မင်းပြားမြို့ ၊ရေတံခွန် သိင်္ဂုတ္တရကျောင်းတိုက်ကျေးဇူးရှင်ဆရာတော်ဘဒ္ဒ န္တကောသလ္လ သည် (၁၃၇၄)ခု ၊ တန်ဆောင်းမုန်းလပြည့်ကျော် (၄)ရက် တနင်္ဂနွေည (၈)နာရီ ၊ (၄၀)မိနစ်တွင် ပျံလွန်တော်မူသွားပါကြောင်း သတင်းရရှိပါသည်။ထိုဆရာတော်ဘုရားကြီးသည် ခေါက်ထီးဂိုဏ်း၏ဂိုဏ်းချုပ်ဆရာတော်ဘုရားကြီးဖြစ်ပြီး
သက်တော်(ရ၁)နှစ် ၊ ၀ါတော်(၅၁)၀ါ ရှိပြီဖြစ်ကြောင်း သိရသည်။ယခုအခါ ထိုဆရာတော်ဘုရားကြီး၏ ဈပနသက္ကာလပ်ပွဲတော်အတွက် တကာ၊တကာများနှင့် တပည့်ဆရာတော် ၊ သင်္ယာများက စည်းဝေးတိုင်ပင်လျက်ရှိကြောင်း သိရပါသည်။
