ပေါက်တောမြို့နယ်ရှိ ဆံတော်ရှင်ဘုရားပွဲကို စဉ်လာမပျက်ကျင်းပသွားမည်ဖြစ်ရာ ပြဿနာတစ်စုံတစ်ရာဖြစ် လာပါက မည်သူတာဝန်ယူမည်နည်းဟု မေးမြန်းသူများရှိလာကြောင်းသိရသည်။
ဆံတော်ရှင်ဘုရားသည် မြေငူကျွန်းတွင် တည်ရှိသဖြင့် တောတောင်များကို ကျော်ဖြတ်သွားလာရပြီး လူနေအ ရပ်နှင့်လည်းဝေးကွာကြောင်းသိရသည်။
သို့သော်လည်း ထိုသို့ပွဲတော်ကျင်းပရခြင်းအား မည်သူတာဝန်ယူမည်နည်းဆိုသည့်မေးခွန်းအား ဒေသခံတစ်ချို့ ကမေးမြန်းလာကြကြောင်းနှင့် ပွဲတော်ကျင်းပရခြင်းသည် ကောင်းသော လက္ခဏာတစ်ရပ်ဖြစ်ကြောင်းလည်းသိ ရသည်။
'' ပွဲကျင်းပတာတော့ကောင်းပါတယ်။ ဒါပေမယ့် ပြဿနာတစ်ခုခုဖြစ်ရင် ဘယ်သူတာဝန်ယူမလဲဆိုတာလည်း ထည့်တွက်စဉ်းစားဖို့လိုတယ်။ ဘင်္ဂလီရန်ကိုကြောက်ပြီး ပွဲမကျင်းပတာမျိုးတော့မကောင်းပါဘူး။ ဒါဟာ ဗုဒ္ဓပူဇေ နိယ ပွဲတော်ဖြစ်တယ်။ သမိုင်းဝင်ဆံတော်ရှင်ဘုရားပွဲကို နှစ်စဉ် နတ်တော်လ မပြည့်ခင်ရက်များက နေပြီး ကျင်း ပကြတာမို့ စည်းကားတဲ့ ပွဲတစ်ခုလည်းဖြစ်တယ်။ ဒီနှစ်လည်း ငါးရက်ကျင်းပမယ်လို့သိရတယ်။ နတ်တော် လပြည့်နေ့မှာ ဆုံးမယ်။ အားလုံးပေါင်းငါးရက်ကျင်းပသွားမယ်လို့သိရတယ်။ သတိတော့ထားဖို့လိုတယ်''ဟု လည်း စစ်တွေမှ ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုပါသည်။
အကြမ်းအားဖြင့် ပွဲတော်အား ပေါက်တောမြို့နယ်မှ ဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသော်လည်း နယ်စပ်ရေးရာမှ လုံခြုံရေးကို တာဝန်ယူသွားမည်ဖြစ်ပြီး စစ်တပ်အင်အား ကိုပတ်ဝန်းကျင်တွင်ဖြန့်ကြက်ချထားမည်ဖြစ်ကြောင်း လည်းသိရသည်။ မသင်္ကာသူများကို စစ်တပ်မှ တရားဝင်စစ်ဆေးသွားမည်ဖြစ်ပြီး ပြဿနာဖြစ်လာပါကလည်း ဖြေရှင်းနိုင်မည့်နည်းလမ်းများကို ရှာဖွေထားရှိပြီဖြစ်ကြောင်းသိရသည်။
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)