ပည့်တန်ဆာများကို တရား ဝင်လိုင်စင်
ထုတ်ပေးပြီး၊ စနစ်တကျ လုပ်ကိုင်နိုင်အောင်
ကြိုးစားဆောင် ရွက်သွားမည်ဟု NLD ပြည်သူ့
လွှတ် တော်ကိုယ်စားလှယ်ဒေါ်စန္ဒာမင်းက
ပြောသည်။
''ပြည့်တန်ဆာမရှိတဲ့ နိုင်ငံဆို တာမရှိပါဘူး၊ ပြည့်တန်ဆာဆိုတာ ဘုရားရှင်လက်ထက်ကတည်းက ရှိတာပါ။ ပပျောက်အောင်လုပ်တယ် ဆိုတာလည်း မဟုတ်ပါဘူး။ ပပျောက် အောင်လည်း လုပ်လို့မရပါဘူး''ဟု ¤င်းက ပြောသည်။
ကမ္ဘာ့နိုင်ငံအများအပြားတွင် ပြည့်တန်ဆာနှင့်ပတ်သက်၍ တရား ဝင်လိုင်စင်များ ထုတ်ပေးပြီးစနစ် တကျဖြစ်အောင် ဆောင်ရွက်ပေး ထားကြောင်း၊
ထိုသို့ တရားဝင်လိုင် စင်များချထားပေးပါက 4င်းတို့ကို အခွန်ကောက်ခံကာတိုင်းပြည်အတွက် အခွန်ဘဏ္ဍာငွေများလည်းရရှိမည်ဖြစ် ကြောင်း ပြည့်တန်ဆာများကို တရား ဝင်လိုင်စင်ချထားပေးနိုင်ရန် လွှတ် တော်၌ အဆိုပြုတင်သွင်းသွားမည် ဖြစ်ကြောင်း¤င်းကဆက်ပြောသည်။
''လိုင်စင်ထုတ်ပေးရင်ကောင်း တာပေါ့။ အခုဆိုရင် ရဲကို ကြောက် နေရတယ်။ လိုင်းကြေးလည်း ပေးရ သေးတယ်။ တကယ်ဖြစ်ရင်တော့ ကောင်းမှာလို့ မျှော်လင့်မိတယ်''ဟု ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ လိင်လုပ်သားတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် ပြည့်တန်ဆာ လုပ်ငန်းကို လုပ်ကိုင်နေသူ အမျိုးသမီး
အများစုသည် အခြားအတတ်ပညာ များ တတ်မြောက်ခြင်းမရှိသည့်
အပြင် ထွက်ပေါက်မရှိသည့်အတွက် ယင်း အလုပ်ကိုလုပ်ကိုင်နေခြင်းဖြစ်ကြောင်း ဒေါ်စန္ဒာမင်းက ဆက်ပြောသည်။
''လိုင်စင်ထုတ်ပေးနိုင်ပြီဆိုရင် တော့ ကောင်းတာပေါ့။ ကူးစက် ရောဂါဆိုတာ Sexworker တွေက တစ်ဆင့် အများဆုံး ကူးစက်နေတာ ပါ။ တခြားနိုင်ငံတွေမှာဆိုရင် ကူး စက်ရောဂါတွေ မဖြစ်နိုင်အောင်ကွန် ဒုံးသုံးရတယ်။
မသုံးရင် Sexworker ရောပျော်ပါးတဲ့သူနှစ်ယောက်စ လုံးကို ပြစ်ဒဏ်ချမယ်ဆိုတဲ့ ဥပဒေ ပြဌာန်းထားပါတယ်'' ဟု မင်္ဂလာ တောင်ညွန့်လွှတ်တော်ကိုယ်စားလှယ်
ဒေါ်ဖြူဖြူသင်းက ပြောသည်။
HIV,AIDS အပြင် အခြားကူးစက် ရောဂါများဖြစ်ပွားမှုနှုန်းနည်းစေရန် ကွန်ဒုံးသုံးစွဲသင့်ပြီး Sexworker များကို လည်း ကျန်းမာရေးစစ်ဆေးမှုများပုံမှန် ပြုလုပ်ကာတရားဝင်လိုင်စင်များထုတ် ပေးသင့်ကြောင်း ၄င်းကပြောသည်။
Messenger News Journal
ဓါက်ပုံ (မြစ်မခမီဒီယာမှကူးယူဖော်ပါသည်။)
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
