ထက်အောင်ခန့် (မြစ်မခ)
နေပြည်တော်ရှိ ဖုန်းဆိုင်အချို့တွင် နေပြည်တော် ကျပ်နှစ်သိန်းတန် GSM ဖုန်းများကို ကျပ် (၁) သိန်းခွဲဖြင့် နိုဝင်ဘာလဆန်းမှ စတင်ကာ ရောင်းချပေးနေကြောင်း သိရသည်။
“နှစ်သိန်းတန်ဖုန်းတွေကို ကျွန်မတို့ ဆိုင်မှာ နေပြည်တော် - ၄၂၀ တစ်သိန်းခွဲနဲ့ ရောင်းပါတယ်။ လက်ငင်းပေးချေရပါတယ်။ လိုင်စင်ပုံရယ်၊ မှတ်ပုံတင်ရယ်တော့ယူလာဖို့လိုတယ်။”ဟု လေဆာဖုန်း ဆိုင်မှပြောသည်။
သီတင်းကျွတ်၊ တန်ဆောင်တိုင်ပွဲတော်များအတွက် ဖုန်းကတ်များကို အထူးလျော့ဈေးဖြင့် ရောင်းချ ပေးနေခြင်းဖြစ်ကြောင်း သိရသည်။ ရောင်းချရက်ကို အကန့်သတ်ထားခြင်း မရှိကြောင်းကိုလည်း ၎င်းတို့ ဆိုင်က ပြောသည်။ ဖုန်းဝယ်ယူသည့်အခါတွင် အမည်ပေါက်ရရှိမည် ဖြစ်သည်။
ဝယ်ယူသည့်ဆိုင်မှ ဘောင်ချာကိုရယူရမည်ဖြစ်ပြီး ကဒ်များ ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်းများ ဖြစ်ပေါ်လာပါက ၀ယ်ယူသည့်ဘောက်ချာဖြင့်သာ လာရောက်၍ အသစ်ပြန်လည်ပြုလုပ်ရန် လျောက်ထားနိုင်ကြောင်းကိုလည်း သိရသည်။
“ဘောက်ချာတွေကိုတော့ သိမ်းထားဖို့လိုမယ်။ ၀ယ်ယူထားတဲ့ဘောက်ချာကိုပြမှ ကတ်ပျောက်တာတို့ကတ် ပျက်စီးတာတို့ကို ပြန်ပြီးလုပ်ပေးနိုင်မှာပါ။ စာချုပ်က တော့ တစ်နှစ်လောက်နေမှ ရမယ်။ အဲ့ဒီဘောက်ချာနဲ့ပဲ စာချုပ်ကို လာပြီးထုတ်ယူရမှာပါ။” ဟု လေဆာဖုန်းဆိုင်မှ ပြောသည်။
စတင်ရောင်းချသည့်နေ့များတွင် ရောင်းအားကောင်းလျက်ရှိပြီး ယခုနောက်ပိုင်းတွင် လာရောက်ဝယ်ယူသူများ နည်းပါးသွားကြောင်း သိရသည်။
“စစရောင်းတဲ့နေ့ကဆိုရင်လာဝယ်တဲ့သူက တစ်နေ့ကို အယောက် ၃၀ လောက်ရှိတယ်။ နောက်နှစ်ပတ်လောက် နေတော့ တစ်နေ့ကို အယောက် ၂၀ လောက်ပဲ လာဝယ်တော့တယ်။ အရောင်းတော့ နည်းနည်းပါးသွားတယ်။”ဟု လေဆာဖုန်းဆိုင်မှပြောသည်။
ဆက်သွယ်လိုသူများအနေဖြင့် နေပြည်တော်ပျဉ်းမနားရှိ လေဆာဖုန်းဆိုင်များတွင် ၀ယ်ယူနိုင်ခြင်းဖြစ်ပြီး ဖုန်း-၀၆၇-၂၂၉၁၇ သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။
နေပြည်တော်ရှိ အခြားဖုန်းဆိုင်အချို့မှာမူ မြန်မာ့ဆက်သွယ်ရေးမှ ချထားပေးသည့် နှုန်းထားဖြစ်သည့် ကျပ်နှစ်သိန်းဖြင့်သာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
“ကျွန်မတို့ဆိုင်မှာက ဆက်သွယ်ရေးကချထားပေးတဲ့နှုန်းအတိုင်းပဲ ရောင်းတာပါ။ ကျွန်မတို့ဆိုင်ကို လာမေးတဲ့ သူတွေလည်းရှိတယ်။ တစ်ချို့ဆိုင်တွေတစ်သိန်းခွဲနဲ့ ရောင်းတယ်လို့တော့ကြားတယ်။”ဟု နေပြည်တော် လူကြီးမင်းဖုန်းဆိုင်က ပြောသည်။
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)