ကျောက်ဖြူမြို့ ဂျပန်မ ဆိပ်ကမ်းတွင်
အခွန်ကင်းလွတ်ခွင့်အတွက် လူ ၅၀ ခန့်
က ဆန္ဒထုတ်ဖော်ခဲ့ကြရာ ရဲများ က ဟန့်တားမှုများရှိခဲ့ကြောင်းလည်းသိရသည်။
''ကျွန်တော်တို့က အခွင့်အကောက်အတွေကင်းလွတ်ခွင့်အ တွက် တောင်းဆိုတာပါ။
ဆင်းရဲသားတွေချွေးနဲ့ လုပ် တာကို အခန့်သားလုပ်စားနေကြတဲ့ ခရိုနီတွေကို
ကန့်ကွက်တာလည်းဖြစ်ပါတယ်။
နွားလှည်းတွေ၊ စက်လှေတွေနဲ့ လုပ်ကိုင်စားသောက်နေတဲ့ လူတွေက
ကုန်းကောက်စရာမရှိအောင် ဖြစ်နေပြီး အစိုးရနဲ့ပေါင်းပြီး
လုပ်စားနေသူတွေကတော့ အပြုံးမပျက်ဘူး။ ဒါကြောင့်
ကုန်တင်ကုန်ချလုပ်ငန်းတွေကို အင်အားသုံးငွေကြေး ကောက်ခံနေတဲ့ လူတွေကို
ဖယ်ရှားပေးဖို့နဲ့ အကောက်ခွန်ကင်းလွတ်ခွင့်ပေးဖို့
ဆန္ဒထုတ်ဖော်တာဖြစ်ပါတယ်'' ဟု ပြည်သူတစ်ဦးကပြောပါသည်။
ဂျပန်မဆိပ်ကမ်းသည် ကုန်တင်ကုန်ချအတွက် နွားလှည်းကိုအသုံးပြုရသော
ဆိပ်ကမ်းတစ်ခုဖြစ်သည့်အပြင် ကုန်ထမ်းအလုပ်သမားများကလည်း
အဆင်မပြေဖြစ်လာခဲ့သည့်အတွက် ထိုသို့ ဆန္ဒဖော်ထုတ်ရခြင်းဖြစ် ကြောင်း
လည်းသိရသည်။
နွားလှည်းများဖြင့် စီတန်းထားကြပြီးနောက်
ရဲများကလာရောက်ဟန့်တားခြင်းကြောင့် ဆန္ဒဖော်ထုတ်ရန်အစီအ စဉ်မှာ
ပျက်စီးသွားရခြင်းဖြစ်ကြောင်း၊ တန်းစီပြီး ထွက်ခွါရန်ပြင်ဆင်နေချိန်တွင်
ထိုသို့ဖြစ်သွားခြင်းဖြစ်ကြောင်း လည်းသိရသည်။
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
