ရခိုင်ပြည်နယ်အတွင်း ဘင်္ဂလီးများပေးသော စာရင်းများအတိုင်းလိုက်လံ ဖမ်း ဆီးနေမှုအား တားမြစ်ပေးရန်သင့်ပြီ

ဒုတိယအကြိမ်ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သောပဋိပက္ခအတွင်း ပါဝင် ပတ်သတ် နေသည်ဟု ယူဆသူများကို မြို့နယ်အနှံ့အပြားတွင်လိုက်လံဖမ်းဆီးလျက်ရှိရာ ဒေခံများက လုပ်ကိုင်စားသောက်ရန်အဆင်မပြေဘဲဖြစ်နေကြောင်းသိရသည်။ ယင်းစာရင်းအားပေးသူများမှာဘင်္ဂလီများသာဖြစ်ပြီး မလေးရှာရောက်နေသောသူ များ၊ တက္ကသိုလ်ကျောင်းတက်နေသောသူများလည်းပါဝင်ကြောင်းသိရသည်။ ပဋိ ပက္ခဖြစ်စဉ်အတွင်း နိုင်ငံခြားရောက်နေသူများနှင့် ကျောင်းတက်နေသူများကဲ့သို့ ပင် စာရင်းထဲပါနေသည်ဆိုသည်မှာ လုံးဝမဖြစ်နိုင်သော ကိစ္စရပ်များဖြစ်ပြီး ဘင်္ဂလီ များက စာရင်းပေးသဖြင့်သာ ထိုသို့လိုက်လံဖမ်းဆီးနေခြင်းသည် လွန်စွာ ဆိုးရွာနေ ပြီဖြစ်ကြောင်းသိရသည်။ ဖမ်းဆီးခြင်းကို အမြန်ဆုံးရပ်တန့်ပေးပါရန် ရခိုင်ပြည်နယ်အစိုးရအနေဖြင့် ထုတ် ဖော်ပြောဆိုသင့်ပြီးဖြစ်ကြောင်းလည်းသိရသည်။ ထိုသို့ မရပ်တန့်ပါက ရခိုင်ပြည် နယ်တွင် ဆန္ဒထုတ်ဖော်မှုများထပ်မံဖြစ်ပွားလာနိုင်ကြောင်းလည်း ဒေသခံများက ပြောပါသည်။ ကျောက်တော်၊မြောက်ဦး၊မင်းပြား၊မြေပုံ၊ပေါက်တော အစရှိသော မြို့နယ်များနှင့် ရသေ့တောင်မြို့နယ်တို့တွင်လည်း ထိုသို့နေစဉ်ဖမ်းဆီးခံနေရသူ၈၀ ခန့်ရှိနေပြီဖြစ် ကြောင်းလည်းသိရှိရပါသည်။ မောင်တောမြို့တွင် ရခိုင်ရွာပေါင်း ၁၂ ရွာကို ဘင်္ဂလီများ ၀င်ရောက်မီးရှို့လူသတ်ခဲ့ စဉ်က ပါဝင်ခဲ့သူများမှာ ယနေ့တိုင်ဖမ်းဆီးခြင်းကို မခံရဘဲ လွပ်လပ်စွာလုပ်ကိုင် စားသောက်နေသည်ကို တွေ့ရှိရပါသည်။ ယင်းအတွက် ရခိုင်ပြည်သူများအနေဖြင့် ထိုသို့ ဖမ်းဆီးခြင်းကို လက်ခံမည်မဟုတ်ကြောင်းလည်း နိုင်ငံရေးသမားအသိုင်း အ၀ိုင်းမှ ပြောဆိုကြပါသည်။ ----- ဆက်လက်ဖော်ပြပါသည်။ from RSV

SHARE THIS
Previous Post
Next Post