Written by မိုးဇော် Thursday, 27 December 2012
ရခိုင်ပြည် မြောက်ဦးမြို့တွင် ဒီဇင်ဘာလ ၂၃ ရက်နေ့က တိုက်ခိုက်ခံရသော ဦးစိန်လှမှာ စိုးရိမ်ဖွယ်မရှိသော်လည်း ဒဏ်ပြင်းထန်စွာ ရရှိထားကြောင်း သတင်းရရှိသည်။
ဦးစိန်လှသည် ဒဏ်ရာပြင်းထန်သောကြောင့် ဖြစ်ဖြစ်ချင်း စစ်တွေဆေးရုံးကို သွားရောက်ကုသခံနေသော်လည်း ဒဏ်ရာမသက်သာဖြစ်နေသည်ကို အလှူငွေလှူဒါန်းခဲ့သော ၀ံလက်ဖေါင်ဒေးရှင်းမှ ဒါရိုက်တာ ကိုဇော်ဇော်ထွန်းက ပြောသည်။
" အကိုဦးစိန်လှက မစိုးရိမ်ရဆိုပေမယ့် ဒဏ်ရာက အရမ်းပြင်းထန်ပါတယ်။ လက်မောင်းနှင့် တံတောင်ဆစ်နားမှာရှိတဲ့ အရိုးဟာ ကျိုးသွားပြီးတော့ ကြေသွားပါတယ်။ ဒဏ်ရာကတော့ ပြင်းထန်တဲ့အတွက် တာရှည်ကုသခံရမှာဖြစ်ပါတယ်။ သူ့ရဲ့ညီမှာကတော့ မျက်ခုံးမှာ နည်းနည်းထိသွားပါတယ်လို့ သူတို့က ပြောပါတယ်။ ကျနော်တို့ ဝံလက်ဖောင်ဒေးရှင်းမှလည်း ယင်းလူနာအတွက် ငွေတစ်သိန်းလှူဒါန်းခဲ့ပါတယ်။ " ဟု ပြောသည်။
အသတ်ခံရသူများမှာ ဦးစိန်လှ(၅၆)နှစ်၊ ဦးသာထွန်းစိန် (၅၄)နှစ်နှင့် မောင်စိန်လှကျော်(၁၉)နှစ်တို့သည် ဇေယ၀တီကျေးရွာမှ ဖြစ်ကြပြီး ယင်းအထဲကမှ ဦးစိန်လှမှာ ဒဏ်ရာပြင်းထန်သောကြောင့် စစ်တွေဆေးရုံ၌ ကုသခံနေရသူဖြစ်ပြီး ကျန်နှစ်ဦးမှာ မြောက်ဦးဆေးရုံ၌ ကုသခံနေကြသည်ကို သိရသည်။
ပေါင်းတုတ်ကျေးရွာမှ ကုလားများက ယင်းအသတ်ခံရ ရခိုင်သုံးဦး၏လယ်မှ စပါးများကိုခိုးထားသောကြောင့် ယင်းရခိုင်သုံးဦးက လုံးခြုံရေး တာဝန်ယူထားသော ခမရ ၅၄၀ တပ်ကို တိုင်ကြားထားတဲ့အတွက် ပေါင်းတုတ်ရွာနေ ကုလားများက အခုလို သတ်လိုက်တာဖြစ်ကြောင်းကို ကိုဇော်ဇော်ထွန်က ဆက်လက်ပြောကြားခဲ့သည်။
ဤပြစ်မှုကို တိုက်ခိုက်ခံရသူများက သက်ဆိုင်ရာ ဌာနများကို တိုင်ကြားထားကြပြီး ဌာနဆိုင်ရာများမှလည်း အမှုကိုတရာမျှတစွာဖြစ်အောင် ဆောင်ရွက်နေကြောင်း သိရသည်။
အေးချမ်းမွန်မှ Arakan Time တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
