ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နှင့် ရမ်းဗြဲမြို့တို့တွင် ၂၀၁၂ခုနှစ်၊ အောက်တိုဘာလ အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် နေအိမ်အဆောက်အဦးများ မီးလောင်ဆုံးရှုံးမှု အနက် နေအိမ်သုံးလုံးအတွက် ကျပ်သိန်း ၂၇၉သိန်း မြန်မာ့ အာမခံက ယနေ့ ပေးအပ်ခဲ့သည်။
အာမခံ လျော်ကြေး ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ ညနေ ၃း၀၀ အချိန်တွင် မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်)၊ စတုတ္ထထပ် အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ၂၄.၁၀.၁၂ နှင့် ရမ်းဗြဲမြို့တွင် ၂၆.၁၀.၁၂ ရက်နေ့တို့တွင် ဖြစ်ပွါးခဲ့သော မီးရှို့မှုကြောင့် ဆုံးရှုံးမှုခဲ့သည့် အဆောက် အဦးများအနက် အာမခံထားရှိသော မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဘဏ် လိမိတက်နှင့် မြန်မာ့စီးပွားရေးဘဏ်များမှ ချေးငွေ ရယူထားသော နေအိမ် ၃ လုံးအတွက် စုစုပေါင်း ကျပ် (၂၇၉.၇၈၃၈၀၃၃) သိန်းကို ပေးလျော်သော လျော်ကြေးပေးအပ်ပွဲ ဖြစ်သည်။
from Rakhine Citizen Journalists
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)