ရခိုင်ပြည်မှ တရုတ်ပြည် ယူနန်အထိ သွယ်တန်းထားသော ရွှေဂတ်စ်ပိုက်
လိုင်းတစ်လျှောက်တွင် ဆုံးရှုံးသွားသော
လယ်ယာများနှင့် အခွင့်အရေးများ
ကို နိုင်ငံတော်အစိုးရမှ ထိထိရောက်ရောက် တာဝန်ယူဖြေရှင်းပေးရန် မြန်မာ-တရုတ်ပိုက်လိုင်းစောင့်ကြည့်ကော်မတီမှ တောင်းဆိုလိုက်ကြောင်း သိရသည်။
ပိုက်လိုင်းကြောင့် ဖြစ်ပေါ်လာသော အန္တရာယ်များနှင့် ဆိုးကျိုးများကို နိုင်ငံတော်အစိုးရအနေနဲ့ လုပ်ဆောင်ပေးရမည်ဟု မြန်မာ-တရုတ်ပိုက်လိုင်းစောင့်ကြည့်ကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကျောက်ဖြူမြို့မှ ကိုထွန်းထွန်းနိုင်က အခုလိုပြောသည်။
" ပိုက်လိုင်းတစ်လျှောက်မှာ လုံခြုံရေးတွေ အဆမတန်တိုးချထားတာတွေ၊ ဆုံးရှုံးသွားတဲ့ လယ်ယာမြေတွေနဲ့ လျော်ကြေးမရသေးတဲ့ လယ်ယာမြေတွေ၊ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတာတွေ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်နေတာတွေကို အဓိကတောင်းဆိုထားပါတယ်။ " ဟု ပြောသည်။
ရန်ကုန်မြို့ ဗဟန်းအားကစားကွင်းနား အာဇာနည်ကုန်းရှေ့ M3 ခန်းမတွင် ဒီဇင်ဘာလ(၂၀)ရက်နေ့မှ (၂၂)နေ့ထိ မြန်မာ-တရုတ်ပိုက်လိုင်းစောင့်ကြည့်ကော်မတီမှ ပြုလုပ်သော ရွှေဂတ်စ်ပိုက်လိုင်း သတင်းစာရှင်းလင်းပွဲတွင် တောင်းဆိုလိုက်ခြင်းဖြစ်သည်။ ဤကော်မတီထဲတွင် ပိုက်လိုင်းဖြတ်သန်းသွားမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားပေါင်းစုံပါဝင်ကြောင်းကိုလည်း သိရသည်။
ယင်းသတင်းစာရှင်းလင်းပွဲတွင် ရွှေဂတ်စ်ပိုက်လိုင်းကြောင့် နစ်နာနေကြသော ဒေသခံပြည်သူများအတွက် အဓိကလိုအပ်မည့် အချက်(၁၀)ချက်ပါသော ကြေငြာချက်တစ်စောင်ကိုလည်း အောက်ပါအတိုင်း ထုတ်ပြန်လိုက်သည်။
၁။ မြေယာသီးနှံလျှော်ကြေးကိစ္စ ၂။ စိုက်ပျိုးမြေကိစ္စ ၃။ လေယာမြေများ လျှော်ကြေးမရရှိတဲ့ ကိစ္စ ၄။ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု ၅။ အစုဖွဲ့ပိုင် သစ်တောထိခိုက်ပျက်စီးမှု ၅။ ပင်လယ်ရေပြင်နှင့် ကမ်းရိုးတန်း တစ်လျှောက် ထိခိုက်ပျက်စီးမှု ၇။ လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးများ ဆုံးရှုံးမှု ၈။
ပိုင်လိုင်းတည်ဆောက်မှု စံချိန်မှီမမှီနှင့် အရည်အသွေးကောင်းမကောင်း ဆန်းစစ်ကြည့်မှု ၉။ လူမှုရေးပြဿနာများ ၁၀။ လမ်းပျက်စီးမှုနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု" စသော အချက်များကို ထုတ်ပြန်လိုက်ကြောင်းသိရသည်။
ဤ(၁၀)ချက်ပါ ကြေငြာချက်များကို သက်ဆိုင်ရာဌာနအသီးသီးနှင့် နိုင်ငံတော်သမ္မတထံသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
Arakan Timesသတင်းဌာန
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
အင်တာနက်ကတဆင့် လိမ်ညာမှုကြောင့် ဒေါ်လာ ၉၃ သန်း ဆုံးရှုံးနစ်နာရ သြစတြေးလျနိုင်ငံမှာ အင်တာနက်ပေါ်ကတဆင့် လိမ်လည်မှုတွေကြောင့် ဒေါ်လာ ၉၃ သန်းလောက် နစ်နာ ဆုံးရှုံးမှု
တိုင်းရင်းသား လက်နက်ကိုင်များနှင့် ၂၀၁၅ မတိုင်ခင် ငြိမ်းချမ်းရေးရရန် ကြိုးပမ်းမည်ဟုဆို Sunday, June 23, 2013 လွန်ခဲ့သော နှစ်ပေါင်း၆၀ကျော် ကာလမှ ယနေ့တိုင် မပြီးဆုံးနိုင်သေး သောတ
တောင်ကုတ်တွင် အစ္စလာမ်ဘာသာဝင် ၁၀ ဦး အသတ်ခံရမှု သံသယရှိသူခြောက်ဦး ဖမ်းဆီးခံရ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် ယမန်နှစ် ဇွန်လဆန်းပိုင်းက အစ္စလာမ်ဘာသာဝင် ၁၀ ဦး အသတ်ခံရမ
ရွှေတိဂုံစေတီတော်ပေါ်သို့ တက်ခဲ့သည့် မခင်မျိုးအား စိတ်ကျန်းမာရေးဆေး ရုံပို့ ရန်ကုန်၊ ဇွန် ၁၆ ၁၅.၆.၂၀၁၃ ရက်နေ့ ၁၂၄၅ အချိန်ခန့်တွင် ဒဂုံမြို့နယ်၊ ဘုရားကြီးရပ် ကွက်၊ ရွှေ
ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇမှ နိုင်ငံတော်သို့ ၁၉၀၇ ကာရက်ရှိ ပတ္တမြား အရိုင်းတုံးကြီး ပေးအပ်လှူဒါန်း မြန်မာ့စီးပွားရေးလုပ်ငန်းရှင် Htoo Group of Companies ဥက္ကဌ ဦးတေဇ အကြိမ်(၅၀)မြောက် ရွှေရတု
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေး အတွက် တာဝန်ယူမည့် အဖွဲ့အစည်းသည် နိုင်ငံနှင့် လူမျိုးအပေါ် သစ္စာစောင့်သိရန် ဒေသခံများ မျှော်လင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေး အတွက် တာဝန်ယူမည့် အဖွဲ့အစည်းသည် လာဘ်ပေးလာဘ်ယူမှု ကင်း
Previous Post
ဝံလက်ဖောင်ဒေးရှင်းမှ ကွန်ပျူတာ သင်တန်းဆင်းပွဲပြုလုပ်
ဝံလက်ဖောင်ဒေးရှင်းမှ ကွန်ပျူတာ သင်တန်းဆင်းပွဲပြုလုပ်
Next Post
ညဉ့်ငှက်ကချေသည့်တို့ရဲ့ လွန်ဆွဲပွဲ
ညဉ့်ငှက်ကချေသည့်တို့ရဲ့ လွန်ဆွဲပွဲ
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)