
ရခိုင်ပြည်နယ်ပေါက်တောမြို့နယ် ဆံတော်ရှင်ဘုရားတွင် သေဆုံး သူများ အတွက် ဆုတောင်းအမျှ ဝေခြင်းပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
ယင်းအပြင် ရှင်ပြုပေးခြင်းများနှင့် ဆွမ်းတော်တင်ခြင်း၊ ရွှေသင်္ကန်းကပ်လှူခြင်း များကို မနေ့က ညနေပိုင်းနှင့် ယနေ့နံနက်ပိုင်းတို့တွင် ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
ဆံတော်ရှင်ဘုရားပွဲသည် ရခိုင်ပြည်နယ်အတွင်း စည်ကားသောဘုရားပွဲတစ်ခု ဖြစ်သော်လည်း ယခုနှစ်တွင် ပွဲတော်ကျင်းပနိုင်ခြေမရှီကြောင်းလည်းသိရသည်။
ရခိုင်ပြည်နယ်အတွင်းရှိ အထင်ကရ ဘုရားတစ်ဆူဖြစ်သော ဆံတော်ရှင်ဘုရား သည် လူသူ အရောက်နည်းသော နေရာတွင် ရှိနေသဖြင့် လုံခြုံရေးအရ ပွဲတော် ကျင်းပနိုင်ခြင်းမရှိနိုင်ကြောင်းနှင့် မကြာသေးမီက ထိုဘုရားသို့သွား ရောက်ခဲ့ပြီး အပြန်တွင် သားဖ နှစ်ဦးအား ဘင်္ဂလီများက သေနပ်များဖြင့် ၀င် ရောက်ပစ်ခတ်ခဲ့ခြင်းများလည်းရှိခဲ့ရာ ပွဲတော်ကျင်းပရန်ခက်ခဲနေမည်ဖြစ် ကြောင်းလည်းသိရှိရပါသည်။
from RSV
SHARE THIS