိုင်း ဖုန်းများတွင် တစ်မိနစ်လျှင် (၂)ကျပ် နှုန်းဖြင့် ကောက်ခံလျှက်ရှိပြီး အဆိုပါ အင်တာနက်သုံးစွဲခကို Network Data Rate ပေါ်မူတည်၍ ဒီဇင်ဘာလ (၁)ရက်နေ့မှ စတင်ကာ ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။ "Network Data Rate ပေါ်မူတည်ပြီး ကောက်ခံဖို့တော့ လုပ်နေပါတယ်။ ဒီဇင်ဘာလလောက် ဖြစ်ဖို့များပါတယ်။ အဲ့ဒီ အတွက် (ယာယီ)ဈေးနှုန်းတွေတော့ သတ်မှတ်ထားတယ်"ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ Network Data Rate ပေါ်မူတည်၍ သုံးစွဲခပြောင်းလဲ ကောက်ခံခြင်းအတွက် မြန်မာ့ဆက်သွယ်ရေးမှ ၁၀၀ ကီလိုဘိုက်အား (၂)ကျပ်၊ ၁ အမ်ဘီအား (၂၀)ကျပ်နှင့် ၁၀၀ အမ်ဘီအတွက် (၁၅၀၀) ကျပ်မှ (၁၈၀၀)ကျပ်အထိ ယာယီ သတ်မှတ်ထားကြောင်း သိရှိရသည်။ ထိုကဲ့သို့ မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲခ ပြောင်းလဲကောက်ခံမည်ဟု သတင်းအား မတရားကောက်ခံခြင်းဖြစ်ကြောင်း အင်တာနက်လိုင်းကောင်းမွန်ခြင်းမရှိပဲ သုံးစွဲခတိုးမြှင့်ကောက်ခြင်းအပေါ် ကန့်ကွက်မှုများလည်း ရှိနေကြောင်းကိုလည်း လူမှုရေးကွန်ယက်များမှတဆင့် သိရသည်။ “ နိုင်ငံတကာစံချိန်ချိုးတဲ့ ၀န်ဆောင်မှုပါပဲဗျာ။”ဟု လူမှုရေးကွန်ယက်အသုံးပြုသူတစ်ဦးက မှတ်ချက်ပြုခဲ့သည်။ from myit ma kha

SHARE THIS
Previous Post
Next Post